နယူးေယာက္ၿမိဳ႕တြင္“မၿပီးဆုံးေသးတဲ့ ၈ ေလးလုံးလူထုလြတ္ေျမာက္ေရး ဒို႔အတူ႐ုန္း”ဟုေႂကြးေၾကာ္ကာ ၈ ေလးလုံး ႏွစ္ပတ္လည္ေန႔အျဖစ္ ခ်ီတက္ ဆႏၵျပ
ၾသဂုတ္လ ၈ ရက္ေန႔။
အေမရိကန္ ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕ရွိ ဒီမိုကေရစီ လိုလားသူမ်ားႏွင့္ ျမန္မာျပည္သူမ်ားက ၈ ေလးလုံးႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အေနျဖင့္ စစ္အာ ဏာရွင္စနစ္ဆန႔္က်င္ေရးႏွင့္ ဒီမိုကေရစီရရွိေရးအတြက္ ဆႏၵျပခ်ီတက္ပြဲကို ဩဂုတ္လ ၇ ရက္ (အေမရိကန္စံေတာ္ ခ်ိန္)တြင္ ျပဳလုပ္ခဲ့ၾကသည္။




ယေန႔ဩဂုတ္လ (၈) ရက္ဟာ ျမန္မာ့ႏိုင္ငံေရးသမိုင္းမွာ အထင္ကရ ေန႔ရက္တစ္ခုျဖစ္တဲ့ ရွစ္ေလးလုံး (၈၈၈၈) လူထုအေရးေတာ္ပုံႀကီး (၃၄) ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ ျဖစ္ပါသည္။
ျမန္မာ့ႏိုင္ငံေရးမွာ ရွစ္ေလးလုံး အေရးေတာ္ပုံႀကီးရဲ႕ အခန္းက႑က ေလးနက္စြာ မွတ္တမ္းတင္ထားရမယ့္ လူထုသမိုင္းမွတ္တိုင္ႀကီးလည္း ျဖစ္ပါတယ္။ ဒီအေရးေတာ္ပုံႀကီးအတြင္းမွာ လူထုတိုက္ပြဲအင္အားေၾကာင့္ အာဏာရွင္ သမၼတဆိုး (၃) ေယာက္ဆက္တိုက္ ျပဳတ္ၾကတဲ့အထိ လႈပ္ရွားႏိုင္ခဲ့ၿပီး တစ္ပါတီအာဏာရွင္စနစ္ကို အဆုံးသတ္ႏိုင္ခဲ့ပါသည္။
ဒီရွစ္ေလးလုံးအေရးေတာ္ပုံႀကီး (၃၄) ႏွစ္ျပည့္ေျမာက္တဲ့ အခ်ိန္ကာလမွာလည္း ျပည္သူလူထုဟာ သမိုင္းတေက်ာ့ျပန္အေနနဲ႔ စစ္အာဏာရွင္စနစ္ကို တြန္းလွန္ တိုက္ပြဲဝင္ေနၾကရျပန္ပါတယ္။




ယခု ေႏြဦးေတာ္လွန္ေရးႀကီးမွာေတာ့ အာဏာရွင္စနစ္ေပါင္းစုံကို တြန္းလွန္ၾကတဲ့ေနရာမွာ အဆုံးသတ္တိုက္ပြဲအျဖစ္ မွတ္ယူၿပီး (၈၈) က မၿပီးဆုံးေသးတဲ့ တိုက္ပြဲအလံေတာ္ကို ဆက္လက္ သယ္ေဆာင္ေနၾကျခင္း၊ လႊင့္ထူေနၾကျခင္းလည္း ျဖစ္ပါသည္။
ဒါေၾကာင့္ ဒီသမိုင္းဝင္ ရွစ္ေလးလုံးအေရးေတာ္ပုံႀကီး (၃၄) ႏွစ္ျပည့္အခါသမယမွာ ျပည္သူလူထုတစ္ရပ္လုံးအေနနဲ႔ (၈၈၈၈) အေရးေတာ္ပုံရဲ႕ တိုက္ပြဲဝင္ စိတ္ဓာတ္ေတြကို ထုံမႊမ္းရယူ၊ လက္ဆင့္ကမ္း သယ္ေဆာင္ၿပီး စစ္အာဏာရွင္စနစ္ဆိုးကို အျမစ္ကေန တြန္းလွန္လို႔ ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံေတာ္သစ္တစ္ရပ္ကို ပုံေဖာ္ထုဆစ္ၾကဖို႔၊ ေတာ္လွန္ေရးမွာ က႑အသီးသီးကေန အတူ ႐ုန္းကန္ ေဆာင္႐ြက္ၾကဖို႔ အထူး တိုက္တြန္းႏႈိးေဆာ္လိုပါတယ္ခင္ဗ်ာ။




ႏိုင္ငံတကာအစိုးရမ်ားႏွင့္ အသိုင္းအဝိုင္းမ်ားအေနျဖင့္လည္း ျမန္မာျပည္သူတစ္ရပ္လုံးရဲ႕ ရန္သူ ဖက္ဆစ္ စစ္အုပ္စုကို ပတ္သက္ ဆက္ဆံျခင္းမျပဳဘဲ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) အပါအဝင္ ေတာ္လွန္ေရး အင္အားစုမ်ားကို ေထာက္ခံ ကူညီသြားျခင္းျဖင့္ ျပည္သူ႔ဆႏၵကို အေလးထားေၾကာင္း ျပသေပးၾကပါရန္ အေလးအနက္ ႏႈိးေဆာ္လိုက္ရပါသည္။
ဒါေၾကာင့္ ရွစ္ေလးလုံးအေရးေတာ္ပုံႀကီးရဲ႕ ေတာ္လွန္စိတ္ကို ႏွလုံးသြင္းၿပီး ျပည္သူလူထု တစ္ရပ္လုံးရဲ႕ ေတာ္လွန္ေရးလႈပ္ရွားမႈမ်ားအျဖစ္ သံပုံးတီးျခင္း၊ လူထုလႈပ္ရွားမႈမ်ား ေဖာ္ေဆာင္ျခင္းျဖင့္ ပါဝင္ေတာ္လွန္ၾကပါရန္ ေဆာ္ဩလိုက္ရပါသည္။
Unicode
နယူးယောက်မြို့တွင်“မပြီးဆုံးသေးတဲ့ ၈ လေးလုံးလူထုလွတ်မြောက်ရေး ဒို့အတူရုန်း”ဟုကြွေးကြော်ကာ ၈ လေးလုံး နှစ်ပတ်လည်နေ့အဖြစ် ချီတက် ဆန္ဒပြ
သြဂုတ်လ ၈ ရက်နေ့။
အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ဒီမိုကရေစီ လိုလားသူများနှင့် မြန်မာပြည်သူများက ၈ လေးလုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေဖြင့် စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြချီတက်ပွဲကို ဩဂုတ်လ ၇ ရက် (အမေရိကန်စံတော် ချိန်)တွင် ပြုလုပ်ခဲ့ကြသည်။




ယနေ့ဩဂုတ်လ (၈) ရက်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်ကရ နေ့ရက်တစ်ခုဖြစ်တဲ့ ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အခန်းကဏ္ဍက လေးနက်စွာ မှတ်တမ်းတင်ထားရမယ့် လူထုသမိုင်းမှတ်တိုင်ကြီးလည်း ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးအတွင်းမှာ လူထုတိုက်ပွဲအင်အားကြောင့် အာဏာရှင် သမ္မတဆိုး (၃) ယောက်ဆက်တိုက် ပြုတ်ကြတဲ့အထိ လှုပ်ရှားနိုင်ခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ခဲ့ပါသည်။




ဒီရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်မြောက်တဲ့ အချိန်ကာလမှာလည်း ပြည်သူလူထုဟာ သမိုင်းတကျော့ပြန်အနေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ပွဲဝင်နေကြရပြန်ပါတယ်။
ယခု နွေဦးတော်လှန်ရေးကြီးမှာတော့ အာဏာရှင်စနစ်ပေါင်းစုံကို တွန်းလှန်ကြတဲ့နေရာမှာ အဆုံးသတ်တိုက်ပွဲအဖြစ် မှတ်ယူပြီး (၈၈) က မပြီးဆုံးသေးတဲ့ တိုက်ပွဲအလံတော်ကို ဆက်လက် သယ်ဆောင်နေကြခြင်း၊ လွှင့်ထူနေကြခြင်းလည်း ဖြစ်ပါသည်။
ဒါကြောင့် ဒီသမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကို ထုံမွှမ်းရယူ၊ လက်ဆင့်ကမ်း သယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ကနေ တွန်းလှန်လို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ်ကို ပုံဖော်ထုဆစ်ကြဖို့၊ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးကနေ အတူ ရုန်းကန် ဆောင်ရွက်ကြဖို့ အထူး တိုက်တွန်းနှိုးဆော်လိုပါတယ်ခင်ဗျာ။




နိုင်ငံတကာအစိုးရများနှင့် အသိုင်းအဝိုင်းများအနေဖြင့်လည်း မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ရန်သူ ဖက်ဆစ် စစ်အုပ်စုကို ပတ်သက် ဆက်ဆံခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများကို ထောက်ခံ ကူညီသွားခြင်းဖြင့် ပြည်သူ့ဆန္ဒကို အလေးထားကြောင်း ပြသပေးကြပါရန် အလေးအနက် နှိုးဆော်လိုက်ရပါသည်။
ဒါကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တော်လှန်စိတ်ကို နှလုံးသွင်းပြီး ပြည်သူလူထု တစ်ရပ်လုံးရဲ့ တော်လှန်ရေးလှုပ်ရှားမှုများအဖြစ် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် ပါဝင်တော်လှန်ကြပါရန် ဆော်ဩလိုက်ရပါသည်။
Crd