မန္တလေးတိုင်း PDF ရဲဘော်တွေ လစာငွေ တစ်လ တစ်သောင်းကျပ် စတင် ရရှိ၊

News

မန္တလေးတိုင်း PDF ရဲဘော်တွေ လစာငွေ တစ်လ တစ်သောင်းကျပ် စတင် ရရှိ၊

MFP ၊ ဩဂုတ် – ၅

ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) – မန္တလေးတိုင်း PDF က ရဲဘော်တွေအနေနဲ့ အများပြည်သူရဲ့ ထောက်ပံ့လှူဒါန်းငွေနဲ့ လစဉ် အိတ်ဆောင် ပိုက်ဆံအဖြစ် တစ်လလျှင် ကျပ်တစ်သောင်း ရရှိတယ်လို့ မန္တလေးတိုင်း PDF က သတင်း ထုတ်ပြန်ပါတယ်။

“ရဲဘော်များအတွက် ပြည်သူများမှ ပေးပို့လှူဒါန်းသော အလှူငွေများဖြင့် လစဉ်အိတ်ဆောင် ပိုက်ဆံများ ဝေငှပေး နိုင်ခဲ့သည်မှ နှစ်လတိုင်တိုင် ရှိခဲ့ပါပြီ ။ ရဲဘော်တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ပါတယ်” လို့ မန္တလေးတိုင်း PDF က ဖော်ပြပါတယ်။

ငွေပမာဏ နည်းပေမယ့် မန္တလေးတိုင်း PDF ရဲဘော် အားလုံးကို ဖြန့်ဝေးပေးတာ ဖြစ်ပြီး အဲ့ဒီ အိတ်ဆောင်ပိုက်ဆံတွေဟာ ပြည်သူလူထုထံကနေ စီးဝင်လာတဲ့ငွေ ဖြစ်တဲ့အတွက် “ပြည်သူနှင့် PDF အကြား တော်လှန်ရေး ဝတ်မှုံကူးခြင်း” လည်း ဖြစ်တယ်လို့ မန္တလေးတိုင်း PDF က ဆိုပါတယ်။

“ပြည်သူများအနေဖြင့်လည်း မိမိတို့ လှူဒါန်းလိုက်သော အလှူငွေများဟာ PDF ရဲဘော်များထံ လက်ဝယ် လက်ရောက် ရောက်ရှိသွားတာကို မြင်ပြီး ပီတိဖြစ်နိုင်သလို ကျွန်တော်တို့ PDF ရဲဘော်များအနေဖြင့်လည်း နောက်ကျောမှာ ပြည်သူလူထု တရပ်လုံး ရှိတယ်လို့ ခံစားရတဲ့အတွက် အင်မတန်မှကို စိတ်နွေးရပါတယ်” လို့ မန္တလေးတိုင်း PDF က ဖော်ပြပါတယ်။

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ် နောင်ချိုနယ်ထဲမှာ ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်း PDF နှင့် စစ်အုပ်စုကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

လစဉ် အိတ်ဆောင်ပိုက်ဆံ တစ်လတစ်သောင်းကျပ် ရရှိတဲ့ မန္တလေးတိုင်း PDF – ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) ရဲဘော်တွေ/Photo – မန္တလေးတိုင်း PDF

Crd

Unicode

မႏၲေလးတိုင္း PDF ရဲေဘာ္ေတြ လစာေငြ တစ္လ တစ္ေသာင္းက်ပ္ စတင္ ရရွိ၊

MFP ၊ ဩဂုတ္ – ၅

ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္- မႏၲေလး (MDY-PDF) – မႏၲေလးတိုင္း PDF က ရဲေဘာ္ေတြအေနနဲ႔ အမ်ားျပည္သူရဲ့ ေထာက္ပံ့လႉဒါန္းေငြနဲ႔ လစဥ္ အိတ္ေဆာင္ ပိုက္ဆံအျဖစ္ တစ္လလၽွင္ က်ပ္တစ္ေသာင္း ရရွိတယ္လို႔ မႏၲေလးတိုင္း PDF က သတင္း ထုတ္ျပန္ပါတယ္။

“ရဲေဘာ္မ်ားအတြက္ ျပည္သူမ်ားမွ ေပးပို႔လႉဒါန္းေသာ အလႉေငြမ်ားျဖင့္ လစဥ္အိတ္ေဆာင္ ပိုက္ဆံမ်ား ေဝငွေပး နိုင္ခဲ့သည္မွ ႏွစ္လတိုင္တိုင္ ရွိခဲ့ပါၿပီ ။ ရဲေဘာ္တစ္ဦးလၽွင္ တစ္ေသာင္းက်ပ္ႏႈန္းျဖင့္ ျဖန႔္ေဝေပးခဲ့ျခင္း ျဖစ္ပါတယ္” လို႔ မႏၲေလးတိုင္း PDF က ေဖာ္ျပပါတယ္။

ေငြပမာဏ နည္းေပမယ့္ မႏၲေလးတိုင္း PDF ရဲေဘာ္ အားလုံးကို ျဖန႔္ေဝးေပးတာ ျဖစ္ၿပီး အဲ့ဒီ အိတ္ေဆာင္ပိုက္ဆံေတြဟာ ျပည္သူလူထုထံကေန စီးဝင္လာတဲ့ေငြ ျဖစ္တဲ့အတြက္ “ျပည္သူႏွင့္ PDF အၾကား ေတာ္လွန္ေရး ဝတ္မႈံကူးျခင္း” လည္း ျဖစ္တယ္လို႔ မႏၲေလးတိုင္း PDF က ဆိုပါတယ္။

“ျပည္သူမ်ားအေနျဖင့္လည္း မိမိတို႔ လႉဒါန္းလိုက္ေသာ အလႉေငြမ်ားဟာ PDF ရဲေဘာ္မ်ားထံ လက္ဝယ္ လက္ေရာက္ ေရာက္ရွိသြားတာကို ျမင္ၿပီး ပီတိျဖစ္နိုင္သလို ကၽြန္ေတာ္တို႔ PDF ရဲေဘာ္မ်ားအေနျဖင့္လည္း ေနာက္ေက်ာမွာ ျပည္သူလူထု တရပ္လုံး ရွိတယ္လို႔ ခံစားရတဲ့အတြက္ အင္မတန္မွကို စိတ္ေႏြးရပါတယ္” လို႔ မႏၲေလးတိုင္း PDF က ေဖာ္ျပပါတယ္။

မႏၲေလးတိုင္းႏွင့္ ရွမ္းျပည္နယ္အစပ္ ေနာင္ခ်ိဳနယ္ထဲမွာ ယခုရက္ပိုင္းအတြင္း မႏၲေလးတိုင္း PDF ႏွင့္ စစ္အုပ္စုၾကား တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနတယ္လို႔ ေဒသခံသတင္းရင္းျမစ္ေတြက ေျပာပါတယ္။

လစဥ္ အိတ္ေဆာင္ပိုက္ဆံ တစ္လတစ္ေသာင္းက်ပ္ ရရွိတဲ့ မႏၲေလးတိုင္း PDF – ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္- မႏၲေလး (MDY-PDF) ရဲေဘာ္ေတြ/Photo – မႏၲေလးတိုင္း PDF

Crd

Leave a Reply

Your email address will not be published.