ယနေ့ကျရောက်သော 8လေးလုံးအရေးတော်ပုံ ၃၄ နှစ်မြောက်အထိမ်းအမှတ် ရန်ကုန်မြို့လယ်ခေါင်က ထီးသပိတ် လှုပ်ရှားမှု

News

ရန်ကုန်မြို့လည်ခေါင်က ‘၈’ လေးလုံးအရေးတော်ပုံ ထီးသပိတ် လှုပ်ရှားမှု

ယနေ့ကျရောက်သော ၈လေးလုံးအရေးတော်ပုံ ၃၄နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီမှ လုံခြုံရေးအထပ်ထပ်ချထားသော ရန်ကုန်မြို့​၏ အထင်ကရနေရာများဖြစ်သော ဆူးလေ လူကူးကုန်းတံတား၊ ဗိုလ်ချုပ်ဈေး၊ အင်းလျားကန်ဘောင်နှင့် လှည်းတန်းနေရာအနှံ့အပြားတွင် ‘၈’ လေးလုံးရေးဆွဲထားသော ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

လူထုလူတန်းစားတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသော ‘၈’ လေးလုံး အရေးတော်ပုံကြီးမှသည် ယခု ၂၀၂၁ နွေဦးတော်လှန်ရေး အထိ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲဟာ မပြီးဆုံးသေးပဲ နှစ်ပေါင်း ၇၀ ကျော်ကြာမြှင့်ခဲ့ပြီ ဖြစ်သည်။

ဒါကြောင့် မိမိတို့အားချုပ်ကိုင် ခြယ်လှယ်နေသည့် ဖက်ဆစ်စစ်တပ်ကို အမြစ်ပါမကျန် ရှင်းလင်းဖို့ လူထု လူတန်းစားတရပ်လုံး အတူတူ ပုန်ကုန်တော်လှန်ကြဖို့ ရန်ကုန်လူထုသပိတ်မှ တပ်လှန့်နှိုးဆော်အပ်ပါသည်။

တော်လှန်မျိုးဆက် ပုန်ကန်ရုန်းထွက်!!

Credit.

Zawgyi






Credit.

Leave a Reply

Your email address will not be published.