ပြည်ပကနေ တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ ဈေးဆက်တက်နေပြီး ထိုင်း ၁ ဘတ်ကို ၇၅ ကျပ်ဖြစ်တဲ့အထိ မြန်မာငွေတန်ဖိုး စံချိန်တင် ကျဆင်း
ဩဂုတ်လ ၇ ရက်နေ့။




အမေရိကန်ဒေါ်လာကို တရားမဝင် အာဏာသိမ်းစစ်ကောင်စီဘက်ကနေ ထိန်းချုပ်မှုတွေ ဆက်တိုက်ဆိုသလို ဆောင်ရွက်လိုက်ပြီးတဲ့နောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုးက ဆက်တိုက်ဆိုသလိုပဲ ကျဆင်းသွားခဲ့ပါသည်။
ယမန်နေ့က သြဂုတ်လ ၆ ရက်နေ့မှာထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၇၅ /၇၆ ကျပ်နဲ့ ညီမျှတဲ့အထိ မြန်မာငွေတန်ဖိုးက စံချိန်တင်ကျဆင်းသွားခဲ့ပြီလို့ သတင်းကြားသိရပါသည်။




ဇူလိုင်လ ၂၁ ရက်နေ့တုန်းက ထိုင်းငွေ ၁ ဘတ်ဟာ မြန်မာငွေ ၆၅ ကျပ်နဲ့ ညီမျှခဲ့ပြီး သြဂုတ်လ ၆ ရက်နေ့မှာတော့ ထိုင်း ၁ ဘတ်က မြန်မာငွေ ၇၅ ကျပ်ဖြစ်တဲ့အထိ မြန်မာကျပ်ငွေတန်ဖိုးက ဈေးကျသွားတာလို့ သိရှိရပါသည်။
လက်ရှိကြားသိရတဲ့သတင်းတွေအရ ငွေလဲဈေးကွက်ထဲမှာ မြန်မာငွေပေးပြီး ထိုင်းဘတ်ယူမယ်ဆိုရင် မြန်မာငွေ ကျပ် ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၃၅၅ ဘတ် (၁ ဘတ်ကို ၇၅ ကျပ်နှုန်း)၊ ထိုင်းဘတ်ငွေပေးပြီး မြန်မာငွေယူမယ်ဆိုရင်တော့ ၁၄၅၀ ဘတ်ကို မြန်မာငွေ ၁ သိန်းကျပ်နှုန်း (၁ ဘတ်ကို ၆၈ ကျပ်နှုန်း)နဲ့ လဲလှယ်လုပ်ကိုင်နေတယ်လို့ သတင်းကြားသိရပါသည်။




၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၅၀ ကျပ်နှုန်း ပေါက်ဈေးရှိခဲ့ရာကနေပြီး ၁၀ လအကြာမှာတော့ ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၇၅ ကျပ်ဖြစ်တဲ့အထိ မြန်မာကျပ်ငွေတန်ဖိုးတွေက ကျဆင်းသွားခဲ့တာဖြစ်ပါသည်။
မြန်မာကျပ်ငွေတန်ဖိုး အခုလို ကျဆင်းသွားတဲ့အတွက် ပြည်ပကနေ မှာယူတင်သွင်းရတဲ့ ဆောက်လုပ်ရေးပစ္စည်း၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနဲ့ တခြား တင်သွင်းပစ္စည်းဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာဖို့ပဲ ရှိတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါသည်။
Unicode
Crd
ျပည္ပကေန တင္သြင္းရတဲ့ ကုန္ပစၥည္းေတြ ေဈးဆက္တက္ေနၿပီး ထိုင္း ၁ ဘတ္ကို ၇၅ က်ပ္ျဖစ္တဲ့အထိ ျမန္မာေငြတန္ဖိုး စံခ်ိန္တင္ က်ဆင္း
ဩဂုတ္လ ၇ ရက္ေန႔။




အေမရိကန္ေဒၚလာကို တရားမဝင္ အာဏာသိမ္းစစ္ေကာင္စီဘက္ကေန ထိန္းခ်ဳပ္မႈေတြ ဆက္တိုက္ဆိုသလို ေဆာင္ရြက္လိုက္ၿပီးတဲ့ေနာက္ပိုင္း ျမန္မာက်ပ္ေငြတန္ဖိုးက ဆက္တိုက္ဆိုသလိုပဲ က်ဆင္းသြားခဲ့ပါသည္။
ယမန္ေန႔က ၾသဂုတ္လ ၆ ရက္ေန႔မွာထိုင္းေငြ ၁ ဘတ္ကို ျမန္မာေငြ ၇၅ /၇၆ က်ပ္နဲ႔ ညီမၽွတဲ့အထိ ျမန္မာေငြတန္ဖိုးက စံခ်ိန္တင္က်ဆင္းသြားခဲ့ၿပီလို႔ သတင္းၾကားသိရပါသည္။




ဇူလိုင္လ ၂၁ ရက္ေန႔တုန္းက ထိုင္းေငြ ၁ ဘတ္ဟာ ျမန္မာေငြ ၆၅ က်ပ္နဲ႔ ညီမၽွခဲ့ၿပီး ၾသဂုတ္လ ၆ ရက္ေန႔မွာေတာ့ ထိုင္း ၁ ဘတ္က ျမန္မာေငြ ၇၅ က်ပ္ျဖစ္တဲ့အထိ ျမန္မာက်ပ္ေငြတန္ဖိုးက ေဈးက်သြားတာလို႔ သိရွိရပါသည္။
လက္ရွိၾကားသိရတဲ့သတင္းေတြအရ ေငြလဲေဈးကြက္ထဲမွာ ျမန္မာေငြေပးၿပီး ထိုင္းဘတ္ယူမယ္ဆိုရင္ ျမန္မာေငြ က်ပ္ ၁ သိန္းကို ထိုင္းဘတ္ေငြ ၁၃၅၅ ဘတ္ (၁ ဘတ္ကို ၇၅ က်ပ္ႏႈန္း)၊ ထိုင္းဘတ္ေငြေပးၿပီး ျမန္မာေငြယူမယ္ဆိုရင္ေတာ့ ၁၄၅၀ ဘတ္ကို ျမန္မာေငြ ၁ သိန္းက်ပ္ႏႈန္း (၁ ဘတ္ကို ၆၈ က်ပ္ႏႈန္း)နဲ႔ လဲလွယ္လုပ္ကိုင္ေနတယ္လို႔ သတင္းၾကားသိရပါသည္။




၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလက ထိုင္းေငြ ၁ ဘတ္ကို ျမန္မာေငြ ၅၀ က်ပ္ႏႈန္း ေပါက္ေဈးရွိခဲ့ရာကေနၿပီး ၁၀ လအၾကာမွာေတာ့ ထိုင္းေငြ ၁ ဘတ္ကို ျမန္မာေငြ ၇၅ က်ပ္ျဖစ္တဲ့အထိ ျမန္မာက်ပ္ေငြတန္ဖိုးေတြက က်ဆင္းသြားခဲ့တာျဖစ္ပါသည္။
ျမန္မာက်ပ္ေငြတန္ဖိုး အခုလို က်ဆင္းသြားတဲ့အတြက္ ျပည္ပကေန မွာယူတင္သြင္းရတဲ့ ေဆာက္လုပ္ေရးပစၥည္း၊ အလွကုန္၊ စားေသာက္ကုန္၊ လူသုံးကုန္၊ ေဆးဝါးနဲ႔ တျခား တင္သြင္းပစၥည္းေဈးႏႈန္းေတြ ဆက္လက္ျမင့္တက္လာဖို႔ပဲ ရွိတယ္လို႔ စီးပြားေရးလုပ္ငန္းရွင္ေတြက သုံးသပ္ထားပါသည္။
Crd