ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသခံအများမိုးစပါး အချိန်မီစိုက်ပျိုးဖို့ ပြန်လာတဲ့ စစ်ရှောင်ပြည်သူအချို့

News

ကရင္နီျပည္ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေနာက္ဘက္ျခမ္းက ေဒသခံအမ်ားမိုးစပါး အခ်ိန္မီစိုက္ပ်ိဳးဖို႔ ျပန္လာတဲ့ စစ္ေရွာင္ျပည္သူအခ်ိဳ႕

ဩဂုတ္လ ၆ ရက္ေန႔။

ကရင္နီျပည္ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေနာက္ဘက္ျခမ္းက ေဒသခံအမ်ားစုဟာ ယခုလအတြင္းမွာ မိုးစပါး စတင္စိုက္ပ်ိဳးေနၾကပါသည္။

လယ္ကြင္းျပင္အတြင္း ဒီႏွစ္မွာေတာ့ ေနရပ္စြန႔္ခြာထြက္ေျပးသြားရတဲ့ ႐ြာအခ်ိဳ႕က ေဒသခံေတြ လယ္ျပန္မစိုက္ႏိုင္တာေၾကာင့္ မိုးစပါးစိုက္တဲ့ လယ္ဧက ထက္ဝက္ခန႔္သာ ရွိတယ္လို႔ သိရပါသည္။

ဒါ့အျပင္ ဒီႏွစ္မွာ ဓာတ္ေျမဩဇာေဈးေတြလည္း ႏွစ္ဆေက်ာ္ ျမင့္တက္လာတယ္လို႔ ဆိုပါတယ္။

“ဓာတ္ေျမဩဇာေဈးေတြက ႏွစ္ဆေလာက္တက္တယ္ေလ။ ပုလဲဆို အရင္က ငါးေသာင္းေက်ာ္၊ ခုတသိန္းေက်ာ္ပဲ။ ကမာၻလုံးဆို အရင္က သုံးေသာင္း၊ ခုက် ခုနစ္ေသာင္း ရွစ္ေသာင္းျဖစ္ေနၿပီ။ က်ေတာ္တို႔ကေတာ့ စီးပြားျဖစ္စိုက္တာ မဟုတ္ဘူး။

ကိုယ္စားေလာက္႐ုံပဲ။ ဒီမွာက တေယာက္ကို လယ္ တဧက၊ ႏွစ္ဧကေလာက္စီပဲ ပိုင္တာ။ အဲဒီလိုဆိုေတာ့လည္း ဓာတ္ေျမဩဇာ သိပ္မသုံးျဖစ္တာပဲ ပိုေကာင္းသလို ျဖစ္တာေပါ့။

ထိုင္းကလာတဲ့တာေတြကေတာ့ ေဈးသက္သာတယ္။ ထိုင္းဆင္တံဆိပ္နဲ႔ေလ၊ အဲဒါေတြ ႏွစ္ေသာင္းေလာက္ပဲ ရွိမယ္။ ဒါေပမဲ့ အဲဒါေတြက အမ်ားႀကီးသုံးမွရတယ္။

ကုန္းမွာ စိုက္တဲ့ ေျမပဲလိုဟာမ်ိဳး အတြက္ပဲ အဆင္ေျပတယ္။ ဒီလိုေရသြင္းစိုက္ရတဲ့ စပါးမ်ိဳးဆို အဆင္မေျပဘူး။ လယ္ျမန္ျမန္ပ်က္သြားလိမ့္မယ္။” လို႔ မိုးစပါးစိုက္ပ်ိဳးတဲ့ ေဒသခံတဦးက ေျပာျပပါတယ္။

ယမန္ႏွစ္ကလည္း ႐ြာေခ်ာင္းေရခန္းတဲ့အတြက္ မိုးစပါးအထြက္နည္းခဲ့သလို ယခုႏွစ္မွာလည္း ဓာတ္ေျမဩဇာေဈးႀကီးတာနဲ႔ စစ္ေရွာင္ျပည္သူအခ်ိဳ႕ လယ္ျပန္မစိုက္ႏိုင္တာေၾကာင့္ အထြက္ေလ်ာ့နည္းႏိုင္တယ္လို႔ ဆိုပါတယ္။

“က်ေတာ့္တသက္မွာ ေခ်ာင္းက ေရခန္းသြားတာ ၃ ခါပဲ ႀကဳံဖူးေသးတယ္။ အဲဒီတုန္းကလည္း စပါးေတြ ဖ်င္းကုန္တယ္ေလ။

ဒီႏွစ္လည္း မထြန္ရေသးတဲ့ လယ္ေတြအမ်ားႀကီးပဲ။ ျပန္လာမစိုက္ႏိုင္ၾကဘူးေလ” လို႔ ေနာက္ထက္ မိုးစပါးစိုက္ပ်ိဳးသူ တဦးက ေျပာျပခဲ့ပါတယ္။

ေျမဩဇာေဈးႏႈန္းမ်ားဟာ လက္ကားေရာင္းခ်တဲ့ အဝယ္ဒိုင္ေတြမွာလည္း ျမင့္တက္ေနၿပီး ဒါဟာ က်ပ္ေငြတန္ဖိုးက်ဆင္းမႈေၾကာင့္လို႔ ယူဆေၾကာင္း ဒီးေမာ့ဆိုအေနာက္ဘက္ျခမ္းက ဓာတ္ေျမဩဇာ ေရာင္းခ်သူ ဆိုင္ပိုင္ရွင္တဦးက ေျပာျပခဲ့ပါတယ္။

“က်မတို႔ လက္ကားဝယ္ရတဲ့ ၿမိဳ႕ေပၚေတြက ဆိုင္ေတြမွာလည္း အရင္ကထက္ကို ေဈးႀကီးေနတာ။ ေဒၚလာေတြ ေဈးတက္ကုန္ေတာ့ ဓာတ္ေျမဩဇာအတြက္ ကုန္ၾကမ္းေတြလည္း ေဈးႀကီးကုန္တယ္ထင္ပါသည္။

ၿပီးေတာ့ ဆီေဈးေတြကလည္း တက္လာတယ္ေလ။ ဒီမွာ ျပန္ေရာင္းမယ္ဆို က်မတို႔က အဲဒီသယ္ယူစရိတ္ေတြလည္း ထည့္တြက္ရေသးတာေပါ့” လို႔ ေျပာျပခဲ့ပါသည္။

Unicode
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသခံအများမိုးစပါး အချိန်မီစိုက်ပျိုးဖို့ ပြန်လာတဲ့ စစ်ရှောင်ပြည်သူအချို့

ဩဂုတ်လ ၆ ရက်နေ့။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသခံအများစုဟာ ယခုလအတွင်းမှာ မိုးစပါး စတင်စိုက်ပျိုးနေကြပါသည်။

လယ်ကွင်းပြင်အတွင်း ဒီနှစ်မှာတော့ နေရပ်စွန့်ခွာထွက်ပြေးသွားရတဲ့ ရွာအချို့က ဒေသခံတွေ လယ်ပြန်မစိုက်နိုင်တာကြောင့် မိုးစပါးစိုက်တဲ့ လယ်ဧက ထက်ဝက်ခန့်သာ ရှိတယ်လို့ သိရပါသည်။

ဒါ့အပြင် ဒီနှစ်မှာ ဓာတ်မြေဩဇာဈေးတွေလည်း နှစ်ဆကျော် မြင့်တက်လာတယ်လို့ ဆိုပါတယ်။

“ဓာတ်မြေဩဇာဈေးတွေက နှစ်ဆလောက်တက်တယ်လေ။ ပုလဲဆို အရင်က ငါးသောင်းကျော်၊ ခုတသိန်းကျော်ပဲ။ ကမ္ဘာလုံးဆို အရင်က သုံးသောင်း၊ ခုကျ ခုနစ်သောင်း ရှစ်သောင်းဖြစ်နေပြီ။ ကျတော်တို့ကတော့ စီးပွားဖြစ်စိုက်တာ မဟုတ်ဘူး။

ကိုယ်စားလောက်ရုံပဲ။ ဒီမှာက တယောက်ကို လယ် တဧက၊ နှစ်ဧကလောက်စီပဲ ပိုင်တာ။ အဲဒီလိုဆိုတော့လည်း ဓာတ်မြေဩဇာ သိပ်မသုံးဖြစ်တာပဲ ပိုကောင်းသလို ဖြစ်တာပေါ့။

ထိုင်းကလာတဲ့တာတွေကတော့ ဈေးသက်သာတယ်။ ထိုင်းဆင်တံဆိပ်နဲ့လေ၊ အဲဒါတွေ နှစ်သောင်းလောက်ပဲ ရှိမယ်။ ဒါပေမဲ့ အဲဒါတွေက အများကြီးသုံးမှရတယ်။

ကုန်းမှာ စိုက်တဲ့ မြေပဲလိုဟာမျိုး အတွက်ပဲ အဆင်ပြေတယ်။ ဒီလိုရေသွင်းစိုက်ရတဲ့ စပါးမျိုးဆို အဆင်မပြေဘူး။ လယ်မြန်မြန်ပျက်သွားလိမ့်မယ်။” လို့ မိုးစပါးစိုက်ပျိုးတဲ့ ဒေသခံတဦးက ပြောပြပါတယ်။

ယမန်နှစ်ကလည်း ရွာချောင်းရေခန်းတဲ့အတွက် မိုးစပါးအထွက်နည်းခဲ့သလို ယခုနှစ်မှာလည်း ဓာတ်မြေဩဇာဈေးကြီးတာနဲ့ စစ်ရှောင်ပြည်သူအချို့ လယ်ပြန်မစိုက်နိုင်တာကြောင့် အထွက်လျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။

“ကျတော့်တသက်မှာ ချောင်းက ရေခန်းသွားတာ ၃ ခါပဲ ကြုံဖူးသေးတယ်။ အဲဒီတုန်းကလည်း စပါးတွေ ဖျင်းကုန်တယ်လေ။

ဒီနှစ်လည်း မထွန်ရသေးတဲ့ လယ်တွေအများကြီးပဲ။ ပြန်လာမစိုက်နိုင်ကြဘူးလေ” လို့ နောက်ထက် မိုးစပါးစိုက်ပျိုးသူ တဦးက ပြောပြခဲ့ပါတယ်။

မြေဩဇာဈေးနှုန်းများဟာ လက်ကားရောင်းချတဲ့ အဝယ်ဒိုင်တွေမှာလည်း မြင့်တက်နေပြီး ဒါဟာ ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့်လို့ ယူဆကြောင်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဓာတ်မြေဩဇာ ရောင်းချသူ ဆိုင်ပိုင်ရှင်တဦးက ပြောပြခဲ့ပါတယ်။

“ကျမတို့ လက်ကားဝယ်ရတဲ့ မြို့ပေါ်တွေက ဆိုင်တွေမှာလည်း အရင်ကထက်ကို ဈေးကြီးနေတာ။ ဒေါ်လာတွေ ဈေးတက်ကုန်တော့ ဓာတ်မြေဩဇာအတွက် ကုန်ကြမ်းတွေလည်း ဈေးကြီးကုန်တယ်ထင်ပါသည်။

ပြီးတော့ ဆီဈေးတွေကလည်း တက်လာတယ်လေ။ ဒီမှာ ပြန်ရောင်းမယ်ဆို ကျမတို့က အဲဒီသယ်ယူစရိတ်တွေလည်း ထည့်တွက်ရသေးတာပေါ့” လို့ ပြောပြခဲ့ပါသည်။

Crd

Leave a Reply

Your email address will not be published.