ဂျပန်သွားရောက်ရန် အဓိကကျသည့် လျှောက်လွာမရ၍ ရုန့်ရင်းဆတ်ခတ်ဖြစ် လူငယ်အယောက်နှစ်ဆယ်ထက်မနည်း ဖမ်းဆီးခံထားရ

News

ဂျပန်သွားရောက်ရန် အဓိကကျသည့် လျှောက်လွာမရ၍ ရုန့်ရင်းဆတ်ခတ်ဖြစ် လူငယ်အယောက်နှစ်ဆယ်ထက်မနည်း ဖမ်းဆီးခံထားရ

ဂျပန်သွားရောက် အလုပ်လုပ်ရန် အဓိကကျသည့် ဂျပန်ဘာသာစကား N4 Level စာမေးပွဲ လျှောက် လွှာရရှိရေး ယနေ့ နံနက်ပိုင်း လူငယ် ၅၀၀၀ ကျော်တန်းစီ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး

လျှောက်လွှာထုတ်ပေးသည့် အဆောင်မီးလောင်သဖြင့် လူငယ် ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ ကြောင်း လျှောက်လွှာ တန်းစီခဲ့သည့် လူငယ်များထံမှ သိရှိရသည်။

ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ဂိတ် ၄ တွင် သြဂုတ် ၅ရက်၊ နံနက် ၄နာရီခန့်မှစပြီး JLPT 2022 December ရန်ကုန်စာဖြေဌာနအတွက် N4 Level ‌လျှောက်လွှာများ ရရှိရေး လူငယ် ၅၀၀၀ ကျော်က အလုအယက်တန်းစီ ခဲ့ကြသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် လျှောက်လွှာ ရောင်းချခြင်းကို ရပ်ဆိုင်းကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ကြေညာခဲ့ရာ လူငယ်များ ဒေါသထွက်ကြကြောင်း၊

လျှောက်လွှာ မရောင်းတော့ဟု ကြေညာပြီးနောက် ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ အဆောင်တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူငယ် ၁၀ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“JLPT Level N4 လျှောက်လွှာရဖို့ လူငယ်တွေက ကာဖျူးတောင်မမှုဘဲ မနက် ၁ နာရီကတည်းက တန်းစီနေတာ။ မနက် ၄ နာရီမှာ မှာ လူ ၅၀၀၀ ကျော်နေပြီ။ အဲဒါ ရုန်းရင်းဆန်ခတ်တွေဖြစ်တော့ လျောက်လွှာပိတ်လိုက်ပြီ၊ အွန်လိုင်းကပဲ လက်ခံတော့မယ် ကြေညာတယ်။ အဲဒါ ကျောင်းတံခါးတွေကို ရိုက်ချိုးကြတယ်။ လူငယ်တွေက ဒေါသထွက်ကုန်တာ။ နောက်တော့ ကျောင်းထဲမီးလောင်တယ်။ အဲဒါ ကျောင်းဝင်းထဲ လူငယ် ၁၀ ဦးကျော်ကို ဖမ်းသွားတယ်” ဟု လျှောက်လွှာတန်းစီခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။

ဂျပန်ဘာသာ N4 Level စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး လက်မှတ်ရရှိပါက ဂျပန်နိုင်ငံသွားရောက်ရန် အခွင့်အလမ်းများသဖြင့် လူငယ်အများအပြား ဂျပန်သွားရောက် အလုပ်လုပ်ကိုင်လိုကြခြင်းဖြစ်သည်။

“ဒီမှာက ဘာအနာဂတ်မှ မရှိတော့ဘူး။ ဘ၀တွေက မအလ ကြောင့် သေကုန်ပြီ။ စျေးတွေကလည်း တစ်နေ့တစ်ခြား တက်နေတာ။ ဘ၀တွေက ရှင်လျက်နဲ့သေကုန်ပြီ။ အဲဒါကြောင့် နိုင်ငံခြားထွက်ဖို့ပဲ လုပ်တာ။ ဂျပန်မရရင်တော့ စင်ကာပူ၊ မလေရှား၊ အနိမ့်ဆုံးထိုင်းတော့ ထွက်မယ်စဉ်းစားတယ်” ဟု လူငယ်တစ်ဦးက ဆိုသည်။

Credit.

Zawgyi code

ဂ်ပန္သြားေရာက္ရန္ အဓိကက်သည့္ ေလွ်ာက္လြာမရ၍ ႐ုန႔္ရင္းဆတ္ခတ္ျဖစ္ လူငယ္အေယာက္ႏွစ္ဆယ္ထက္မနည္း ဖမ္းဆီးခံထားရ

ဂ်ပန္သြားေရာက္ အလုပ္လုပ္ရန္ အဓိကက်သည့္ ဂ်ပန္ဘာသာစကား N4 Level စာေမးပြဲ ေလွ်ာက္ လႊာရရွိေရး ယေန႕ နံနက္ပိုင္း လူငယ္ ၅၀၀၀ ေက်ာ္တန္းစီ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ၿပီး

ေလွ်ာက္လႊာထုတ္ေပးသည့္ အေဆာင္မီးေလာင္သျဖင့္ လူငယ္ ၁၀ ဦးထက္မနည္းဖမ္းဆီးခံရ ေၾကာင္း ေလွ်ာက္လႊာ တန္းစီခဲ့သည့္ လူငယ္မ်ားထံမွ သိရွိရသည္။

ကမာ႐ြတ္ၿမိဳ႕နယ္ရွိ ရန္ကုန္ပညာေရးတကၠသိုလ္ Learning Hub ဂိတ္ ၄ တြင္ ၾသဂုတ္ ၅ရက္၊ နံနက္ ၄နာရီခန႔္မွစၿပီး JLPT 2022 December ရန္ကုန္စာေျဖဌာနအတြက္ N4 Level ‌ေလွ်ာက္လႊာမ်ား ရရွိေရး လူငယ္ ၅၀၀၀ ေက်ာ္က အလုအယက္တန္းစီ ခဲ့ၾကသျဖင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ေၾကာင္း၊ ယင္းေနာက္ ေလွ်ာက္လႊာ ေရာင္းခ်ျခင္းကို ရပ္ဆိုင္းေၾကာင္း JLPT စာေမးပြဲက်င္းပေရးေကာ္မတီ၊ ျမန္မာနိုင္ငံဂ်ပန္ျပန္ပညာသင္ေဟာင္းအသင္း (MAJA)က ေၾကညာခဲ့ရာ လူငယ္မ်ား ေဒါသထြက္ၾကေၾကာင္း၊

ေလွ်ာက္လႊာ မေရာင္းေတာ့ဟု ေၾကညာၿပီးေနာက္ ရန္ကုန္ပညာေရးတကၠသိုလ္ရွိ အေဆာင္တစ္ခုတြင္ မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး လူငယ္ ၁၀ ဦးထက္မနည္းကို စစ္တပ္က ဖမ္းဆီးသြားေၾကာင္း သိရွိရသည္။

“JLPT Level N4 ေလွ်ာက္လႊာရဖို႔ လူငယ္ေတြက ကာဖ်ဴးေတာင္မမႈဘဲ မနက္ ၁ နာရီကတည္းက တန္းစီေနတာ။ မနက္ ၄ နာရီမွာ မွာ လူ ၅၀၀၀ ေက်ာ္ေနၿပီ။ အဲဒါ ႐ုန္းရင္းဆန္ခတ္ေတြျဖစ္ေတာ့ ေလ်ာက္လႊာပိတ္လိုက္ၿပီ၊ အြန္လိုင္းကပဲ လက္ခံေတာ့မယ္ ေၾကညာတယ္။ အဲဒါ ေက်ာင္းတံခါးေတြကို ရိုက္ခ်ိဳးၾကတယ္။ လူငယ္ေတြက ေဒါသထြက္ကုန္တာ။ ေနာက္ေတာ့ ေက်ာင္းထဲမီးေလာင္တယ္။ အဲဒါ ေက်ာင္းဝင္းထဲ လူငယ္ ၁၀ ဦးေက်ာ္ကို ဖမ္းသြားတယ္” ဟု ေလွ်ာက္လႊာတန္းစီခဲ့သည့္ ေက်ာင္းသူတစ္ဦးက ေျပာသည္။

ဂ်ပန္ဘာသာ N4 Level စာေမးပြဲ ေျဖဆိုေအာင္ျမင္ၿပီး လက္မွတ္ရရွိပါက ဂ်ပန္နိုင္ငံသြားေရာက္ရန္ အခြင့္အလမ္းမ်ားသျဖင့္ လူငယ္အမ်ားအျပား ဂ်ပန္သြားေရာက္ အလုပ္လုပ္ကိုင္လိုၾကျခင္းျဖစ္သည္။

“ဒီမွာက ဘာအနာဂတ္မွ မရွိေတာ့ဘူး။ ဘ၀ေတြက မအလ ေၾကာင့္ ေသကုန္ၿပီ။ ေစ်းေတြကလည္း တစ္ေန႕တစ္ျခား တက္ေနတာ။ ဘ၀ေတြက ရွင္လ်က္နဲ႕ေသကုန္ၿပီ။ အဲဒါေၾကာင့္ နိုင္ငံျခားထြက္ဖို႔ပဲ လုပ္တာ။ ဂ်ပန္မရရင္ေတာ့ စင္ကာပူ၊ မေလရွား၊ အနိမ့္ဆုံးထိုင္းေတာ့ ထြက္မယ္စဥ္းစားတယ္” ဟု လူငယ္တစ္ဦးက ဆိုသည္။

Credit.

Leave a Reply

Your email address will not be published.