အမေသိရင် စိတ်မကောင်း ဖြစ်နေမှာ
ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်တွင် တည်ထားသည့် ထာဝရငြိမ်းချမ်းရေး စေတီတော်စောင့်ရှောက်သူမဲ့နေသဖြင့် ပျက်စီးယိုယွင်းနေမှုများရှိနေသည်။




နေပြည်တော်လေဆိပ်သို့ သွားရာ အဓိကလမ်းမကြီးဖြစ်သည့် ရာဇသင်္ဂဟလမ်းပေါ်မှ အဝင်လမ်းမှာ ပျက်စီးနေပြီး သစ်တုံးများဖြင့် ပိတ်ထားသည်။ ထို့ကြောင့် စေတီတော်သို့ ဘေးဘက်ဝင်ပေါက်မှသာ ဝင်ထွက်နိုင်သည်။ စေတီတော် ပရိဝုဏ်အတွင်း ထားရှိသည့် ဒေါင်းရုပ်ကြီးများ၏ အောက်ခံကွန်ကရစ်များမှာလည်း ကွဲအက်နေသည်။
စစ်တပ်က အာဏာမသိမ်းမီ တစ်နှစ်ကျော် NLD အစိုးရလက်ထက်တွင် ၂၀၁၉၊ နိုဝင်ဘာတွင် ထာဝရငြိမ်းချမ်းစေတီ ထီးတော်တင်၊ ဌာပနာသွင်း အခမ်းအနားကို ခမ်းခမ်းနားနားကျင်းပခဲ့သည်။ အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၎င်းတို့အား ဆန့်ကျင်သူများကို စစ်ကောင်စီက ဖမ်းဆီး၊ သတ်ဖြတ်နေချိန်၊ ပြည်သူများအကြား အကြောက်တရား ရေချိန်မြင့်နေချိန်တွင် ထာဝရငြိမ်းချမ်းရေးစေတီသို့ လာရောက်ဖူးမျှော်သူ နည်းပါးသည်ကို တွေ့ရသည်။




အခါကြီး၊ ရက်ကြီးများမှသာ ဘုရားဖူး များများလာလေ့ရှိသည်ဟု ဈေးသည်အချို့က ပြောသည်။ ထာဝရငြိမ်းချမ်းရေး စေတီကို နံနက် ၅နာရီမှ ည ၈ နာရီအထိ ပုံမှန်ဖွင့်လှစ်ထားသည်ဆိုသော်လည်း ဘုရားဖူးမရှိလျှင် အချိန်စော၍ ပိတ်တတ်သည်ဟု စုံစမ်းသိရှိရသည်။
Credit Myanmar Now
Zawgyi code
အမေသိရင် စိတ်မကောင်း ဖြစ်နေမှာ
ေဒၚေအာင္ဆန္းစုၾကည္ေနျပည္ေတာ္တြင္ တည္ထားသည့္ ထာဝရၿငိမ္းခ်မ္းေရး ေစတီေတာ္ေစာင့္ေရွာက္သူမဲ့ေနသျဖင့္ ပ်က္စီးယိုယြင္းေနမႈမ်ားရွိေနသည္။




ေနျပည္ေတာ္ေလဆိပ္သို႔ သြားရာ အဓိကလမ္းမႀကီးျဖစ္သည့္ ရာဇသဂၤဟလမ္းေပၚမွ အဝင္လမ္းမွာ ပ်က္စီးေနၿပီး သစ္တုံးမ်ားျဖင့္ ပိတ္ထားသည္။ ထို႔ေၾကာင့္ ေစတီေတာ္သို႔ ေဘးဘက္ဝင္ေပါက္မွသာ ဝင္ထြက္နိုင္သည္။ ေစတီေတာ္ ပရိဝုဏ္အတြင္း ထားရွိသည့္ ေဒါင္း႐ုပ္ႀကီးမ်ား၏ ေအာက္ခံကြန္ကရစ္မ်ားမွာလည္း ကြဲအက္ေနသည္။
စစ္တပ္က အာဏာမသိမ္းမီ တစ္ႏွစ္ေက်ာ္ NLD အစိုးရလက္ထက္တြင္ ၂၀၁၉၊ နိုဝင္ဘာတြင္ ထာဝရၿငိမ္းခ်မ္းေစတီ ထီးေတာ္တင္၊ ဌာပနာသြင္း အခမ္းအနားကို ခမ္းခမ္းနားနားက်င္းပခဲ့သည္။ အာဏာသိမ္းၿပီးေနာက္ တစ္ႏွစ္ေက်ာ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ၎တို႔အား ဆန့္က်င္သူမ်ားကို စစ္ေကာင္စီက ဖမ္းဆီး၊ သတ္ျဖတ္ေနခ်ိန္၊ ျပည္သူမ်ားအၾကား အေၾကာက္တရား ေရခ်ိန္ျမင့္ေနခ်ိန္တြင္ ထာဝရၿငိမ္းခ်မ္းေရးေစတီသို႔ လာေရာက္ဖူးေမွ်ာ္သူ နည္းပါးသည္ကို ေတြ႕ရသည္။




အခါႀကီး၊ ရက္ႀကီးမ်ားမွသာ ဘုရားဖူး မ်ားမ်ားလာေလ့ရွိသည္ဟု ေဈးသည္အခ်ိဳ႕က ေျပာသည္။ ထာဝရၿငိမ္းခ်မ္းေရး ေစတီကို နံနက္ ၅နာရီမွ ည ၈ နာရီအထိ ပုံမွန္ဖြင့္လွစ္ထားသည္ဆိုေသာ္လည္း ဘုရားဖူးမရွိလွ်င္ အခ်ိန္ေစာ၍ ပိတ္တတ္သည္ဟု စုံစမ္းသိရွိရသည္။
Credit