သမိုင်းထဲက ၈၈၈၈ နေ့စွဲနဲ့ပတ်သက်ပြီး မေ့လျော့နေတာတွေကို သတိပေးလိုက်တဲ့ လူရွှင်တော် စိန်သီး

News

သမိုင်းထဲက ၈၈၈၈ နေ့စွဲနဲ့ပတ်သက်ပြီး မေ့လျော့နေတာတွေကို သတိပေးလိုက်တဲ့ လူရွှင်တော် စိန်သီး

ပရိသတ်ကြီးရေ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သီးလေးသီး လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။

နိုင်ငံရေးကိုပဲ အဓိကထား ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့ နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ်။

သီးလေးသီးအဖွဲ့ကိုတော့ စိန်သီး၊ပန်းသီး၊ဇီးသီး၊ကြယ်သီး အစရှိတဲ့ လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

သီးလေးသီးအဖွဲ့ဝင်ထဲက လူရွှင်တော် စိန်သီး ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လူရွှင်တော် စိန်သီး ကတော့ ၈၈ နေ့စွဲနဲ့ပတ်သက်ပြီး ပြည်သူတွေမေ့နေတာကို အခုလိုပဲသတိပေးလိုက်ပါတယ်။

“၈ ၈ ၈ ၈ အမှောင်မိုးချုပ်မှာ နှောင်ကြိုးတုပ်ခံရတဲ ၈၈ ….. ပြည်သူ့ကံကြမ္မာ ရင်နာနာ နဲ့ အော် ဟစ်ခဲ့တဲ့ ၈၈ …..ပြည်သူ့ဘဝ သုည ကစခဲ့ရတဲ့ ၈၈ …..

အာဏာရှင် ကို တွန်းလှန်ခဲ့တဲ့ ၈၈ …..စစ်ဖိနပ် အောက်က ရုံထခဲ့တဲ့ ၈၈ …..ပြည်သူ့ နှလုံးသား တွေအတွင်းကြေ ကြေတဲ့နေ့ ၈၈ …..

ငါ တို့ အား လုံး ဘယ် တော့ မှ မ မေ့ ဒီ လို့ နေ့ လေး တစ် နေ့အရေးတော်ပုံအောင်ရမည် ………..” လို့ စိန်သီး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

Crd

Unicode











Crd

Leave a Reply

Your email address will not be published.