တော်လှန်ရေးပြီးတဲ့ထိ သွေးမအေးဘဲ ဆက်လက်ချီတတ်သွားမယ်လို့ ကတိပေးလိုက်တဲ့ မြနှင်းရည်လွင်

News

တော်လှန်ရေးပြီးတဲ့ထိ သွေးမအေးဘဲ ဆက်လက်ချီတတ်သွားမယ်လို့ ကတိပေးလိုက်တဲ့ မြနှင်းရည်လွင်

ပရိသတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲတွေမှတစ်ဆင့် နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချော မြနှင်းရည်လွင် ကိုတော့အားလုံးပဲ သိကြမှာပါနော်။

သူမဟာဆိုရင်တော့ ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက် ဆန္ဒထွက်ဖော်ခဲ့တာကြောင့် အာဏာသိမ်းစစ်ကောင်စီမှ ပုဒ်မ ၅၀၅ ကနဲ့တရားစွဲဆိုခံထားရပါတယ်။

လက်ရှိမှာ မြနှင်းရည်လွင် ဟာ ခက်ခဲကြမ်းတမ်းလွန်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

သူမဟာအနှပညာရှင်ဆိုပေမယ့် ယုံကြည်ချက်ပြင်းထန်တာကြောင့် လွတ်မြောက်နယ်မြေမှာ စစ်သင်တန်း‌တတ်ရောက်ခဲ့ပြီး လက်နက်ကိုင်စွဲပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။

ဒါကြောင့်လဲ တော်လှန်ရေးပြီးတဲ့ထိ သွေးမအေးဘဲ ဆက်လက်ချီတတ်သွားမယ်လို့ ပြည်သူတွေကို ကတိပေးလိုက်ပါတယ်။

” တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ မိမိပါဝင်နိင်တဲ့ မိမိအသုံးဝင်နိင်သည့်နေရာများမှ အင်တိုက်အားတိုက်ဖြင့်ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။

တရားမျှတမှု လွတ်လပ်မှု တန်းတူညီမျှမှုတို့သည် ဤမြေ၌ တည်တံ့ပါစေသတည်း”လို့ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်.

ပရိသတ်ကြီးရေ… ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ပြည်သူချစ်သရုပ်ဆောင် မင်းသမီးချော မြနှင်းရည်လွင် ကိုအားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

မြနှင်းရည်လွင် လည်းရောက်ရှိတဲ့နေရာမှာ ဘေးကင်းကျန်းမာပြီးတော့ လိူချင်တဲ့ဒီမိုကရေစီအမြန်ဆုံးရရှိပြီးနောက် ပရိသတ်တွေနဲ့ အြမန်ဆုံးပြန်လည်ထိတွေ့နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Crd

Unicode










မြနှင်းရည်လွင် လည်းရောက်ရှိတဲ့နေရာမှာ ဘေးကင်းကျန်းမာပြီးတော့ လိုချင်တဲ့ဒီမိုကရေစီအမြန်ဆုံးရရှိပြီးနောက် ပရိသတ်တွေနဲ့ အြမန်ဆုံးပြန်လည်ထိတွေ့နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Crd

Leave a Reply

Your email address will not be published.