မင်းအောင်လှိုင်အား သု-တ်သ-င်ရေး ဘိုင်ဒန်သို့ပေးစာ

News

မင်းအောင်လှိုင်အား သုတ်သင်ရေး ဘိုင်ဒန်သို့ပေးစာ

မူရင်းရေးသူ – Alan Clements

ဘာသာပြန်သူ – မောင်လွင်မွန်(ကသာ)

ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်များက စိုးရိမ်ပူပန်မှုအမျိုးမျိုးနဲ့ ထွေးလုံးရစ်ပတ်ပြီး ထိထိ ရောက်ရောက် ဆောင်ရွက်ဖို့ တုံ့နှေးနေကြတာ ဖြစ်ပေမယ့် ကမ္ဘာ့ပြည်သူတစ်ဉီးချင်းမှာတော့ ကျွန်တော်တို့အပေါ် တကယ့် ကိုယ်ချင်းစာနာစိတ်နဲ့ စိုးရိမ်ပူပန်မှု အပြည့်ရှိနေနိုင်တာကို သက်သေပြတဲ့ စာလေးတစ်စောင်ပါ။ မူရင်းစာရေးသူရဲ့ ဆန္ဒအတိုင်း ပြန်ဆိုဝေငှလိုက်ပါတယ်။

သမ္မတကြီး မစ္စတာ ဘိုင်ဒန်ခင်ဗျား

စက်တင်ဘာ-အယ်လဲဗင်း အကြမ်းဖက် တိုက်ခိုက်မှုကို အဓိကတာဝန်ယူ ကျူးလွန်ခဲ့သူ တစ်ဉီးဖြစ်ပြီး အိုစမာဘင်လာဒင်မရှိသည့်နောက်၌ အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ကို အဓိက တာဝန်ယူ ဉီးဆောင်နေသူ၊ အာမန် အယ်လ်ဇာဝါရီကို အာဖဂန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့များက ဒရုန်းဖြင့် ပစ်ခတ်သုတ်သင် လိုက်ခြင်းအားဖြင့် ၂၁နှစ်ကြာ အပူတပြင်းရှာဖွေ ထောက်လှမ်းနေ ခဲ့သည့် အကြမ်းဖက် ခေါင်းဆောင်ကို အပြီးအပြတ်ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း သမ္မတကြီး၏ ကြေငြာချက်ကို ကျွန်တော်တို့ ကမ္ဘာ့ပြည်သူလူထုကြီးအနေဖြင့် သဘောတူထောက်ခံကြိုဆို ကြ ပါသည်။

ယခုကဲ့သို့ ကမ္ဘာကြီးအဖို့ အပူတပြင်းရှာဖွေနေသည့် ကြောက်မက်ဖွယ်အကောင်းဆုံး အကြမ်းဖက်သမားကို ရှင်းလင်းဖယ်ရှားလိုက်နိုင်ခြင်းမှာ လူကြီးမင်းအစိုးရ၏ ကြီးမားသော အောင်မြင်မှု တစ်ရပ်ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပါ။

ယင်းကြေငြာချက်ကို အိမ်ဖြူတော်လသာဆောင်မှ သမ္မတကြီးထုတ်ပြန်ခဲ့ပုံကို ကျွန်တော် ကြားနာခဲ့ရာတွင် အယ်လ်ဇာဝါရီအား တိကျသေချာသော ဒရုန်းတိုက်ခိုက်မှုဖြင့် အပြီးအပြတ် ရှင်း လင်းခဲ့မှုကို မိမိဉီးဆောင် ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းအကြမ်းဖက်ခေါင်းဆောင်မှာ မည်သည့် အခါမှ ပြန်ပေါ်လာနိုင်တော့မည်မဟုတ်ပဲ တရားမျှတမှုကို ဖော်ဆောင်လိုက်နိုင်ပြီ ဖြစ်ကြောင်း အပြင် ယင်းသုတ်သင်ရှင်းလင်းမှု၌ သူ့မိသားစုဝင်များရော အနီးအနားမှ ပြည်သူများပါ မည် သည့် တစ်ဉီးတစ်ယောက်မှ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်းလည်း ရှင်းလင်းစွာ ဖော်ပြထားပါသည်။

ကြေငြာချက်ကို သမ္မတကြီးက ကမ္ဘာ့ပြည်သူများအနေဖြင့် ရက်စက်ကြမ်းကြုတ်ယုတ်မာမှုများ ကို တမင်သက်သက်ကြံစည်လွန်ကျူးရန် အားထုတ်လုပ်ကိုင်နေသော အကြမ်းဖက်သမားမျိုးကို ကြောက်ရွံ့ထိပ်လန့်နေရန် မလိုတော့ကြောင်း၊ ယင်းသို့သောကျူးလွန်မှုမျိုးများကို မည်မျှ ကြာခဲ့ ပြီ ဖြစ်စေ၊ မည် သည့်နေရာ၌ ပုန်းအောင်းနေသည်ဖြစ်စေ၊ ခြိမ်းခြောက်ရမ်းကားနေသူ မှန်ပါက ကျွန်ုပ်တို့အနေဖြင့် မရအရ ရှာဖွေသုတ်သင်မည်ဖြစ်ကြောင်းဖြင့် နိဂုံးချုပ်ထားပါသည်။

သမ္မတကြီးသိထားသည့်အတိုင်း ကမ္ဘာကြီး၌ ပို၍ပင်ကြီးမားဆိုးသွမ်းသော အကြမ်းဖက်သမား မှာ လွတ်မြောက်နေဆဲ ရှိပါသည်။ သူ့အမည်မှာ မင်းအောင်လှိုင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အယ်လ် ကိုင်ဒါကဲ့သို့ ကြမ်းကြုတ်ရက်စက်သော သူ၏အကြမ်းဖက်တပ်နှင့်အတူ ရှိနေပါသည်။ သူသည် သူ၏ ၂၀၂၁ခု ဖေဖေါ်ဝါရီလ ၁ရက်၊ အဓမ္မ အာဏာသိမ်းယူမှုနောက်ပိုင်း၌ အုပ်စုဖွဲ့ အကြမ်းဖက် အနိုင်ကျင့်ကာ အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်များခြင်းအပေါ် အရသာခံလျက် မင်းမူ အုပ်ချုပ်မှုပုံစံဖြင့် မြန်မာပြည်သူတစ်ရပ်လုံးကို အကြမ်းဖက် သောင်းကျန်းနေမှုများ အားလုံး၏ အဓိက လက်သည်တရားခံဖြစ်ပါသည်။

သူ၏ အသေးစိတ် ယုတ်မာရက်စက်မှုများမှာ အလွန် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ပြီး လူ့သမိုင်းတွင် အဆိုးဝါးဆုံးများအဖြစ် မှတ်တမ်းဝင်မည် ဖြစ်ပါ သည်။ ထိုပြင် သမ္မတကြီး ကြားသိပြီးမည်ဖြစ်သည့်အတိုင်း သူက လတ်တလောမှာပင် လွတ် မြောက်မှု တိုက်ပွဲဝင်သူလေးဉီးကို ကြိုးပေးကွပ်မျက်ခဲ့ပြီး နောက်ထပ် ထပ်မံသုတ်သင်ရန်လည်း ရာနှင့်ချီသူများကို စာရင်းလုပ်ထားပြီး ဖြစ်ပါသည်။ ယင်းကွပ်မျက်မှုကို ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီက တစ်ညီတစ်ညွတ်တည်း ရှုတ်ချခဲ့ကြသည်ကိုလည်း သမ္မတကြီး သတိပြုမိမည် ဖြစ်ပါသည်။

ကျွန်တော်အနေဖြင့် နိဂုံးမသတ်မီ ရည်ညွှန်းဖော်ပြလိုသော မကြာသေးမီကာလက သမ္မတ ကြီး၏ မိန့်ခွန်းတစ်ခုမှာ “ကျွန်တော်တို့ရဲ့သမိုင်းတလျှောက် ကျွန်တော်တို့ရခဲ့တဲ့ သင်ခန်းစာက အာဏာရှင်တွေက သူတို့ ကျူးကျော်စော်ကားခဲ့သမျှအတွက် ပေးဆပ်ရခြင်း လုံးလုံးမရှိဘူး ဆိုရင် သူတို့ကပိုလွန်ကျူး ပိုစော်ကားတယ်၊ ဒီလိုလွန်ကျူးမှုတွေ ထပ်ထပ်လုပ်နေတော့ ပေးဆပ်ရမှု တန်ဖိုးတွေရော အမေရိကန်နဲ့တကွ ကမ္ဘာကြီးအပေါ် ခြိမ်းခြောက်မှုတွေပါ ပိုပို မြင့်တက်လာ တော့ တာပါပဲ၊ ဒါကို တော့ ကျွန်တော်တို့ အဖြစ်ခံလို့ မရပါဘူး” ဟု ပြောကြားခဲ့ပုံ ဖြစ်ပါသည်။

ကျွန်တော်က ရိုးရိုးလေးအကြံပေးမည်ကို လက်ခံစေလိုပါသည်။ မြန်မာ အကြမ်းဖက် အာ ဏာရှင် မင်းအောင်လှိုင်အား သူအနေဖြင့် ရာထူးမှမဆိုင်းမတွဆင်းပေးပြီး ဒေါ်အောင်ဆန်းစု ကြည်၊ ရွေးကောက်ခံ သမ္မတကြီးနှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများအားလုံးကို အကျဉ်း ချထားခြင်းမှ လွတ်ငြိမ်းခွင့်ပေးခြင်းကို မဆောင်ရွက်ဘူး ဆိုပါက ယင်း၏အကျိုးဆက်အနေဖြင့် အယ်ဇာဝါရီကို ဆုံးမခဲ့ဖူးသကဲ့သို့ သူ့သားသမီး မိသားစုဝင်များနှင့် အခြားအနီးအနား ပြည်သူများ ကို လုံးဝမထိခိုက်စေပဲ သူနေထိုင်ရာ နေပြည်တော်ရှိ သူ့စံအိမ် သို့မဟုတ် သူ ကြိုးစားပုန်းအောင်း နေမည့် မည်သည့်နေရာကိုမဆို ဒရုန်းဖြင့်ပစ်ခွင်းမည်ဖြစ်ကြောင်း ယခုချက်ချင်း သတိပေးရာဇသံ ထုတ်ဆင့်စေလိုပါသည်။

ဒရုန်းဖြင့်ပစ်မည်ဟု ခြိမ်းခြောက်မှုမျှသာ ဆောင်ရွက်လိုက်ခြင်းကပင် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ တစ်ညီတစ်ညွတ်တည်း ရှုတ်ချခဲ့မှုအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ် ပေါ်စေမည် ဖြစ်ပါသည်။ ထိုပြင် ရုရှားနှင့်တရုတ်နှစ်နိုင်ငံစလုံးက အကြမ်းဖက်မင်းအောင်လှိုင် အား ရှုတ်ချကြောင်းအဆိုကို မဲပေးခဲ့ကြပြီးဖြစ်ရာ သူတို့အနေဖြင့် သူနှင့်ပတ်သက်ပြီး စိတ်ကုန်ပြီ ဟု ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်းဖြစ်ပြီး သူသည် သူတို့အတွက် တာဝန်မကင်းမှုတစ်ရပ်အဖြစ် တည် ရှိနေပြီ ဖြစ်သည်။ အကယ်၍သာ သူတို့က တနည်းနည်းအားဖြင့် မင်းအောင်လှိုင်အား ထပ်မံပံ့ပိုးရန် ကြိုးစားမည်ဆိုလျှင် ယင်းမှာ သူတို့အဖို့ အာမင် အယ်ဇာဝါရီကို ပံ့ပိုးသည်နှင့်မခြား ထပ်တူကျနေလိမ့်မည် ဖြစ်သည်။

ထို့ပြင် အကယ်၍များ မင်းအောင်လှိုင်က သင့်ရာဇသံကို လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့ဘူး ဆိုလျှင် သူ့အား ယင်းရာဇသံကို ထုတ်ဆင့်ခဲ့သော သမ္မတကြီးနှင့် စီအိုင်အေတို့က ယင်းအကျိုး ဆက်ကို ဆက်လက် တာဝန်ယူဆောင်ရွက်ရမည်သာ ဖြစ်သည်။

သမ္မတကြီးထံမှ ရိုးရိုးစင်းစင်းဖြင့် လူသားဆန်လှသော အမိန့်မှာ တစ်ကမ္ဘာလုံးကိုသာ အောင်ပွဲခံစေမည်မဟုတ်ပဲ ကျွန်တော်တို့အားလုံးအဖို့ အမေရိကန်နိုင်ငံသည် အမှန်တကယ် လွတ်လပ်မျှတမှုနှင့် ဒီမိုကရေစီကို ကမ္ဘာအနှံ့ ဖြန့်ကျက်လေးစားပါလားဆိုသော မျှော်လင့်ချက်ကို လည်း ပေးစွမ်းနိုင်မည် ဖြစ်ပါသ့ည်။

သမ္မတကြီးခင်ဗျား။ ယခုကိစ္စမှာ သမ္မတကြီးအနေဖြင့် အသေးအမွှားဆုံးနှင့် အဓိပ္ပာယ် ပြည့်ဝ သော အလုပ် ဖြစ်ပြီး ချက်ချင်းအမိန့်ပေး ဆောင်ရွက်နိုင်ပါမည်။

မြန်မာနိုင်ငံမှ လူကောင်းသူကောင်းများမှာ ကျွန်တော်တို့၏ အထောက်အပံ့ ကိုတောင်း ခံလျက် ရှိပြီး သူတို့အနေဖြင့် ကျွန်တော်တို့ ခင်ဗျားတို့၏ အကူအညီများကို အရေးတကြီး လိုအပ် လျက် ရှိပါသည်။

ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် သင်သည် မှန်ကန်သောခေါင်းဆောင်မှုအတွက် နိုင်ငံတကာ အလေးဂရုပြုဖွယ် စံနမူနာပြုပုဂ္ဂိုလ် ဖြစ်လာပြီး ဒီမိုကရေစီနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့် အရေးများအပေါ် သစ္စာရှိချစ်မြတ်နိုးသူအဖြစ် အသိအမှတ်ပြုခံရပါလိမ့်မည်။

သမ္မတကြီးအနေဖြင့် ရှင်းရှင်းလင်းလင်း ရှုမြင်စေချင်သည်မှာ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ကို မျိုးတုန်းအောင်သတ်ဖြတ်ရာနေရာ ဖြစ်နေပြီး မင်းအောင်လှိုင်သည် ကမ္ဘာ့အလိုရှိဆုံး အကြမ်း ဖက်သမား ဖြစ်ပါသည်။ ယခု လက်ငင်းပစ္စုပ္ပန်သည် သင့်လက်ထဲတွင် ရှိပါသည်။ သူတို့အနေဖြင့် ပိုမိုဆိုးဝါးသော လူသတ်မှုများ၊ မုဒိန်းမှုများနင့် မီးရှို့မှုများနှင့် ကြိုးပေးကွပ်မျက်မှုများကို ထပ်မံ ကျူးလွန်ခြင်း မပြုသေးမီ အမြန်ဆုံးဆောင်ရွက်စေလိုပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဝါဒ ဆုံးရှုံးလုဆဲဆဲ ဖြစ်နေသည်ကို ကယ်တင်ပေးပါ။

ကျေးဇူးတင်ပါသည် သမ္မတကြီး။

Alan Clements

စာကြွင်း ။ ။ ယခုစာကို နိုင်ငံအသီးသီးမှ နိုင်ငံတကာခေါင်းဆောင်များ၊ အဆင့်ဆင့်သော အစိုးရအဖွဲ့ဝင်များ၊ သတင်းစာများ၊ ဘလော့ခ်များနှင့် မီဒီယာ စာမျက်နှာများသို့ ပေးပို့စေလို ပါသည်။ သင့်အတွက် ဝန်မလေးပဲ ဆောင်ရွက်နိုင်သည်ဆိုလျှင် သင်၏ ဘာသာစကားဖြင့် ဘာသာပြန်ဆိုပြီး စာနာမှုဖြင့် ဝေငှပေးရန် တောင်းဆိုပါသည်။ ယခုအကြံပြုချက်သည် လက်တွေ့ကျသော ဖြေရှင်းမှုဖြစ်ပြီး ခြိမ်းခြောက်မှုကြီးမားနေသော အကြမ်းဖက်ဝါဒကို အဆုံး သတ်စေနိုင်မည့် နည်းလမ်း ဖြစ်ပါသည်။

အကယ်၍များ သမ္မတကြီး ဘိုင်ဒန်နှင့် အလွန်နီးစပ် ပတ်သက်သည်ဆိုပါက ယခုစာကို သူမျက်မှောက်ရှေ့တည့်တည့် ချပေးလိုက်စေလိုပါသည်။ ကျေးဇူးအထူးတင်ပါသည်။

Crd

Leave a Reply

Your email address will not be published.