လေဖိအားနည်းရပ်ဝန်းအခြေအနေနှင့်အတူ မိုးကြီးရေလျှံ သတိပြုရမည့် ဒေသများ
News
လေဖိအားနည်းရပ်ဝန်းအခြေအနေနှင့်အတူ မိုးကြီးရေလျှံ သတိပြုရမည့် ဒေသများ
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာနေတဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေနှင့်အတူ မိုးကြီးရေလျှံ သတိပြုရမည့် ဒေသများ
”ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း အိန္ဒိယနိုင်ငံ Odshia အူဒီးရှ ပြည်နယ်ကမ်းခြေအရှေ့ဖက်အနီးမှာ
လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာပါတယ်။
97B ဟုအမည်ရပါတယ်။အဆိုပါလေဝဲစနစ်သည် အိန္ဒိယနိုင်ငံအတွင်းကိုဝင်ရောက်နိုင်ပါတယ်။
အဆိုပါလေဝဲရဲ့ညာဖက်ယက်တင်လေစီးတွေက မုတ်သုန်လေအားအလွန်ကောင်းလားနိုင်ပြီး တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်
ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ် မကွေးတိုင်း နေပြည်တော်နှင့် မန္တလေးတိုင်းဒေသတွေမှာမိုးရွာသွန်းနိုင်ပြီး
မုတ္တမပင်လယ်ကွေ့ဒေသများနှင့် ရန်ကုန်တိုင်းဧရာဝတီတိုင်း ရခိုင်ပြည်နယ်တွေမှာ မိုးကြီးနိုင်ပါတယ်။
သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အတွင်း မုတ္တမပင်လယ်ကွေ့အတွင်း မုတ်သုန်လေအားအလွန်ကောင်းတဲ့လေစီးများဝင်ရောက်လာပြီး
ထားဝယ် လောင်းလုံ ကန်ပေါက် ရေဖြူ မေတ္တာမြို့ ရေး လမိုင်း စက်စဲ ဝဲကလောင် ပင သံဖြူဇရပ်
ကျိုက်ခမီ မုဒုံ မော်လမြိုင် ဘီလူးကျွန်း ချောင်းဆုံ ရွာလွတ် ကျိုက်မရော မုတ္တမ ဇင်းကျိုက် ပေါင် သိမ်ဇရပ် သထုံ
ဘီးလင်း ဖားအံ ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံခြင်း တောင်ပြိုခြင်းအန္တရာယ်များရှိနိုင်ပါသဖြင့်
ကြိုတင်သိရှိကြပြီး ဘေးအန္တရာယ်မှ ကင်းဝေးအောင်လုပ်ဆောင်နိုင်ကြပါစေ။
နောက် ၂၄ နာရီအတွင်း သရက် ကံမ မင်းတုန်း ပဒါန်း ငဖဲ မင်းဘူး ရွှေစက်တော် ကြီးအုံကြီးဝ မဲဇလီ စလင်း စလင်းဆည်
ပွင့်ဖြူ လင်းဇင်းဆည် စကု အိုင်းမဆည် မန်းဆည် စေတုတ္တရာ မုံးဆည် လောင်းရှည် ဆော ကန်စွန်းမ ဆိပ်ဖြူ စလေ
ရေနံချောင်း ချောက်ပုဂံ ညောင်ဦး ငါ့သရောက် တမိုက်သာ ဆင်တဲဝ တောင်သာ မြင်းခြံ ပခုက္ကူ မြစ်ခြေ ပေါက် မြိုင်ဒေသများတွင်မိုးရွာနိုင်ပါတယ်။
နောက် ၂၄ နာရီမှ ၇၂ နာရီအတွင်း မွန်ပြည်နယ် ကရင်ပြည် ဒေသတွေမှာမိုးများစွာရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံအန္တရာယ်သတိပြုကြပါ။
သြဂုတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ရခိုင်ပြည်နယ် မကွေးတိုင်းမန္တလေးတိုင်းဒေသကြီးတွေမှာ မိုးရွာနိုင်ပြီး
သြဂုတ်လ ၉ရက်နေ့တွင် ရခိုင်ပြည်နယ်မာန်အောင်ကျွန်း ရမ်းဗြဲကျွန်း ငပလီ သံတွဲ တောင်ကုတ် မအီ အမ်းနှင့် ရခိုင်ရိုးမတောင်တန်းများပေါ်မှာမိုးကြီးနိုင်ပြီး
မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက်ပိုင်းဒေသတွေဖြစ်တဲ့ သရက် မင်းတုန်း ပဒါန်း ငဖဲ မင်းဘူး စကု ပွင့်ဖြူ စလင်း
ဆင်ဖြူကျွန်း ဆိပ်ဖြူ ကန်ဇွန်းမှ ဆော လောင်းရှည် စေတုတ္တရာ ဒေသတွေမှာမိုးကြီးရေလျှံနိုင်ပါတယ်
သဘာဝဘေးအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။
Source: Su Su San မင်း ဂွတ် သီး
Credit
zawgyi,
Credit
Leave a Reply
Your email address will not be published.