ဗိုက်ဆာနေပေမဲ့ စားစရာမရှိလို့ငှက်ပျောအူနဲ့ ဓာတ်ဆားကို တို့စားခဲ့ ရတယ်ဆိုတဲ့ မင်းသားချော ဟိန်းထက်

News

ဗိုက်ဆာနေပေမဲ့ စားစရာမရှိလို့ငှက်ပျောအူနဲ့ ဓာတ်ဆားကို တို့စားခဲ့ ရတယ်ဆိုတဲ့ မင်းသားချော ဟိန်းထက်

ပရိသတ်ကြီးရေ မင်းသားချော ဟိန်းထက်ကတော့ ‘အရိပ်’ဆိုတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲမှတဆင့် ပရိသတ်တွေရဲ့ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ တက်သစ်စ မင်းသားတစ်ဦးပဲဖြစ်ပါတယ်

ဟိန်းထက်က အောင်မြင်မှုတွေကို စတင်ရရှိနေတဲ့အချိန်ကာလအတွင်းမှာတောင် ဘာကိုမှမမှုဘဲ အာဏာရှင်ကိုတော်လှန်ဖို့ မိသားစုအပါအဝင်အရာအားလုံးကိုစွန့်လွှတ်ခဲ့တာဖြစ်ပါတယ်

စကစရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် ဟိန်းထက်ရဲ့အဖိုးဖြစ်သူလည်း အသက်ဆုံးခဲ့ရပါတယ် သို့သော်လည်းဟိန်းထက်ကလက်လျှော့မသွားဘဲ အရင်ကထက်ပိုပြီးအာဏာရှင်ကိုဆန့်ကျင်နေခဲ့တာပဲဖြစ်ပါတယ် ယခုလည်းတော်လှန်ရေးအမေးအဖြေအစီအစဉ်တစ်ခုမှ တောထဲမှာတွေ့ကြုံခဲ့ရတဲ့ အခရ်အခဲတွေကိုမျှဝေလာခဲ့တာဖြစ်ပါတယ်

“ဗိုက်ဆာ​ပေမယ့် စားစရာမရှိလို့ ငှက်​ပျောအူနဲ့ ဓါတ်ဆားတို့စားရတဲ့ ကျွန်​တော်တို့လိုမျိုး တခြားသူ​တွေကို မဖြစ်​စေချင်ဘူး” ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်နော်
Credit





Credit

Leave a Reply

Your email address will not be published.