ကိုဂျင်မီတို့ကပြောသော DASSK ကျန်းမာရေး

News

ကိုဂျင်မီတို့ကပြောသော DASSK ကျန်းမာရေး

မအလဟာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို သတ်လိုက်ချိန်မှာ မြန်မာပြည်ဟာ လက်စားချေ အမြစ်ပြတ်ရေးကို သွားမယ်ဆိုတာ သေချာသွားခဲ့ပါပြီ။ အထဲမှာ မအလကို နည်းမျိုးစုံနဲ့ တွန်းလှန်နေသူအားလုံး စာရေးသူအပါအဝင် မိမိကိုယ်ကို သေလူလို့သတ်မှတ်ပြီး တွန်းလှန်ရမယ်ဆိုတာ ကိုဂျင်မီတို့ကိစ္စက မီးမောင်းထိုးပြလိုက်တာပါ။

အချို့က ကိုဂျင်မီတို့ကြိုးပေးတာကို သတင်းလုံတာ အံ့ဩကြပါတယ်။ ဒီကိစ္စက မအလနဲ့ သူ့ဘုန်းကြီးမှတစ်ပါး သိသူမရှိခဲ့ပါ။ သူ့ဘုန်းကြီးက နေ့ရွေးပေးခဲ့ပြီး ဘုရားတည်ကာ ဘုရင်တွေလို ပြိုင်ဘက်ကိုသတ်ရင် သူအုပ်ချုပ်နိုင်မယ်ဆိုတဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အရူးအတွေးအခေါ်ကို အခြေခံထားတာပါ။ ကြိုးကျစ်တာက တပ်ထဲမှာကျစ်လဲရပါတယ်။

မအလက စိုးထွဋ်ကို နုတ်မိန့်ကိုယ်တိုင်ပေးခဲ့ပြီး စိုးထွဋ်က ကြီးကြပ်တာပါ။ သူသွားဖို့ စစ်လေယာဉ်ကို VIP ခရီးစဉ်ဆိုပြီး အသင့်စောင့်ခိုင်းခဲ့သလို ရန်ကုန်တိုင်းမှူးကိုလဲ အရေးကြီးကိစ္စ စိုးထွဋ်လုပ်ရန် လုံခြုံရေးယူဖို့ တစ်ရက်ကြို နုတ်မိန့်ထုတ်ခဲ့တာပါ။

ဒါတွေကို သူတို့လူကလွဲရင် အခြားလူက ကြိုသိဖို့ခက်ပါမယ်။ သူတို့ကို ထောက်ခံဆန္ဒပြဖို့လူစုရင်တောင် ဘယ်သွားရမယ်ဆိုတာကို ကားပေါ်ရောက်မှပြောတာပါ။ ဒါက စစ်ဆင်ရေးတွေမှာ တပ်သာပြင်ခိုင်းထားပြီး ဘယ်သွားရမယ်ဆိုတာကို သတင်းမပေါက်အောင် ကားထွက်ခါနီးမှပြောတဲ့ ဓလေ့ကနေလာပါတယ်။

မအလဟာ DASSK ကို ထောင်ထဲမှာထားရာမှာ ရာသီဥတုဒဏ်ခံရအောင်၊ ပိုးမွှားဒဏ်ခံရအောင် လုပ်ထားပါတယ်။ မိုးရာသီ ခြင်ဘယ်လောက်ထလဲ အားလုံးသိမှာပါ။

သူမပြတင်းပေါက်ကို လိုက်ကာမပေးဘဲထားခြင်းဖြင့် တဆင့်ခံသတ်နေတာပါ။ အစားအသောက်မှာလဲ DASSK မစားတာသာကျွေးပြီး မသေသေအောင် လုပ်နေတာပါ။

ဆရာဝန်ဆိုတာက ဖြစ်မှကုရတာဖြစ်ပြီး မဖြစ်ခင်က ကာကွယ်ဖို့ အဓိကပါ။ ဒါထက်ဆိုးတာက DASSK ရဲ့ ရေချိုးခန်းက ချော်လဲဖို့ အင်မတန်လွယ်အောင် လုပ်ထားတာပါ။ သူမအသက်မှာ ချော်လဲရင် အရိုးကျိုးဖို့များသလို ကျိုးခဲ့ရင်လဲ ပြန်ကောင်းဖို့က လူငယ်တွေထက် အချိန်ကြာမှာပါ။ ချော်လဲလို့ ခေါင်းကွဲသွားနိုင်ပါတယ်။

အကျဉ်းချုပ်ရရင် တိုင်းပြည်စစ်ကျွန်ဘဝက လွတ်မြောက်ရေးမှသည် DASSK လွတ်မြောက်ရေးအထိ စာရေးသူတို့ဖာသာ လုပ်ရမှာပါ။ နိုင်ငံခြားက စာထုတ်တာကလွဲပြီး ဘာမှလုပ်မှာမဟုတ်ပါ။ စစ်နိုင်ဖို့က ငွေပါ။ ငွေရှိမှ ပြင်းအားကောင်းကောင်းလေး မုန့်ဟင်းခါးကျွေးနိုင်မှာပါ။ ဥပမာ ကားတစ်စီးကို ယမ်းအားပေါ်မူတည်ပြီး ခွေးဘယ်လာက်သေမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

၅သိန်းမိုင်းက ၁၀ သိန်းမိုင်းလောက် မုန့်ဟင်းခါးမကောင်းပါ။ ငွေရှိမှ လက်နက်တွေက ဝေးဝေးပစ်နိုင်မှာဖြစ်ပြီး ဝေးဝေးပစ်နိုင်လေ နိုင်ဖို့ နီးလာလေပါ။ ပြည်တွင်းက click လုပ်ပြီး ပြည်ပက PRF အဖွဲ့ဝင်လှူ၊ မအလအိမ်ကိုရှယ်ရာဝယ်လှူပြီး ကြွေးဆပ်မယ် စီမံချက်မှာပါဝင်ခြင်းဖြင့် အကြွေးဆပ်နိုင်အောင် ကြိုးစားကြပါလို့ ပြောပါရစေ။

ဟိုတယ်ကနေ NUG ဝေဖန်ရေးလုပ်တဲ့ တော်လှန်ရေးက လွယ်ပါတယ်။ ဒီထက်ပိုလုပ်နိုင်အောင် အားလုံးကြိုးစားကြပါ။ နောက်ဆုံးက ပြည်သူသာအဓိကဖြစ်ပြီး တရားသောသူသာ နိုင်ရမှာပါ။

တရားသောစစ် မုချအောင်ရမည်။

Myat Tun Oo

Crd

Unicode

ကိုဂ်င္မီတို႔ကေျပာေသာ DASSK က်န္းမာေရ

မအလဟာ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္တို႔ကို သတ္လိုက္ခ်ိန္မွာ ျမန္မာျပည္ဟာ လက္စားေခ် အျမစ္ျပတ္ေရးကို သြားမယ္ဆိုတာ ေသခ်ာသြားခဲ့ပါၿပီ။ အထဲမွာ မအလကို နည္းမ်ိဳးစုံနဲ႔ တြန္းလွန္ေနသူအားလုံး စာေရးသူအပါအဝင္ မိမိကိုယ္ကို ေသလူလို႔သတ္မွတ္ၿပီး တြန္းလွန္ရမယ္ဆိုတာ ကိုဂ်င္မီတို႔ကိစၥက မီးေမာင္းထိုးျပလိုက္တာပါ။

အခ်ိဳ႕က ကိုဂ်င္မီတို႔ႀကိဳးေပးတာကို သတင္းလုံတာ အံ့ဩၾကပါတယ္။ ဒီကိစၥက မအလနဲ႔ သူ႔ဘုန္းႀကီးမွတစ္ပါး သိသူမရွိခဲ့ပါ။ သူ႔ဘုန္းႀကီးက ေန႔ေရြးေပးခဲ့ၿပီး ဘုရားတည္ကာ ဘုရင္ေတြလို ၿပိဳင္ဘက္ကိုသတ္ရင္ သူအုပ္ခ်ဳပ္နိုင္မယ္ဆိုတဲ့ ေခတ္ေနာက္ျပန္ဆြဲတဲ့ အ႐ူးအေတြးအေခၚကို အေျခခံထားတာပါ။ ႀကိဳးက်စ္တာက တပ္ထဲမွာက်စ္လဲရပါတယ္။

မအလက စိုးထြဋ္ကို ႏုတ္မိန္႔ကိုယ္တိုင္ေပးခဲ့ၿပီး စိုးထြဋ္က ႀကီးၾကပ္တာပါ။ သူသြားဖို႔ စစ္ေလယာဥ္ကို VIP ခရီးစဥ္ဆိုၿပီး အသင့္ေစာင့္ခိုင္းခဲ့သလို ရန္ကုန္တိုင္းမႉးကိုလဲ အေရးႀကီးကိစၥ စိုးထြဋ္လုပ္ရန္ လုံျခဳံေရးယူဖို႔ တစ္ရက္ႀကိဳ ႏုတ္မိန္႔ထုတ္ခဲ့တာပါ။

ဒါေတြကို သူတို႔လူကလြဲရင္ အျခားလူက ႀကိဳသိဖို႔ခက္ပါမယ္။ သူတို႔ကို ေထာက္ခံဆႏၵျပဖို႔လူစုရင္ေတာင္ ဘယ္သြားရမယ္ဆိုတာကို ကားေပၚေရာက္မွေျပာတာပါ။ ဒါက စစ္ဆင္ေရးေတြမွာ တပ္သာျပင္ခိုင္းထားၿပီး ဘယ္သြားရမယ္ဆိုတာကို သတင္းမေပါက္ေအာင္ ကားထြက္ခါနီးမွေျပာတဲ့ ဓေလ့ကေနလာပါတယ္။

မအလဟာ DASSK ကို ေထာင္ထဲမွာထားရာမွာ ရာသီဥတုဒဏ္ခံရေအာင္၊ ပိုးမႊားဒဏ္ခံရေအာင္ လုပ္ထားပါတယ္။ မိုးရာသီ ျခင္ဘယ္ေလာက္ထလဲ အားလုံးသိမွာပါ။

သူမျပတင္းေပါက္ကို လိုက္ကာမေပးဘဲထားျခင္းျဖင့္ တဆင့္ခံသတ္ေနတာပါ။ အစားအေသာက္မွာလဲ DASSK မစားတာသာေကၽြးၿပီး မေသေသေအာင္ လုပ္ေနတာပါ။

ဆရာဝန္ဆိုတာက ျဖစ္မွကုရတာျဖစ္ၿပီး မျဖစ္ခင္က ကာကြယ္ဖို႔ အဓိကပါ။ ဒါထက္ဆိုးတာက DASSK ရဲ့ ေရခ်ိဳးခန္းက ေခ်ာ္လဲဖို႔ အင္မတန္လြယ္ေအာင္ လုပ္ထားတာပါ။ သူမအသက္မွာ ေခ်ာ္လဲရင္ အရိုးက်ိဳးဖို႔မ်ားသလို က်ိဳးခဲ့ရင္လဲ ျပန္ေကာင္းဖို႔က လူငယ္ေတြထက္ အခ်ိန္ၾကာမွာပါ။ ေခ်ာ္လဲလို႔ ေခါင္းကြဲသြားနိုင္ပါတယ္။

အက်ဥ္းခ်ဳပ္ရရင္ တိုင္းျပည္စစ္ကၽြန္ဘဝက လြတ္ေျမာက္ေရးမွသည္ DASSK လြတ္ေျမာက္ေရးအထိ စာေရးသူတို႔ဖာသာ လုပ္ရမွာပါ။ နိုင္ငံျခားက စာထုတ္တာကလြဲၿပီး ဘာမွလုပ္မွာမဟုတ္ပါ။ စစ္နိုင္ဖို႔က ေငြပါ။ ေငြရွိမွ ျပင္းအားေကာင္းေကာင္းေလး မုန္႔ဟင္းခါးေကၽြးနိုင္မွာပါ။ ဥပမာ ကားတစ္စီးကို ယမ္းအားေပၚမူတည္ၿပီး ေခြးဘယ္လာက္ေသမယ္ဆိုတာ ခန္႔မွန္းလို႔ရပါတယ္။

၅သိန္းမိုင္းက ၁၀ သိန္းမိုင္းေလာက္ မုန္႔ဟင္းခါးမေကာင္းပါ။ ေငြရွိမွ လက္နက္ေတြက ေဝးေဝးပစ္နိုင္မွာျဖစ္ၿပီး ေဝးေဝးပစ္နိုင္ေလ နိုင္ဖို႔ နီးလာေလပါ။ ျပည္တြင္းက click လုပ္ၿပီး ျပည္ပက PRF အဖြဲ႕ဝင္လႉ၊ မအလအိမ္ကိုရွယ္ရာဝယ္လႉၿပီး ေႂကြးဆပ္မယ္ စီမံခ်က္မွာပါဝင္ျခင္းျဖင့္ အေႂကြးဆပ္နိုင္ေအာင္ ႀကိဳးစားၾကပါလို႔ ေျပာပါရေစ။

ဟိုတယ္ကေန NUG ေဝဖန္ေရးလုပ္တဲ့ ေတာ္လွန္ေရးက လြယ္ပါတယ္။ ဒီထက္ပိုလုပ္နိုင္ေအာင္ အားလုံးႀကိဳးစားၾကပါ။ ေနာက္ဆုံးက ျပည္သူသာအဓိကျဖစ္ၿပီး တရားေသာသူသာ နိုင္ရမွာပါ။

တရားေသာစစ္ မုခ်ေအာင္ရမည္။

Myat Tun Oo

Crd

Leave a Reply

Your email address will not be published.