ဒိုက်ထိုးမလား၊ စာဖတ်မလား ပြီးရင် လက်ဖက်ရည်နှင့် မုန့်တစ်ခုအခမဲ့စားဖို့ တုံကင်တစ်ခုရမယ်
လက်ဖက်ရည်နှင့် မုန့်တစ်ခုအခမဲ့စားဖို့ ဒိုက်ထိုးမလား၊ စာဖတ်မလား
လူထုတော်လှန်ရေး မဟာမိတ်အင်အားစု ( မကွေး ) People’s Revolution Alliance ( PRA – Magway )သည်




တပ်တွင်းတွင် တော်လှန်ရေးရဲဘော်များအတွက် တပ်တွင်းလက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို
သြဂုတ် ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း PRA – Magway မှသိရသည်။
“ PRA တပ်တွင်းလက်ဖက်ဆိုင်မှာ ရဲဘော်တွေက ပိုက်ဆံရှိစရာမလိုဘူး။ စာအုပ်ဖတ်ဖို့ကို ပိုပြီးဦးစားပေးတယ်။
စာအုပ်ဖတ်ပါပြီးရင်နိုင်ငံရေးမှူးဆီမှာ သူတို့ကဘယ်လိုအကြောင်းအရာတွေကိုဖတ်ခဲ့လဲ ဘယ်လိုခံစားရလဲ ဘယ်လိုသင်ခန်းစာရသလဲစသည်ဖြင့်
အကြောင်းရာတွေကို အဆိုင်းမန့်သဘောပြန်ပြီးတော့တင်ရမယ်။ ဒါမှမဟုတ်ပါးစပ်နဲ့ပြောပြရမယ်။




နိုင်ငံရေးမှူးကသဘောကျတယ်ဆိုရင် တုံကင်တစ်ခုရမယ်။ အဲတုံကင်နဲ့ လက်ဖက်ဆိုင်မှာ ကော်ဖီ/လက်ဖက်ရည်နဲ့ မုန့်တစ်ခုရပါမယ်။
တကယ်လို့စာဖတ်ချိန်မရဘူး စာဖတ်လို့မပြီးသေးဘူးဆိုရင် ဒိုက်၃၀ထိုးပြီးတော့ လက်ဖက်ရည်နဲ့မုန့်စားလို့ရပါတယ်” ဟု
PRA-မကွေး၏ စစ်ရေးဆိုင်ရာတာဝန်ခံ ကိုဟာဂျူလီကဆိုသည်။
တပ်တွင်းလက်ဖက်ရည်ဆိုင်ကြောင့် ရဲဘော်များ ဒိုက်ထိုးသည့်အတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိလာသလို
စာဖတ်ပြီး လက်ဖက်ရည်သောက်သည့်ရဲဘော်များအတွက်လည်း ဗဟုသုတတိုးပွားလာသလို




တော်လှန်ရေးနှင့်ပတ်သက်သည့် ရပ်တည်ချက်၊ ခံယူချက်များလည်း ခိုင်မာလာပြီး စိတ်အပန်းလည်းပြေစေနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
“ တောထဲမှာရောက်နေတဲ့ တော်လှန်ရေးရဲဘော်တွေအတွက်က လက်ဖက်ရည်ဆိုင်ဆိုတာမျိုးက ကိုယ်နဲ့မဆိုင်သလိုဖြစ်နေတယ်။
တော်လှန်ရေးတပ်သားဆိုတာ လက်ဖက်ရည်နဲ့မဆိုင်ဘူး။ ဒါက မြို့ပေါ်မှာနေတဲ့ သူတွေနဲ့ပဲသက်ဆိုင်ဆိုပြီးစိတ်ခံစားကြတယ်။
တောထဲမှာလဲ တပ်အလုပ်တွေအရမ်းများတယ်။ ပင်ပန်းတယ်။ စိတ်ဖိစီးမှုတွေရှိတယ်။
ဒီအတွက်ကျနော်တို့က စိတ်ထွက်ပေါက်လေးတစ်ခုခုရစေချင်တယ်။ အိမ်အလွမ်းလဲ ပြေစေတာပေါ့ “ ဟု ကိုဟာဂျူလီကရှင်းပြသည်။




တပ်တွင်းစာကြည့်တိုက်ကို ပထမဦးစွာပြုလုပ်ခဲ့ပြီးနောက် ထိုင်ခုံနှစ်ခုံသုံးခုံဖြင့်သာ တပ်တွင်းလက်ဖက်ဆိုင်ကို အခက်အခဲမျိုးစုံကြားမှ
တကယ့်လက်ဖက်ရည်ဆိုင် ခံစားမှုမျိုးရရှိစေရန်အတွက် PRA – Magwayမှ ခေါင်းဆောင်များကစီစဥ်ပေးခဲ့ခြင်းဖြစ်သည်။
လက်ဖက်ရည်ဆိုင်ဆိုသည်မှာ လူငယ်များ၏ နားခိုရာ၊ အချင်းချင်းတွေ့ဆုံရာ၊ တစ်နေကုန်ပင်ပန်းခဲ့သမျှ
အပန်းဖြေရာနေရာတစ်ခုအဖြစ် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လက်ဖက်ရည်ဆိုင်ထိုင်ကြလေ့ရှိသည်။
လူထုတော်လှန်ရေး မဟာမိတ်အင်အားစု ( မကွေး ) People’s Revolution Alliance ( PRA – Magway )သည်




၂၀၂၁ မတ်လ ၂၈ ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပြီး သက်တမ်းတစ်နှစ်ကျော်ကြာ မကွေးတိုင်းထဲတွင်လှုပ်ရှားနေသည့်
တော်လှန်ရေးတပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်လျက်ရှိကာ တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး
အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။
Photo – PRA_Magway
Credit
Zawgyi
ဒိုက္ထိုးမလား၊ စာဖတ္မလား ၿပီးရင္ လက္ဖက္ရည္ႏွင့္ မုန္႔တစ္ခုအခမဲ့စားဖို႔ တုံကင္တစ္ခုရမယ္
လက္ဖက္ရည္ႏွင့္ မုန္႔တစ္ခုအခမဲ့စားဖို႔ ဒိုက္ထိုးမလား၊ စာဖတ္မလား
လူထုေတာ္လွန္ေရး မဟာမိတ္အင္အားစု ( မေကြး ) People’s Revolution Alliance ( PRA – Magway )သည္




တပ္တြင္းတြင္ ေတာ္လွန္ေရးရဲေဘာ္မ်ားအတြက္ တပ္တြင္းလက္ဖက္ရည္ဆိုင္ တစ္ဆိုင္ကို
ၾသဂုတ္ ၄ ရက္ေန႔က စတင္ဖြင့္လွစ္ခဲ့ေၾကာင္း PRA – Magway မွသိရသည္။
“ PRA တပ္တြင္းလက္ဖက္ဆိုင္မွာ ရဲေဘာ္ေတြက ပိုက္ဆံရွိစရာမလိုဘူး။ စာအုပ္ဖတ္ဖို႔ကို ပိုၿပီးဦးစားေပးတယ္။
စာအုပ္ဖတ္ပါၿပီးရင္ႏိုင္ငံေရးမႉးဆီမွာ သူတို႔ကဘယ္လိုအေၾကာင္းအရာေတြကိုဖတ္ခဲ့လဲ ဘယ္လိုခံစားရလဲ ဘယ္လိုသင္ခန္းစာရသလဲစသည္ျဖင့္
အေၾကာင္းရာေတြကို အဆိုင္းမန္႔သေဘာျပန္ၿပီးေတာ့တင္ရမယ္။ ဒါမွမဟုတ္ပါးစပ္နဲ႔ေျပာျပရမယ္။
ႏိုင္ငံေရးမႉးကသေဘာက်တယ္ဆိုရင္ တုံကင္တစ္ခုရမယ္။ အဲတုံကင္နဲ႔ လက္ဖက္ဆိုင္မွာ ေကာ္ဖီ/လက္ဖက္ရည္နဲ႔ မုန္႔တစ္ခုရပါမယ္။




တကယ္လို႔စာဖတ္ခ်ိန္မရဘူး စာဖတ္လို႔မၿပီးေသးဘူးဆိုရင္ ဒိုက္၃၀ထိုးၿပီးေတာ့ လက္ဖက္ရည္နဲ႔မုန္႔စားလို႔ရပါတယ္” ဟု
PRA-မေကြး၏ စစ္ေရးဆိုင္ရာတာဝန္ခံ ကိုဟာဂ်ဴလီကဆိုသည္။
တပ္တြင္းလက္ဖက္ရည္ဆိုင္ေၾကာင့္ ရဲေဘာ္မ်ား ဒိုက္ထိုးသည့္အတြက္ ကိုယ္ခႏၶာႀကံ့ခိုင္မႈရွိလာသလို
စာဖတ္ၿပီး လက္ဖက္ရည္ေသာက္သည့္ရဲေဘာ္မ်ားအတြက္လည္း ဗဟုသုတတိုးပြားလာသလို
ေတာ္လွန္ေရးႏွင့္ပတ္သက္သည့္ ရပ္တည္ခ်က္၊ ခံယူခ်က္မ်ားလည္း ခိုင္မာလာၿပီး စိတ္အပန္းလည္းေျပေစႏိုင္ရန္ ရည္႐ြယ္ေၾကာင္း သိရသည္။




“ ေတာထဲမွာေရာက္ေနတဲ့ ေတာ္လွန္ေရးရဲေဘာ္ေတြအတြက္က လက္ဖက္ရည္ဆိုင္ဆိုတာမ်ိဳးက ကိုယ္နဲ႔မဆိုင္သလိုျဖစ္ေနတယ္။
ေတာ္လွန္ေရးတပ္သားဆိုတာ လက္ဖက္ရည္နဲ႔မဆိုင္ဘူး။ ဒါက ၿမိဳ႕ေပၚမွာေနတဲ့ သူေတြနဲ႔ပဲသက္ဆိုင္ဆိုၿပီးစိတ္ခံစားၾကတယ္။
ေတာထဲမွာလဲ တပ္အလုပ္ေတြအရမ္းမ်ားတယ္။ ပင္ပန္းတယ္။ စိတ္ဖိစီးမႈေတြရွိတယ္။
ဒီအတြက္က်ေနာ္တို႔က စိတ္ထြက္ေပါက္ေလးတစ္ခုခုရေစခ်င္တယ္။ အိမ္အလြမ္းလဲ ေျပေစတာေပါ့ “ ဟု ကိုဟာဂ်ဴလီကရွင္းျပသည္။
တပ္တြင္းစာၾကည့္တိုက္ကို ပထမဦးစြာျပဳလုပ္ခဲ့ၿပီးေနာက္ ထိုင္ခုံႏွစ္ခုံသုံးခုံျဖင့္သာ တပ္တြင္းလက္ဖက္ဆိုင္ကို အခက္အခဲမ်ိဳးစုံၾကားမွ




တကယ့္လက္ဖက္ရည္ဆိုင္ ခံစားမႈမ်ိဳးရရွိေစရန္အတြက္ PRA – Magwayမွ ေခါင္းေဆာင္မ်ားကစီစဥ္ေပးခဲ့ျခင္းျဖစ္သည္။
လက္ဖက္ရည္ဆိုင္ဆိုသည္မွာ လူငယ္မ်ား၏ နားခိုရာ၊ အခ်င္းခ်င္းေတြ႕ဆုံရာ၊ တစ္ေနကုန္ပင္ပန္းခဲ့သမွ်
အပန္းေျဖရာေနရာတစ္ခုအျဖစ္ ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးျဖင့္ လက္ဖက္ရည္ဆိုင္ထိုင္ၾကေလ့ရွိသည္။
လူထုေတာ္လွန္ေရး မဟာမိတ္အင္အားစု ( မေကြး ) People’s Revolution Alliance ( PRA – Magway )သည္
၂၀၂၁ မတ္လ ၂၈ ရက္ေန႔တြင္စတင္တည္ေထာင္ခဲ့ၿပီး သက္တမ္းတစ္ႏွစ္ေက်ာ္ၾကာ မေကြးတိုင္းထဲတြင္လႈပ္ရွားေနသည့္




ေတာ္လွန္ေရးတပ္ဖြဲ႕တစ္ခုအျဖစ္ ရပ္တည္လ်က္ရွိကာ တိုင္းရင္းသားလက္နက္ကိုင္မ်ား၊ ေဒသတြင္းကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ပူးေပါင္းၿပီး
အၾကမ္းဖက္စစ္ေကာင္စီကို တိုက္ခိုက္လ်က္ရွိသည္။
Photo – PRA_Magway
Credit