အိုးဘိုထောင်အတွင်းမှ အရေးပေါ်အခြေအနေကို မိဘပြည်သူများသိရှိကြစေရန်အသိပေးအကြောင်းကြားခြင်း
ဇေယျာသော်တို့အား ကွပ်မျက်သည့်သတင်းကြားပြီး အိုးဘိုထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံသပိတ်မှောက်နေကြပါသည် ထိုအထဲမှ ၂ဦးမှာ ယခုအခါ ထောင်ဆေးရုံတွင်တိုက်ပိတ်ခံထားရပြီး အသက်အန္တရယ်စိုးရိမ်ရပါသည်

ဆေးရုံကGlucose သွင်းပေးသည်ကိုပင်ငြင်းပါယ်ကာ ဆက်လက်ဆန္ဒထုတ်ဖော်သပိတ်မှောက်နေပါသည် ဤပုံအတိုင်းဆို သပိတ်မှောက်ရင်းအသက်ဆုံးပါးနိုင်ပါသည် အခြားသူများလဲ အစာငတ်ခံသပိတ်မှောက်နေသော်လဲ အသက်အန္တရယ်မစိုးရိမ်ရသေးပါ
သပိတ်မှောက်သူများမှာ အချက် ၃ချက်တောင်းဆိုထားပါသည်
တောင်းဆိုချက်များမှာ

၁. သေဒဏ်ကျခံအကျဉ်းသားများအား အသက်ချမ်းသာပေးရန်
၂. အာဆီယံအဖွဲ့စည်းက တောင်းဆိုထားတဲ့ အတိုင်း နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးရန်
၃. ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ သက်သေများနှင့် တွေ့ခွင့်ပေးရန် အကျဉ်းသားများရပိုင်ခွင့်များကို ထိန်းချုပ်ကန့်သတ်ထားသည်မှ ဖြေလျော့ပေးရန် တို့ ဖြစ်ပါတယ်

နောက်ရက်များတွင် ကျန်အကျဉ်းသားများလဲ ထပ်တိုးအစာငတ်ခံ သပိတ်မှောက် ကြတော့မည်ဖြစ်ပါတယ်
ဤအကြောင်းကို ပြည်သူတွေကို သတင်းပေးပေးပါ မီဒီယာများကလဲ ဖော်ပြပေးကြပါ
ကျနော်ကျမတို့ နိုင်ငံရေးအကျဉ်းသားများအနေနဲ့ ထောင်ထဲမှာ ငြိမ်မနေကြပါဘူး ဆက်လက်ပြီး တိုက်ပွဲဝင်နေပါတယ် ဆိုတာ မိဘပြည်သူများသိစေချင်ပါတယ်
နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ချ ကွပ်မျက်တာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသတ်ခံရသူ ၃၂ ယောက်ရှိပါပြီ အိုးဘိုထောင်မှာ သေဒဏ်ကျခံထားရသူ ၂၀ ပါတ်ခြာလည်ရှိပါတယ် သေဒဏ်ကျခံထားရသူများကို ၂ရက်နေ့က အရပ်အမောင်း ကိုယ်အလေးချိန်တိုင်း လည်ပင်းဆိုဒ်တိုင်း ဆီးချိုသွေးချို လာတိုင်းပါတယ် အဓိပ္ပါယ်ကတော့ လည်ပင်းတိုင်း ကြိုးကျစ် သေဒဏ်စီရင် ပြီး ကွပ်မျက်တော့မှာပါ

အဲ့ဒီနေ့က”ကျနော်တို့ကို လည်ပင်းတွေလာတိုင်းနေပြီ အရပ်အမောင်းတွေလာတိုင်းနေပြီ အလေးချိန်တွေ လာတိုင်းနေပြီ PDF တွေ ကယ်ကြပါ ပြည်သူတွေ ကယ်ကြပါ လာကယ်ထုတ်ပေးကြပါ” လို့ အပြင်ကပြည်သူတွေ ကြားလိုကြားငြား ရင်ကွဲမတတ်အော်ဟစ်ငိုယို နေကြပါတယ်
ထောင်တွင်းက ငိုသံတွေကို ထောင်ပြင်က မိဘပြည်သူများ သိရှိစေရန် ယခုလို အန္တရယ်များကြားမှ နောက်ဆုံးအနေဖြင့် တင်ပြလိုက်ရခြင်းဖြစ်ပါတယ်
မှ/ထောင်ဝန်ထမ်းတစ်ဦး
Vomdy
Crd
Unicode