သမိုင်းတွင် တစ်ကြိမ်မျှမကြုံဖူးသည့် စည်းလုံးညီညွတ်မှုမျိုးရရှိနေပြီဟု NUG ယာယီသမ္မတပြော
▪️ပြည်သူ့အောင်ပွဲဆီသို့ အလွန်ပင်နီးကပ်နေပြီဟု ဝန်ကြီးချုပ်ပြော
နွေဦးဝေ/People’s Spring




မြန်မာ့သမိုင်းတွင် တစ်ကြိမ်မျှ မကြုံဖူးသည့် စည်းလုံးညီညွတ်မှုမျိုးရရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။
NUG ယာယီသမ္မတသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ယနေ့ကျင်းပသော (၃၄)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့အခမ်းအနားသို့တက်ရောက်စဉ် တိုင်းရင်းသားပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက အာဏာရှင်ကို တွန်းလှန်တိုက်ဖျက်ရန် မယုံနိုင် လောက်အောင် ပူးပေါင်းဆောင်ရွက်မှုများရှိနေပြီဟု ထည့်သွင်းပြောကြားသည်။




“အချင်းချင်း အကြားယုံကြည်မှုများပိုမိုတိုးတက်လာပြီဖြစ်ပါတယ်။ အဲဒီရရှိထားတဲ့ စည်းလုံးညီညွတ်မှု အားနဲ့ ရှစ်လေးလုံး သမိုင်းဝင်နေ့ထူးနေ့မြတ်မှာ စစ်တပ်နဲ့ အာဏာရှင်မှန်သမျှကို တွန်းလှန်ဖြိုခွင်းပြီး စစ်မှန်တရားမျှတတဲ့ ၊ စစ်မက်မရှိတော့တဲ့၊ တိုးတက်ထွန်းကားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကြီးကို တည်ဆောက်သွားကြပါစို့”ဟု ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းသည်။
ဆက်လက်ပြီး အကြမ်းဖက်ရမ်းကားသောနည်းလမ်းများဖြင့် ပြည်သူကို သတ်ဖြတ်နှိပ်စက်ပြီး အာဏာရှင်လူတစုကောင်းစားရေးအတွက် တိုင်းပြည်ကို အဓမ္မအုပ်ချုပ်ရန် စိတ်ကူးယဉ်နေသေးပါက ယခုထက် အဆမတန်ကြီးမားသည့် ပြည်သူ့သစ္စာစူးကာ အမြစ်ပြတ်ချေမှုန်းမှုကို မကြာခင်ခံရတော့မည် ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။




“အခုနှစ်မှာတော့ တော်လှန်ရေးစိတ်ဟာ လူထုလူတန်းစားအားလုံးရင်ထဲ ပိုမို ကိန်းဝပ်နေပြီး ပြည်သူ့အောင်ပွဲမှတပါး အခြားမရှိဆိုတဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက်နေကြတဲ့ အချိန်ကာလဖြစ်ပါတယ်။ ၁၉၈၈ လူထုတော် လှန်ရေးက ပုခုံးထမ်းတင်ပေးလိုက်တဲ့ ယခုနွေဦးတော် လှန်ရေးဟာ စစ်အာဏာရှင်တွေ နိဂုံးချုပ်ပြီး ပြည်သူ့အောင်ပွဲဆီသို့ အလွန်ပင်နီးကပ်နေပြီဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့်ကလည်း ယခုနွေဦးတော်လှန်ရေးတွင် ခေတ်အဆက်ဆက်တိုင်းပြည်ကို ဖျက်ဆီးခဲ့သောစစ်အာဏာရှင်များနှင့် အပေါင်းအပါများကို အမြစ်ဖြတ်ရမည့် နောက်ဆုံးတိုက်ပွဲအဖြစ် ကြိုးပမ်းသွားရမည်ဟု တိုက်တွန်းသည်။




တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်အောင် ဖျက်ဆီးခဲ့သည့်အပြင် နိုင်ငံတကာက ပါ လက်ညှိုးထိုးဖယ်ကြဉ်ခံနေရသော အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီသည် တိုင်းပြည်ကို အလုံးစုံ ပျက်သုဉ်းရေးဆီကို တင်သွင်းပို့နေပြီဖြစ်ကြောင်း အထက်ပါ CRPH ဥက္ကဌက ပြောသည်။
“အဓမ္မသမားတွေ ကျဆုံးဖို့ အချိန်ကျရောက်နေပါပြီ။ ဓမ္မဘက်တော်သားများရဲ့ အောင်လံလွှင့်ထူနိုင်ဖို့ မိမိတို့ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနဲ့ တိုင်းရင်းသား မိဘပြည်သူအားလုံး ညီညီညွတ်ညွတ်နဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြပါစို့” ဟု ၎င်းက ဆက်လက်တိုက်တွန်းသည်။
Crd
Unicode
သမိုင္းတြင္ တစ္ႀကိမ္မၽွမၾကဳံဖူးသည့္ စည္းလုံးညီညြတ္မႈမ်ိဳးရရွိေနၿပီဟု NUG ယာယီသမၼတေျပာ
ျပည္သူ႔ေအာင္ပြဲဆီသို႔ အလြန္ပင္နီးကပ္ေနၿပီဟု ဝန္ႀကီးခ်ဳပ္ေျပာ
ေႏြဦးေဝ/People’s Spring




ျမန္မာ့သမိုင္းတြင္ တစ္ႀကိမ္မၽွ မၾကဳံဖူးသည့္ စည္းလုံးညီညြတ္မႈမ်ိဳးရရွိေနၿပီျဖစ္ေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ ယာယီသမၼတဒူဝါလရွီးလက ေျပာၾကားသည္။
NUG ယာယီသမၼတသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ ယေန႔က်င္းပေသာ (၃၄)ႏွစ္ေျမာက္ ရွစ္ေလးလုံးအေရးေတာ္ပုံေန႔အခမ္းအနားသို႔တက္ေရာက္စဥ္ တိုင္းရင္းသားျပည္သူလူထုႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အင္အားစုမ်ားက အာဏာရွင္ကို တြန္းလွန္တိုက္ဖ်က္ရန္ မယုံနိုင္ ေလာက္ေအာင္ ပူးေပါင္းေဆာင္ရြက္မႈမ်ားရွိေနၿပီဟု ထည့္သြင္းေျပာၾကားသည္။




“အခ်င္းခ်င္း အၾကားယုံၾကည္မႈမ်ားပိုမိုတိုးတက္လာၿပီျဖစ္ပါတယ္။ အဲဒီရရွိထားတဲ့ စည္းလုံးညီညြတ္မႈ အားနဲ႔ ရွစ္ေလးလုံး သမိုင္းဝင္ေန႔ထူးေန႔ျမတ္မွာ စစ္တပ္နဲ႔ အာဏာရွင္မွန္သမၽွကို တြန္းလွန္ၿဖိဳခြင္းၿပီး စစ္မွန္တရားမၽွတတဲ့ ၊ စစ္မက္မရွိေတာ့တဲ့၊ တိုးတက္ထြန္းကားတဲ့ ဖက္ဒရယ္ျပည္ေထာင္စု ႀကီးကို တည္ေဆာက္သြားၾကပါစို႔”ဟု ယာယီသမၼတဒူဝါလရွီးလက တိုက္တြန္းသည္။
ဆက္လက္ၿပီး အၾကမ္းဖက္ရမ္းကားေသာနည္းလမ္းမ်ားျဖင့္ ျပည္သူကို သတ္ျဖတ္ႏွိပ္စက္ၿပီး အာဏာရွင္လူတစုေကာင္းစားေရးအတြက္ တိုင္းျပည္ကို အဓမၼအုပ္ခ်ဳပ္ရန္ စိတ္ကူးယဥ္ေနေသးပါက ယခုထက္ အဆမတန္ႀကီးမားသည့္ ျပည္သူ႔သစၥာစူးကာ အျမစ္ျပတ္ေခ်မႈန္းမႈကို မၾကာခင္ခံရေတာ့မည္ ဟု ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ေျပာၾကားသည္။




“အခုႏွစ္မွာေတာ့ ေတာ္လွန္ေရးစိတ္ဟာ လူထုလူတန္းစားအားလုံးရင္ထဲ ပိုမို ကိန္းဝပ္ေနၿပီး ျပည္သူ႔ေအာင္ပြဲမွတပါး အျခားမရွိဆိုတဲ့ စိတ္ဓာတ္နဲ႔ ေရွ႕ဆက္ေနၾကတဲ့ အခ်ိန္ကာလျဖစ္ပါတယ္။ ၁၉၈၈ လူထုေတာ္ လွန္ေရးက ပုခုံးထမ္းတင္ေပးလိုက္တဲ့ ယခုေႏြဦးေတာ္ လွန္ေရးဟာ စစ္အာဏာရွင္ေတြ နိဂုံးခ်ဳပ္ၿပီး ျပည္သူ႔ေအာင္ပြဲဆီသို႔ အလြန္ပင္နီးကပ္ေနၿပီျဖစ္ပါတယ္” ဟု ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္က ဆိုသည္။
ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဥကၠဌ ဦးေအာင္ၾကည္ညြန႔္ကလည္း ယခုေႏြဦးေတာ္လွန္ေရးတြင္ ေခတ္အဆက္ဆက္တိုင္းျပည္ကို ဖ်က္ဆီးခဲ့ေသာစစ္အာဏာရွင္မ်ားႏွင့္ အေပါင္းအပါမ်ားကို အျမစ္ျဖတ္ရမည့္ ေနာက္ဆုံးတိုက္ပြဲအျဖစ္ ႀကိဳးပမ္းသြားရမည္ဟု တိုက္တြန္းသည္။




တိုင္းျပည္စီးပြားေရး ကေမာက္ကမ ျဖစ္ေအာင္ ဖ်က္ဆီးခဲ့သည့္အျပင္ နိုင္ငံတကာက ပါ လက္ညႇိုးထိုးဖယ္ၾကဥ္ခံေနရေသာ အၾကမ္းဖက္ဖက္ဆစ္စစ္ေကာင္စီသည္ တိုင္းျပည္ကို အလုံးစုံ ပ်က္သုဥ္းေရးဆီကို တင္သြင္းပို႔ေနၿပီျဖစ္ေၾကာင္း အထက္ပါ CRPH ဥကၠဌက ေျပာသည္။
“အဓမၼသမားေတြ က်ဆုံးဖို႔ အခ်ိန္က်ေရာက္ေနပါၿပီ။ ဓမၼဘက္ေတာ္သားမ်ားရဲ့ ေအာင္လံလႊင့္ထူနိုင္ဖို႔ မိမိတို႔ ေတာ္လွန္ေရးအင္အားစုမ်ား၊ နိုင္ငံေရးပါတီမ်ား၊ အဖြဲ႕အစည္းမ်ားနဲ႔ တိုင္းရင္းသား မိဘျပည္သူအားလုံး ညီညီညြတ္ညြတ္နဲ႔ ဆက္လက္ႀကိဳးပမ္းေဆာင္ရြက္သြားၾကပါစို႔” ဟု ၎က ဆက္လက္တိုက္တြန္းသည္။
Crd