စ စ်တပ်နှင့် ကြံ့ခိုင်ရေးက ကြိုရန် ပြင်ဆင်နေသည့် တာချီလိတ်သို့ မိုင်းဖုန်းဆရာတော် မကြွ

News

စစ်တပ်နှင့် ကြံ့ခိုင်ရေးက ကြိုရန် ပြင်ဆင်နေသည့် တာချီလိတ်သို့ မိုင်းဖုန်းဆရာတော် မကြွ

မဲခေါင်၊ သြဂုတ် ၆

တာချီလိတ်မြို့သို့ ယနေ့ သြဂုတ် ၆ ရက်တွင် မိုင်းဖုန်းဆရာတော် ကြွလာမည့်အထင်ဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကြံ့ခိုင်‌ရေးပါတီဝင်များက ကြိုရန် ပြင်ဆင်နေသော်လည်း မိုင်းဖုန်းဆရာတော်သည် မကြွသေးကြောင်း အသိပေးထားသည်။

မိုင်းဖုန်းဆရာတော်ဘုရား၏ ခရီးစဉ်ကို ရက်ရွှေ့လိုက်ပြီး တာချီလိတ်သို့ မကြွသေးဘဲ မိုင်းပန်မြို့သို့ ဆက်လက်ကြွချီမည်ဖြစ်ကြောင်း မိုင်းဖုန်းဆရာတော်၏ သာသနာပြုညီနောင်ဖြစ်သည့် တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)က ယမန်နေ့ ဩဂုတ် (၅)ရက် ညပိုင်းက အသိပေးထားသည်။

ယနေ့တွင် မိုင်းဖုန်းဆရာတော်သည် မိုင်းတုံမြို့နယ် နားကောင်းမူးမှ မိုင်းပန်သို့ ကြွမည်ဖြစ်ပြီး သြဂုတ် ၇ ရက်တွင် မိုင်းပန်မှ တဆင့် လင်းခေး၊ မိုးနဲ၊ နမ့်စန် ပန်လှိုင်းဆိုင် မှ ပင်လုံသို့ ကြွမည်ဖြစ်ကြောင်း ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)က ကြေညာထားသည်။

ပင်လုံခရီးစဥ်ပြီးလျှင် ဆရာတော်သည် လွိုင်လင်၊ကျိုင်းတုံ၊ တာချီလိတ် မိုင်းဖုန်းသို့ ဆက်လက်ကြွချီမည် ဖြစ်ကြောင်း အသိပေးထာသည်။
မိုင်းဖုန်းဆရာတော်သည် မိုင်းဆတ်မြိုနယ် မိုင်းကျက်အထက်ဂူအတွင်း (၃)နှစ်၊ (၃)လ၊ (၃)ရက် တရားအကျင့်ကြံအားထုတ်ကာ အဓိဌာန်ဝင်တော်မူခဲ့သည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ဂူမှ ဩဂုတ် (၁) ရက်က ထွက်လာတော်မူလာသည်။

မိုင်းဖုန်းဆရာတော်သည် ၂၀၁၉ ခုနှစ်၊ ဧပြီ (၂၈) ရက်က စပြီး အဆိုပါ ဂူအတွင်း တရားကျင့်ကြံအားထုတ်ကာ အဓိဌာန်ဝင်ခဲ့ခြင်း ဖြစ်သည်။

Crd

Unicode

Leave a Reply

Your email address will not be published.