NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲ အခမ်းအနား

News

NUG ၾသစေၾတးလ်ႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္႐ုံးဖြင့္ပြဲ အခမ္းအနား

ဆစ္ဒနီ၊ မဲလ္ဘန္း၊ ကင္ဘာရာၿမိဳ႕မ်ားမွ ျမန္မာမိသားစုမ်ား စုံစုံညီညီ တက္ေရာက္ႏိုင္ရန္ ရည္႐ြယ္ျပဳလုပ္သည့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ၾသစေၾတးလ်ႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္႐ုံး၊ ႐ုံးဖြင့္ပြဲ အခမ္းအနားကို ကင္ဘာရာၿမိဳ႕၊ ကင္ဘာရာေကာလိပ္ ခန္းမတြင္ ၂၀၂၂ ခုႏွစ္၊ ၾသဂုတ္လ (၆) ရက္၊ စေနေန႔ မြန္းလြဲ ၁၂ နာရီတြင္ က်င္းပျပဳလုပ္ခဲ့ရာ ျမန္မာျပည္ဖြား၊

ျမန္မာႏြယ္ဖြား မိသားစုမ်ား စုစုေပါင္း လူဦးေရ ၅၀၀ ေက်ာ္ျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ခဲ့ၿပီး ၾသစေၾတးလ် ေႏြဦးေတာ္လွန္ေရးမိသားစုမ်ား၏ စည္းလုံးညီၫြတ္မႈ၊ ျမန္မာ့အေရးအတြက္ အားစိုက္ခြန္စိုက္ တတပ္တအား ႀကိဳးပမ္းေနမႈမ်ားကို ျပသႏိုင္ခဲ့ပါသည္။

ဤအခမ္းအနားတြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္၊ တရားေရးဝန္ႀကီး ဦးသိန္းဦးတို႔က သဝဏ္လႊာမ်ား ေပးပို႔ခဲ့ၾကၿပီး၊ လူအခြင့္အေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ခြန္းဗဟန္းထန္ ကိုယ္တိုင္တက္ေရာက္ကာ အမွာစကားေျပာၾကားေပးခဲ့ပါသည္။

CRPH/NUG Support Group (Australia) ႏွင့္ Ethnic Advisory Council ကိုယ္စား Australian Karen Organisation ၏ National President ျဖစ္သူ ဆရာေစာလြင္ဦးက လည္းေကာင္း၊ အကယ္ဒမီ မင္းေမာ္ကြန္းကလည္းေကာင္း အမွာစကားမ်ား ေျပာၾကားေပးခဲ့ၾကပါသည္။

႐ုံးျဖစ္ေပၚလာရပုံႏွင့္ ေဆာင္႐ြက္မည့္ လုပ္ငန္းစဥ္ အခ်ိဳ႕ကို ကိုယ္စားလွယ္ ေဒါက္တာထြန္းေအာင္ေ႐ႊက ရွင္းလင္းတင္ျပခဲ့ပါသည္။

ဤအခမ္းအနားတြင္ ျပင္သစ္ေရာက္ ျမန္မာမိသားစုမ်ားႏွင့္ Global Myanmar Spring Revolution (GMSR) အင္အားစုမ်ားက ဩစေၾတးလ်ရွိ ေႏြဦးေတာ္လွန္ေရး မိသားစုမ်ားအတြက္၊ ႐ုံးဖြင့္ပြဲအတြက္ ေပးပို႔သည့္ ဂုဏ္ျပဳပန္းျခင္းမ်ား လက္ခံရရွိခဲ့ပါသည္။

NUG Representative office-Australia

Unicode
NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲ အခမ်းအနား

ဆစ်ဒနီ၊ မဲလ်ဘန်း၊ ကင်ဘာရာမြို့များမှ မြန်မာမိသားစုများ စုံစုံညီညီ တက်ရောက်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၊ ရုံးဖွင့်ပွဲ အခမ်းအနားကို ကင်ဘာရာမြို့၊ ကင်ဘာရာကောလိပ် ခန်းမတွင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၆) ရက်၊ စနေနေ့ မွန်းလွဲ ၁၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာပြည်ဖွား၊

မြန်မာနွယ်ဖွား မိသားစုများ စုစုပေါင်း လူဦးရေ ၅၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး သြစတြေးလျ နွေဦးတော်လှန်ရေးမိသားစုများ၏ စည်းလုံးညီညွတ်မှု၊ မြန်မာ့အရေးအတွက် အားစိုက်ခွန်စိုက် တတပ်တအား ကြိုးပမ်းနေမှုများကို ပြသနိုင်ခဲ့ပါသည်။

ဤအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ တရားရေးဝန်ကြီး ဦးသိန်းဦးတို့က သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး၊ လူအခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် ကိုယ်တိုင်တက်ရောက်ကာ အမှာစကားပြောကြားပေးခဲ့ပါသည်။

CRPH/NUG Support Group (Australia) နှင့် Ethnic Advisory Council ကိုယ်စား Australian Karen Organisation ၏ National President ဖြစ်သူ ဆရာစောလွင်ဦးက လည်းကောင်း၊ အကယ်ဒမီ မင်းမော်ကွန်းကလည်းကောင်း အမှာစကားများ ပြောကြားပေးခဲ့ကြပါသည်။ ရုံးဖြစ်ပေါ်လာရပုံနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ် အချို့ကို ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ရှင်းလင်းတင်ပြခဲ့ပါသည်။

ဤအခမ်းအနားတွင် ပြင်သစ်ရောက် မြန်မာမိသားစုများနှင့် Global Myanmar Spring Revolution (GMSR) အင်အားစုများက ဩစတြေးလျရှိ နွေဦးတော်လှန်ရေး မိသားစုများအတွက်၊ ရုံးဖွင့်ပွဲအတွက် ပေးပို့သည့် ဂုဏ်ပြုပန်းခြင်းများ လက်ခံရရှိခဲ့ပါသည်။

NUG Representative office-Australia

Crd

Leave a Reply

Your email address will not be published.