အမလေး ကံကောင်းလို့ပါလား အမေစုရယ်. . .(အသက်တွေလဲ ကြီးလှပါပီဗျာ)
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ လူထုစိုးရိမ်ပြီးခဲ့တဲ့ ရုံးချိန်း ၂ရက်မှာ ကျန်းမာနေတယ်လို့ တရားရုံးအသိုင်းအဝိုင်းပြော
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာပျံ့နှံ့ နေတဲ့အတွက် လူထုတွေက စိုးရိမ်နေကြပါတယ်။




ဒါနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဘီဘီစီ အနေနဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ မျက်မြင်တွေ့ခဲ့တဲ့ တရားရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကို အတည်ပြုမေးကြည့်တဲ့အခါ အင်္ဂါနေ့ ညနေအထိ တွေ့မြင်ခဲ့ရတဲ့ အခြေအနေ အရ ကျန်းမာရေးကောင်းမွန်ပြီး တခြားဘာရောဂါမှထူးထူးခြားခြားခံစားနေရတာမျိုးမရှိကြောင်း ပြောပါတယ်။
ဒါပေမဲ့ ဗုဒ္ဓဟူးနေ့မှာ ရုံးချိန်း မရှိခဲ့တာကြောင့် ဒီကနေ့ ကြာသပတေးနေ့ ကြားနာမှုမှသာ ထပ်ပြီးအတည်ပြုကြည့်ရှုမေးမြန်းနိုင်မယ်လို့ တရားရုံးအသိုင်းအဝိုင်းကပြောပါတယ်။” ရှေ့အပတ်ကတော့ သူ့ကိုထားတဲ့ အခန်းက ရေချိုးခန်းထဲချော်လဲမလိုဖြစ်တယ်လို့ပြောတယ်။အဲဒါကြောင့် ထောင်ဝင်စာပို့တဲ့သူတွေက ရေချိုးခန်းခင်းဖို့အခင်းတွေ ပို့ရတယ်။ မူးပြီးလဲတာ၊အားနည်းလို့ လဲတာမဟုတ်ဘဲ ။




အခင်း ချော်တာလို့ပြောတယ်။ ဒါပေမဲ့ စိတ်ပူရတယ်လေ။သူ့အသက်အရွယ်နဲ့ဆိုတော့ လဲသွားရင် အဆင်မပြေဘူး။ တနင်္လာနေ့နဲ့ အင်္ဂါနေ့ နှစ်ရက်တွေ့ခဲ့တာကတော့ကျန်းမာရေးကောင်းပါတယ်။ သူ့ရဲ့ ပင်ကိုယ်ပုံစံအတိုင်းတက်တက်ကြွကြွရှိတယ်။
မျက်လုံးအရောင်တောက်နေတာပဲ။ တရားခွင် ၂နာရီ ၃နာရီလည်းသူ တချက် မှ မငြီးငြူပဲထိုင်နိုင်တယ်။ ဒီကနေ့ ဆက်ကြည့်ရမယ်” လို့ တရားရုံးနဲ့နီးစပ်သူက ပြောပြပါတယ်။




အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှာ ဆရာဝန် ၂ဦးထားပေးထားတယ်လို့ သိရပြီး ပုံမှန်ဆေးစစ်ပေးတာတော့ ရှိတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။
ဒီကနေ့ ကြားနာမှုပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနဲ့ပတ်သက်ပြီး သိရတဲ့ အခြေအနေကို ဘီဘီစီက ဆက်လက်ဖော်ပြပေးဖို့ရှိပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ – Getty Images (ပုံဟောင်း)
ဒီသတင်းနဲ့အတူ ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု
Crd
zawgyi
အမလေး ကံကောင်းလို့ပါလား အမေစုရယ်. . .(အသက်တွေလဲ ကြီးလှပါပီဗျာ)
ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးအေျခအေန လူထုစိုးရိမ္ၿပီးခဲ့တဲ့ ႐ုံးခ်ိန္း ၂ရက္မွာ က်န္းမာေနတယ္လို႔ တရား႐ုံးအသိုင္းအဝိုင္းေျပာ
နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ့ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္မွာပ်ံ႕ႏွံ့ ေနတဲ့အတြက္ လူထုေတြက စိုးရိမ္ေနၾကပါတယ္။




ဒါနဲ႔ ပတ္သက္ၿပီး အတည္ျပဳနိုင္ဖို႔ ဘီဘီစီ အေနနဲ႔ တနလၤာေန႔နဲ႔ အဂၤါေန႔ေတြမွာ မ်က္ျမင္ေတြ႕ခဲ့တဲ့ တရား႐ုံးအသိုင္းအဝိုင္းနဲ႔ နီးစပ္သူေတြကို အတည္ျပဳေမးၾကည့္တဲ့အခါ အဂၤါေန႔ ညေနအထိ ေတြ႕ျမင္ခဲ့ရတဲ့ အေျခအေန အရ က်န္းမာေရးေကာင္းမြန္ၿပီး တျခားဘာေရာဂါမွထူးထူးျခားျခားခံစားေနရတာမ်ိဳးမရွိေၾကာင္း ေျပာပါတယ္။
ဒါေပမဲ့ ဗုဒၶဟူးေန႔မွာ ႐ုံးခ်ိန္း မရွိခဲ့တာေၾကာင့္ ဒီကေန႔ ၾကာသပေတးေန႔ ၾကားနာမႈမွသာ ထပ္ၿပီးအတည္ျပဳၾကည့္ရႈေမးျမန္းနိုင္မယ္လို႔ တရား႐ုံးအသိုင္းအဝိုင္းကေျပာပါတယ္။” ေရွ႕အပတ္ကေတာ့ သူ႔ကိုထားတဲ့ အခန္းက ေရခ်ိဳးခန္းထဲေခ်ာ္လဲမလိုျဖစ္တယ္လို႔ေျပာတယ္။အဲဒါေၾကာင့္ ေထာင္ဝင္စာပို႔တဲ့သူေတြက ေရခ်ိဳးခန္းခင္းဖို႔အခင္းေတြ ပို႔ရတယ္။ မူးၿပီးလဲတာ၊အားနည္းလို႔ လဲတာမဟုတ္ဘဲ ။




အခင္း ေခ်ာ္တာလို႔ေျပာတယ္။ ဒါေပမဲ့ စိတ္ပူရတယ္ေလ။သူ႔အသက္အရြယ္နဲ႔ဆိုေတာ့ လဲသြားရင္ အဆင္မေျပဘူး။ တနလၤာေန႔နဲ႔ အဂၤါေန႔ ႏွစ္ရက္ေတြ႕ခဲ့တာကေတာ့က်န္းမာေရးေကာင္းပါတယ္။ သူ႔ရဲ့ ပင္ကိုယ္ပုံစံအတိုင္းတက္တက္ႂကြႂကြရွိတယ္။
မ်က္လုံးအေရာင္ေတာက္ေနတာပဲ။ တရားခြင္ ၂နာရီ ၃နာရီလည္းသူ တခ်က္ မွ မၿငီးျငဴပဲထိုင္နိုင္တယ္။ ဒီကေန႔ ဆက္ၾကည့္ရမယ္” လို႔ တရား႐ုံးနဲ႔နီးစပ္သူက ေျပာျပပါတယ္။




အသက္ ၇၈ ႏွစ္ရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္မွာ ဆရာဝန္ ၂ဦးထားေပးထားတယ္လို႔ သိရၿပီး ပုံမွန္ေဆးစစ္ေပးတာေတာ့ ရွိတယ္လို႔ နီးစပ္သူေတြထံကသိရပါတယ္။
ဒီကေန႔ ၾကားနာမႈၿပီးတဲ့ေနာက္ ေဒၚေအာင္ဆန္းစုၾကည္က်န္းမာေရးနဲ႔ပတ္သက္ၿပီး သိရတဲ့ အေျခအေနကို ဘီဘီစီက ဆက္လက္ေဖာ္ျပေပးဖို႔ရွိပါတယ္။
ဘီဘီစီျမန္မာပိုင္း




ဓာတ္ပုံ – Getty Images (ပုံေဟာင္း)
ဒီသတင္းနဲ႔အတူ ဘီဘီစီသတင္းမ်ားတိုက္ရိုက္တင္ဆက္မႈ
Crd