တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ခရီးသွားရင်း ရုတ်တရက်ကွယ်လွန်
တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီး ကူမင်းမှာ ကွယ်လွန်




တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရတဲ့ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ တရုတ်နိုင်ငံကူမင်းမြို့မှာ မနေ့ကမွန်းလွဲပိုင်းက ကွယ်လွန်ခဲ့ပါတယ်။
တာဝန်ထမ်းဆောင်နေချိန်မှာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့တာလို့ နီးစပ်သူတွေထံက သိရပါတယ်။
သံအမတ်ကြီးဟာ ပြီးခဲ့တဲ့ ဇူလိုင်က ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ဖွင့်လှစ်ခဲ့သေးတာဖြစ်ပါတယ်။
ဦးမျိုးသန့်ဖေဟာ ၂၀၁၉ ခုနှစ် သြဂုတ်လမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရာထူးကနေ တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတာ ဖြစ်ပါတယ်။




တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ ဩဂုတ်လ ၇ ရက်နေ့က ခရီးသွားရင်း ကွယ်လွန်ခဲ့တယ်လို့ သံတမန်အသိုင်းအဝိုင်း သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။
ဦးမျိုးသန့်ဖေဟာ မြန်မာနိုင်ငံနဲ့နယ်စပ်ဖြစ်တဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ ဩဂုတ်လ ၆ရက်နေ့က အစည်းအဝေးတခုသွားတက်ခဲ့ပြီးနောက် မနေ့က ဩဂုတ်လ ၇ ရက်နေ့မှာ ဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
သံအမတ်ကြီး သေဆုံးမှုကို သံတမန်အရင်းအမြစ် သုံးဦးက အတည်ပြုခဲ့ပြီး သူဟာ ရုတ်တရက်နှလုံးဖောက်ပြီး ကွယ်လွန်သွားတာလို့ဆိုကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။
ဦးမျိုးသန့်ဖေ ကွယ်လွန်မှုနဲ့ ပတ်သက်လို့ မြန်မာသံရုံးဘက်ကတော့ ချက်ချင်းတုန့်ပြန်တာ မရှိသေးဘူး သိရပါတယ်။




ဦးမျိုးသန့်ဖေဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ရာထူးခန့်အပ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် အဲဒီရာထူးကို ဆက်လက်တာဝန်ထမ်းခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နိုင်ငံမှာ တခြားပြည်ပထိပ်တန်းသံတမန် သုံးဦး သေဆုံးခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလက အသက် ၅၄ နှစ်အရွယ် ဂျာမနီ သံအမတ်ကြီး Jan Hecker ကွယ်လွန်ခဲ့ပြီး ဖေဖော်ဝါရီက ဘေဂျင်းဆောင်းရာသီ အိုလံပစ်အခမ်းအနားကနေ ပြန်လာတဲ့ အသက် ၆၅ နှစ်အရွယ် ယူကရိန်းသံအမတ်ကြီး Serhiy Kamyshev ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။




အသက် ၇၄ နှစ်အရွယ် ဖိလစ်ပိုင် သံအမတ်ကြီး Jose Santiago “Chito” Sta Romana ဟာလည်း ဧပြီလက တရုတ်နိုင်ငံအရှေ့ပိုင်း Anhui ပြည်နယ်မှာ ကွာရန်တင်းဝင်နေရင်း ဆုံးပါးခဲ့ပါတယ်။
Crd
Unicode
တ႐ုတ္နိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ခရီးသြားရင္း ႐ုတ္တရက္ကြယ္လြန္
တ႐ုတ္ျပည္ဆိုင္ရာ ျမန္မာသံအမတ္ႀကီး ကူမင္းမွာ ကြယ္လြန္




တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံဆိုင္ရာ အထူးအာဏာကုန္ လႊဲအပ္ျခင္းခံရတဲ့ ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးသန႔္ေဖ တ႐ုတ္နိုင္ငံကူမင္းၿမိဳ႕မွာ မေန႔ကမြန္းလြဲပိုင္းက ကြယ္လြန္ခဲ့ပါတယ္။
တာဝန္ထမ္းေဆာင္ေနခ်ိန္မွာ ႏွလုံးေရာဂါနဲ႔ ႐ုတ္တရက္ ကြယ္လြန္ခဲ့တာလို႔ နီးစပ္သူေတြထံက သိရပါတယ္။
သံအမတ္ႀကီးဟာ ၿပီးခဲ့တဲ့ ဇူလိုင္က ခ်ဳံခ်င့္ၿမိဳ႕၊ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံး ဖြင့္ပြဲအခမ္းအနားကိုတက္ေရာက္ဖြင့္လွစ္ခဲ့ေသးတာျဖစ္ပါတယ္။
ဦးမ်ိဳးသန႔္ေဖဟာ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လမွာ နိုင္ငံျခားေရးဝန္ႀကီးဌာန၊ ေကာင္စစ္ေရးရာႏွင့္ ဥပေဒေရးရာဦးစီးဌာန၊ ညႊန္ၾကားေရးမႉးခ်ဳပ္ ရာထူးကေန တ႐ုတ္ျပည္ဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ခန္႔အပ္ခံရတာ ျဖစ္ပါတယ္။
တ႐ုတ္နိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးသန္႔ေဖဟာ ဩဂုတ္လ ၇ ရက္ေန႔က ခရီးသြားရင္း ကြယ္လြန္ခဲ့တယ္လို႔ သံတမန္အသိုင္းအဝိုင္း သတင္းရင္းျမစ္ေတြရဲ့ ေျပာၾကားခ်က္ကို ကိုးကားၿပီး Reuters သတင္းဌာနက ေဖာ္ျပပါတယ္။




ဦးမ်ိဳးသန္႔ေဖဟာ ျမန္မာနိုင္ငံနဲ႔နယ္စပ္ျဖစ္တဲ့ တ႐ုတ္နိုင္ငံ အေနာက္ေတာင္ပိုင္း ယူနန္ျပည္နယ္မွာ ဩဂုတ္လ ၆ရက္ေန႔က အစည္းအေဝးတခုသြားတက္ခဲ့ၿပီးေနာက္ မေန႔က ဩဂုတ္လ ၇ ရက္ေန႔မွာ ဆုံးသြားခဲ့တာလို႔ ဆိုပါတယ္။
သံအမတ္ႀကီး ေသဆုံးမႈကို သံတမန္အရင္းအျမစ္ သုံးဦးက အတည္ျပဳခဲ့ၿပီး သူဟာ ႐ုတ္တရက္ႏွလုံးေဖာက္ၿပီး ကြယ္လြန္သြားတာလို႔ဆိုေၾကာင္း Reuters သတင္းဌာနက ေဖာ္ျပပါတယ္။
ဦးမ်ိဳးသန္႔ေဖ ကြယ္လြန္မႈနဲ႔ ပတ္သက္လို႔ ျမန္မာသံ႐ုံးဘက္ကေတာ့ ခ်က္ခ်င္းတုန႔္ျပန္တာ မရွိေသးဘူး သိရပါတယ္။




ဦးမ်ိဳးသန္႔ေဖဟာ ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္းမွာ တ႐ုတ္နိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ရာထူးခန႔္အပ္ခံခဲ့ရၿပီး ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ျမန္မာစစ္တပ္က အာဏာသိမ္းၿပီးေနာက္ အဲဒီရာထူးကို ဆက္လက္တာဝန္ထမ္းခဲ့တာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္အတြင္း တ႐ုတ္နိုင္ငံမွာ တျခားျပည္ပထိပ္တန္းသံတမန္ သုံးဦး ေသဆုံးခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလက အသက္ ၅၄ ႏွစ္အရြယ္ ဂ်ာမနီ သံအမတ္ႀကီး Jan Hecker ကြယ္လြန္ခဲ့ၿပီး ေဖေဖာ္ဝါရီက ေဘဂ်င္းေဆာင္းရာသီ အိုလံပစ္အခမ္းအနားကေန ျပန္လာတဲ့ အသက္ ၆၅ ႏွစ္အရြယ္ ယူကရိန္းသံအမတ္ႀကီး Serhiy Kamyshev ကြယ္လြန္ခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၇၄ ႏွစ္အရြယ္ ဖိလစ္ပိုင္ သံအမတ္ႀကီး Jose Santiago “Chito” Sta Romana ဟာလည္း ဧၿပီလက တ႐ုတ္နိုင္ငံအေရွ႕ပိုင္း Anhui ျပည္နယ္မွာ ကြာရန္တင္းဝင္ေနရင္း ဆုံးပါးခဲ့ပါတယ္။
Crd