လူဖြစ်ချင်လို့ ဆက်ပြီး ကို့လိပ်ပြာလေးကို စောင့်ရှောက်ပါရစေဆိုတဲ့ ဖြူဖြူကျော်သိန်း

News

လူဖြစ်ချင်လို့ ဆက်ပြီး ကို့လိပ်ပြာလေးကို စောင့်ရှောက်ပါရစေဆိုတဲ့ ဖြူဖြူကျော်သိန်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် အဆိုတော်ဖြူဖြူကျော်သိန်းပြောပြလာတဲ့ သွေးထွက်အောင်မှန်တဲ့ အမှန်တရားတစ်ခုကို စာဖတ်ပရိတ်သတ်ကြီးများအ တွက် အခုလိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်။

အဆိုတော်ဖြူဖြူကျော်သိန်းက လိပ်ပြာမဲ့သူ၊ လူရယ်လို့အမည်ခံရှင်သန်လာတဲ့ဘဝမှာ လူမှန်ရင်လိပ်ပြာပါလာသတဲ့၊ ခန္ဓာကိုအစာကျွေး ဉာဏ်ကလေးတပ်ပေးရုံနဲ့ လူပီသပြီလားဆိုတော့ လိပ်ပြာကထမေးတယ်၊ ငါ့ကိုရောဘာကျွေးမလဲ၊ မင်းတစ်ယောက်တည်းနဲ့လူလို့ခေါ်မရဘူးလေတဲ့၊လူပီသဖို့ရာ လိပ်ပြာကအခရာမို့ သူ့ကိုမေ့ထားလို့မရတဲ့သဘော၊ မင်းဘာအစာစားမလဲပြောဆိုတော့ကိုယ်ချင်းစာ တဲ့၊ အဲ့ဒီမှာခက်ပါလေရော။

ကိုယ်ချင်းစာ မစားဖူးတဲ့သူက ဈေးကြီးလို့မကျွေးနိုင် တိုင်ချင်ရာတိုင်ဆိုပဲ၊ ဟ ဒါကလေးကလားကိစ္စမဟုတ် အစာမကျွေးရင်သေမယ့်ထဲ ငါလည်းပါတယ်လေကွာတဲ့၊ ဒီလိုနဲ့ နောက်ဆုံး လိပ်ပြာသာကိစ္စတုံးသွားရှာတယ်၊ အခွံကြီးကတော့ ပျော်ပျော်ကြီးကျန်ခဲ့လေရဲ့။

လိပ်ပြာမရှိတော့တဲ့နောက်လူမမြောက်တော့တဲ့သူက သူ့ကိုယ်သူဖုတ်ကောင်ဖြစ်မှန်းလည်းမသိ တတိတိဆုတ် ယုတ် အနုတ်တွေမှာသာယာ အမှားတွေမှာနစ်မျောကိုယ့်ဟာကိုယ်အထင်ကြီး သူတော်ကောင်းကြီးထင်သေးတာတဲ့၊ ကိုယ့်လိပ်ပြာကတောင်းစားတဲ့၊ ကိုယ်ချင်းစာလေးတောင်မကျွေးနိုင်ပဲ လိပ်ပြာကိုရင်းလိုက်မှတော့တခြားဘယ်သူ့ကို ကိုယ်ချင်းစာပေးပါ့မလဲ။

ကိုယ်ချင်းစာတယ်ဆိုတာ လိပ်ပြာပါသူတွေသာ လုပ်နိုင်တာမို့ လိပ်ပြာမဲ့သူတွေရဲ့ အိပ်မက်ထဲ ဈေးကြီးတဲ့အဆိပ်တွေပဲ ဝဲနေကြပါစေတော့လေ၊ ငါကတော့ လူ ဖြစ်ချင်လို့ ငါ့လိပ်ပြာလေး သေမသွားအောင် တတ်သလောက် မှတ်သလောက် ဆက်စောင့်ရှောက်ပါရစေဦးဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာ ဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Crd

Unicode

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Crd

Leave a Reply

Your email address will not be published.