မဟာဗောဓိမြိုင်ဆရာတော်ကြီး တည်ထားတော်မူသော မင်းဘိသိက်ခံဘုရား၏ ထူးခြား ဖြစ်ရပ်တစ်ခု”
မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဘုရားသုံးဆူကိုသာ တည်ထား တော်မူခဲ့သည့်တိုင်အောင် အဲဒီဘုရားများကို တည်ထားတော်မူချိန်များမှာ ထူခြား တဲ့အဖြစ်အပျက်များဖြစ်ပျက်ခဲ့တာကိုလည်း ဆရာတော်ကြီး ရေးသားတော်မူတဲ့ စာအုပ်များမှာ၊ ဟောကြားတော်မူတဲ့ တရားတော်များမှာ တွေ့ရပါတယ်။




ဒီစာစုမှာတော့ မင်းဘိသိက်ခံဘုရားမှာဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ပြောလိုပါတယ်။
‘ထိုစဉ်က ဖြစ်ရပ်တစ်ခုလည်း ထူးခြားလွန်းသဖြင့် ဤနေရာမှနေ စကားဆိုခဲ့မည်။ ယင်းကား မင်းဘိသိက်ခံဘုရား ထီးတော်သရဖူတင်လှူမည့် နံနက်ကပင်ဖြစ်၏။
ဇီးကုန်း(ထန်းတပင်)မှ လာရောက်၍ လျှပ်စစ်မီးများအတွက် တာဝန်ခံတပ်ဆင်နေသော လျှပ်စစ်မှူးကြီးသည် နံနက်စောစော အိပ်ယာမှနိုးသဖြင့် ဓမ္မရုံအောက်သို့ ဆင်းခဲ့၏။
ထိုစဉ် ဆောင်းနှင်းပန်းပုံကြီးတစ်ပုံ လူ့ရင်ဆို့ ခါးလယ်မျှတွေ့ရရာ ‘အင်း သည်ပန်းတွေက ဂေါပကလူကြီးများ ဝယ်ပုံထားသည် ထင်၏။ ငါလည်း ဘုရားလှူရန် တစ်ခိုင်မျှ ယူထားအံ့’ကြံစည်ကာ ရှာဖွေ၏။ တွေ့၏။




ယင်းကား ပန်းပုံကြီး၏ ထပ်တည့်တည့်တွင် တစ်ခိုင်တည်းသော ထူးထူးခြားခြား ခြေတံမဲ့ အပွင့်ခိုင် သက်သက်ပင်။
သို့နှင့် ယင်း နှင်းပွင့်ခြေတိုလေးအားယူပြီး တစ်ဖန်ပြန်လည် အိပ်သည် ဆို၏။ နံနက်လင်း၍ ထကြည့်သောအခါ ပန်းပုံကြီးကား မတွေ့ရတော့ပါ။
မိမိလက်မိရ နှင်းပွင့်ခိုင်လေးသာ လက်ရာမပျက် ရှိပါတော့သည်။ မည်သူမျှ မယူ အလိုလို ပုံပျောက်သွားခြင်းတည်း။ မည်သူမျှလည်း မပုံထား အလိုလို ပုံရောက်လာခြင်းများတည်း။’
(ကိုယ်ပွားဘုရားအားထားသူများအကြောင်း၊ စာ-၁၃၂)




ဒါကတော့ ဆရာတော်ကြီးရေးသားထားတဲ့ ‘ကိုယ်ပွားဘုရားအားထားသူ များအကြောင်း’ဆိုတဲ့စာအုပ်ထဲက မင်းဘိသိက်ခံဘုရားနဲ့ပတ်သက်တဲ့ ထူးဆန်း တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး မြင်အပ်၊ မမြင်အပ်များက ဆရာတော်ကြီးတည်ထားတော် မူတဲ့ မင်းဘိသိက်ခံဘုရားကို ပူဇော်အထူးပြုခြင်းလို့ ကျွန်တော့်အနေနဲ့ နားလည် မိပါတယ်။
လောကမှာ ပါရမီထူးသူများဟာ ဖြစ်ရပ်ဆန်းများနဲ့ ကြုံရဆုံရလေ့ ရှိမြဲ ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဘဝထိုထိုမှာ ထူးပါပေ့၊ ဆန်းပါပေ့လို့ဆိုနိုင်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံဆုံခဲ့ရတော်မူပါတယ်။
အဲဒီများစွာသော အဖြစ်တွေကိုလည်း စာပေအားဖြင့် ကျမ်းစာအုပ်များမှာ မှတ်တမ်းတင် ရေးသားတော်မူခဲ့ပါတယ်။




အခု ဒီစာစုမှာ ဖော်ပြတဲ့ မင်းဘိသိက်ခံ ဘုရားနဲ့ပတ်သက်တဲ့အဖြစ်အပျက်ဟာ ထူးခြားမှုများစွာများထဲမှ တစ်ခုသာဖြစ်ပြီး ဆရာတော်ကြီးရဲ့ ပါရမီထူးနဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အား ကြည်ညိုပူဇော်နိုင်ရန် ရည်ရွယ်၍ ရေးသားရခြင်းဖြစ်ကြောင်းပါဗျာ။
Crd
UNICODE
မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး တည္ထားေတာ္မူေသာ မင္းဘိသိက္ခံဘုရား၏ ထူးျခား ျဖစ္ရပ္တစ္ခု”
မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးဟာ ဘုရားသုံးဆူကိုသာ တည္ထား ေတာ္မူခဲ့သည့္တိုင္ေအာင္ အဲဒီဘုရားမ်ားကို တည္ထားေတာ္မူခ်ိန္မ်ားမွာ ထူျခား တဲ့အျဖစ္အပ်က္မ်ားျဖစ္ပ်က္ခဲ့တာကိုလည္း ဆရာေတာ္ႀကီး ေရးသားေတာ္မူတဲ့ စာအုပ္မ်ားမွာ၊ ေဟာၾကားေတာ္မူတဲ့ တရားေတာ္မ်ားမွာ ေတြ႕ရပါတယ္။




ဒီစာစုမွာေတာ့ မင္းဘိသိက္ခံဘုရားမွာျဖစ္ပ်က္ခဲ့တဲ့ ထူးဆန္းတဲ့အျဖစ္အပ်က္တစ္ခုကို ေျပာလိုပါတယ္။
‘ထိုစဥ္က ျဖစ္ရပ္တစ္ခုလည္း ထူးျခားလြန္းသျဖင့္ ဤေနရာမွေန စကားဆိုခဲ့မည္။ ယင္းကား မင္းဘိသိက္ခံဘုရား ထီးေတာ္သရဖူတင္လႉမည့္ နံနက္ကပင္ျဖစ္၏။
ဇီးကုန္း(ထန္းတပင္)မွ လာေရာက္၍ လွ်ပ္စစ္မီးမ်ားအတြက္ တာဝန္ခံတပ္ဆင္ေနေသာ လွ်ပ္စစ္မႉးႀကီးသည္ နံနက္ေစာေစာ အိပ္ယာမွႏိုးသျဖင့္ ဓမၼ႐ုံေအာက္သို႔ ဆင္းခဲ့၏။
ထိုစဥ္ ေဆာင္းႏွင္းပန္းပုံႀကီးတစ္ပုံ လူ႔ရင္ဆို႔ ခါးလယ္မွ်ေတြ႕ရရာ ‘အင္း သည္ပန္းေတြက ေဂါပကလူႀကီးမ်ား ဝယ္ပုံထားသည္ ထင္၏။ ငါလည္း ဘုရားလႉရန္ တစ္ခိုင္မွ် ယူထားအံ့’ႀကံစည္ကာ ရွာေဖြ၏။ ေတြ႕၏။




ယင္းကား ပန္းပုံႀကီး၏ ထပ္တည့္တည့္တြင္ တစ္ခိုင္တည္းေသာ ထူးထူးျခားျခား ေျခတံမဲ့ အပြင့္ခိုင္ သက္သက္ပင္။
သို႔ႏွင့္ ယင္း ႏွင္းပြင့္ေျခတိုေလးအားယူၿပီး တစ္ဖန္ျပန္လည္ အိပ္သည္ ဆို၏။ နံနက္လင္း၍ ထၾကည့္ေသာအခါ ပန္းပုံႀကီးကား မေတြ႕ရေတာ့ပါ။
မိမိလက္မိရ ႏွင္းပြင့္ခိုင္ေလးသာ လက္ရာမပ်က္ ရွိပါေတာ့သည္။ မည္သူမွ် မယူ အလိုလို ပုံေပ်ာက္သြားျခင္းတည္း။ မည္သူမွ်လည္း မပုံထား အလိုလို ပုံေရာက္လာျခင္းမ်ားတည္း။’
(ကိုယ္ပြားဘုရားအားထားသူမ်ားအေၾကာင္း၊ စာ-၁၃၂)
ဒါကေတာ့ ဆရာေတာ္ႀကီးေရးသားထားတဲ့ ‘ကိုယ္ပြားဘုရားအားထားသူ မ်ားအေၾကာင္း’ဆိုတဲ့စာအုပ္ထဲက မင္းဘိသိက္ခံဘုရားနဲ႔ပတ္သက္တဲ့ ထူးဆန္း တဲ့ျဖစ္ရပ္တစ္ခုျဖစ္ၿပီး ျမင္အပ္၊ မျမင္အပ္မ်ားက ဆရာေတာ္ႀကီးတည္ထားေတာ္ မူတဲ့ မင္းဘိသိက္ခံဘုရားကို ပူေဇာ္အထူးျပဳျခင္းလို႔ ကြၽန္ေတာ့္အေနနဲ႔ နားလည္ မိပါတယ္။




ေလာကမွာ ပါရမီထူးသူမ်ားဟာ ျဖစ္ရပ္ဆန္းမ်ားနဲ႔ ႀကဳံရဆုံရေလ့ ရွိၿမဲ ျဖစ္ပါတယ္။ ေက်းဇူးေတာ္ရွင္ မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးဟာ ဘဝထိုထိုမွာ ထူးပါေပ့၊ ဆန္းပါေပ့လို႔ဆိုႏိုင္တဲ့ ျဖစ္ရပ္ေတြနဲ႔ ႀကဳံဆုံခဲ့ရေတာ္မူပါတယ္။
အဲဒီမ်ားစြာေသာ အျဖစ္ေတြကိုလည္း စာေပအားျဖင့္ က်မ္းစာအုပ္မ်ားမွာ မွတ္တမ္းတင္ ေရးသားေတာ္မူခဲ့ပါတယ္။
အခု ဒီစာစုမွာ ေဖာ္ျပတဲ့ မင္းဘိသိက္ခံ ဘုရားနဲ႔ပတ္သက္တဲ့အျဖစ္အပ်က္ဟာ ထူးျခားမႈမ်ားစြာမ်ားထဲမွ တစ္ခုသာျဖစ္ၿပီး ဆရာေတာ္ႀကီးရဲ႕ ပါရမီထူးနဲ႔ သီလဂုဏ္၊ သမာဓိဂုဏ္၊ ပညာဂုဏ္တို႔အား ၾကည္ညိဳပူေဇာ္ႏိုင္ရန္ ရည္႐ြယ္၍ ေရးသားရျခင္းျဖစ္ေၾကာင္းပါဗ်ာ။
Crd