
News





အင်အား(၅၀)ခန့်ဝိုင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ခံလိုက်ရတဲ့ 5Star အဖွဲ့ဝင် အောင်သော်ရဲ့ ပရဟိတအသင်းရုံးဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေသလို ပရဟိတအလုပ်တွေနဲ့လည်း ပြည်သူတွေကိုအကျိုးပြုနေသူတွေထဲမှာ 5Star အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အောင်သော်ကလည်း အပါအဝင်ပါပဲ..။

အောင်သော်ကိုယ်တိုင် ဦးစီးတည်ထောင်ထားတဲ့ ရန်ကုန်မြို့က Golden Middle Way ပရဟိတအသင်းရုံးကို ပြီးခဲ့တဲ့ညက စစ်သားအယောက်(၅၀)ခန့် လာရောက်ဝိုင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်..။

​ “သေချာတာက​တော့ အသင်းက​​နေပြီး ပြည်သူ့အစိုးရလက်ထက်မှာ ရှိစုမဲ့စု အသင်းပိုင်ကား​လေး​တွေနဲ့ မနားတမ်း ​ပြေးလွှားလှုပ်ရှားခဲ့ရတဲ့ လူနာနဲ့ ​စောင့်ကြည့်လူနာ ကြိုပို့ထားတဲ့ စာရင်း​တွေ အ​တော်​လေး ရသွားမယ်လို့​တော့ ထင်ပါတယ်..” ဆိုပြီးတော့လည်း ဦးကေသရက ပြောပြထားပါသေးတယ်..။

ပြည်သူတွေကလည်း အများအကျိုးပြုပေးနေတဲ့ ပရဟိတအသင်းတွေအတွက် အားပေးစကားတွေဆိုထားသလိုအောင်သော်တို့အသင်းအတွက်လည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Leave a Reply

Your email address will not be published. Required fields are marked *