ယနေ့မှစပြီး သြဂုတ်၁၀ရက်နေ့အတွင်းလေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးကြီးပြီးရေကြီးရေလျှံနိုင်သောတိုင်းဒေသကြီးများ

News

ယနေ့မှစပြီး သြဂုတ်၁၀ရက်နေ့အတွင်းလေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးကြီးပြီးရေကြီးရေလျှံနိုင်သောတိုင်းဒေသကြီးများ

မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးမည့် သတိပေးချက်များကို ၂၀၂၂ခုနှစ်၊ဩဂုတ်လ(၇)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်တွင်သတိပေးချက်များထုတ်ပြန်လိုက်ပါသည်။

ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန်တိုင်းထွာချက်များအရယနေ့ညနေမှ (၁၀.၈.၂၀၂၂)ရက်နေ့အတွင်းကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်းပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက်မိုးကြီးခြင်း၊နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူလေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။

ယင်းကာလအတွင်းပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်(၂၄)နာရီအတွင်းမိုးရေချိန် (၃)လက်မ(၇၇-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။

Crd

Unicode







Crd

Leave a Reply

Your email address will not be published.