မြန်မာ့အရေးကို အာဆီယံက ဝင်ရောက်မဖြေရှင်းရင် အမေရိကန်အစိုးရက ဝင်ရောက်ဖြေရှင်းမယ်လို့ အထက်လွှတ် တော်အမတ် မတ်ကော်နယ် ပြောကြား
ဩဂုတ် ၄ ၊ ၂၀၂၂
မြန်မာ့အရေးကို အာဆီယံက ဝင်ရောက် မဖြေရှင်းနိုင်ဘူးဆိုရင် အမေရိကန်အစိုးရက ဝင်ရောက်ဖြေရှင်းမယ်လို့ အမေရိကန်လွှတ်တော်ရဲ့ အထက်လွှတ်တော်အမတ်ဖြစ်သူ မတ်ကော်နယ်က ပြောကြားလိုက်ပါတယ်။




အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ရဲ့ အာရှခရီးစဉ် မစတင်ခင်မှာ ဘလင်ကင်အနေနဲ့ အရှေ့တောင် အာရှဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အာဆီယံကို ခိုင်မာတဲ့သတင်းစကားတွေပေးခဲ့ဖို့ ဩဂုတ် ၃ ရက်စွဲနဲ့ ကြေညာချက်ထုတ် ပြန်ခဲ့တာပါ။
အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် အုပ်ချုပ်မှုအောက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို အိမ်နီးချင်းနိုင်ငံ တွေနဲ့ အာဆီယံက အကူအညီပေးဖို့ ဆန္ဒမရှိဘူးဆိုရင် အမေရိကန်အစိုးရကို လွှတ်တော်ကပေးအပ်ထားတဲ့ အခွင့်အာဏာနဲ့ အကြမ်းဖက်စစ်ကောင်စီကို အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ မတ်ကော်နယ်က ပြောကြား လိုက်တာပါ။




အဲဒီလို ပိတ်ဆို့မှုတွေ လုပ်ဆောင်ရာမှာ အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တင်ရာရောက်စေတဲ့ ငွေကြေးပံ့ပိုးမှု အရင်းအ မြစ်တွေ၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူမှုတွေပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဘလင်ကင်အနေနဲ့ မြန်မာ့အရေးကို လုပ်ဆောင်ရာမှာ စကားနည်းနည်းပြောပြီး တော့ အလုပ်များများ လုပ်ရမယ့် အချိန်ကို ရောက်နေပြီဆိုပြီးတော့လည်း မတ်ကော်နယ်က ထုတ်ပြန်ချက်ထဲမှာ သတိ ပေးထားတာ တွေ့ရပါတယ်။
Crd
Unicode
ျမန္မာ့အေရးကို အာဆီယံက ဝင္ေရာက္မေျဖရွင္းရင္ အေမရိကန္အစိုးရက ဝင္ေရာက္ေျဖရွင္းမယ္လို႔ အထက္လႊတ္ ေတာ္အမတ္ မတ္ေကာ္နယ္ ေျပာၾကား
ဩဂုတ္ ၄ ၊ ၂၀၂၂
ျမန္မာ့အေရးကို အာဆီယံက ဝင္ေရာက္ မေျဖရွင္းနိုင္ဘူးဆိုရင္ အေမရိကန္အစိုးရက ဝင္ေရာက္ေျဖရွင္းမယ္လို႔ အေမရိကန္လႊတ္ေတာ္ရဲ့ အထက္လႊတ္ေတာ္အမတ္ျဖစ္သူ မတ္ေကာ္နယ္က ေျပာၾကားလိုက္ပါတယ္။




အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကင္ရဲ့ အာရွခရီးစဥ္ မစတင္ခင္မွာ ဘလင္ကင္အေနနဲ႔ အေရွ႕ေတာင္ အာရွေဒသတြင္းနိုင္ငံေတြျဖစ္တဲ့ အာဆီယံကို ခိုင္မာတဲ့သတင္းစကားေတြေပးခဲ့ဖို႔ ဩဂုတ္ ၃ ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ ျပန္ခဲ့တာပါ။
အၾကမ္းဖက္စစ္ေကာင္စီရဲ့ တရားမဝင္ အုပ္ခ်ဳပ္မႈေအာက္မွာ ဒုကၡေရာက္ေနတဲ့ ျမန္မာျပည္သူေတြကို အိမ္နီးခ်င္းနိုင္ငံ ေတြနဲ႔ အာဆီယံက အကူအညီေပးဖို႔ ဆႏၵမရွိဘူးဆိုရင္ အေမရိကန္အစိုးရကို လႊတ္ေတာ္ကေပးအပ္ထားတဲ့ အခြင့္အာဏာနဲ႔ အၾကမ္းဖက္စစ္ေကာင္စီကို အေရးယူမႈေတြ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ မတ္ေကာ္နယ္က ေျပာၾကား လိုက္တာပါ။




အဲဒီလို ပိတ္ဆို႔မႈေတြ လုပ္ေဆာင္ရာမွာ အၾကမ္းဖက္စစ္တပ္ကို အရွိန္ျမႇင့္တင္ရာေရာက္ေစတဲ့ ေငြေၾကးပံ့ပိုးမႈ အရင္းအ ျမစ္ေတြ၊ ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြ႕လုပ္ငန္းကို ပိတ္ဆို႔အေရးယူမႈေတြပါဝင္တယ္လို႔ ေဖာ္ျပထားပါတယ္။
ဒါအျပင္ နိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ ဘလင္ကင္အေနနဲ႔ ျမန္မာ့အေရးကို လုပ္ေဆာင္ရာမွာ စကားနည္းနည္းေျပာၿပီး ေတာ့ အလုပ္မ်ားမ်ား လုပ္ရမယ့္ အခ်ိန္ကို ေရာက္ေနၿပီဆိုၿပီးေတာ့လည္း မတ္ေကာ္နယ္က ထုတ္ျပန္ခ်က္ထဲမွာ သတိ ေပးထားတာ ေတြ႕ရပါတယ္။
Crd