R2P ဆက်လက်တောင်းဆိုသွားမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

News

R2P ဆက်လက်တောင်းဆိုသွားမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

R2P အကောင်အထည်ပေါ်ရေး နိုင်ငံတကာကို ဆက်လက်တောင်းဆိုသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရှေ့က မြန်မာတွေ ဆန္ဒပြပွဲမှာ ဦးကျော်မိုးထွန်းက ပြောခဲ့တာဖြစ်ပါတယ်။

“ကျနော်တောင်းဆိုလို့ရတဲ့ ပုံစံမျိုးစုံနဲ့ တောင်းဆိုနေမယ့် မတရားစစ်တပ်က ပြည်သူတွေကို လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့ အခုထိတော့ ဖြစ်မလာသေးဘူး။ ဖြစ်လာဖို့အတွက် တချို့နိုင်ငံတွေလည်း သူ့နည်းသူ့ဟန်နဲ့ ကူညီနေတာတွေရှိတယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ R2P လည်း ဆက်တောင်းဆိုမယ်။ တချို့တွေက မဖြစ်နိုင်ဘူးလို့ ပြောဆိုနေကြပေမယ့် ပြည်သူပြည်သားတစ်ယောက်အနေနဲ့ ပြည်သူပြည်သားတွေအနေနဲ့ လိုအပ်တယ်ဆိုပြီး ဆက်တောင်းဆိုသွားမယ်။ ဒီအသံပိုကျယ်အောင် ဆက်ပြီး တောင်းဆိုသွားဖို့လိုတယ်” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး၊ နိုင်ငံကိုကာကွယ်ပေးရမယ့်သူတွေက မကာကွယ်နိုင်ဘူးဆိုရင် ဒါမှမဟုတ် တာဝန်ရှိသူတွေ ကိုယ်တိုင်က ချိုးဖောက်နေရင် Responsibility to Protect (R2P) ဆိုတာကို အကောင်အထည်ဖော် ကျင့်သုံးရမှာ ဖြစ်ပါတယ်။

R2P ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ သံတမန်နည်းအရ ညှိနှိုင်းတာ၊ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တာ၊ စီးပွားရေးပိတ်ဆို့တာမျိုးတွေ လုပ်နိုင်တဲ့ နည်းအမျိုးမျိုးရှိပါတယ်။ ကုလသမဂ္ဂပဋိညာဉ်တွေကို ဖောက်ဖျက်ပြီး၊ ငြိမ်းချမ်းရေး ပျက်ပြားအောင် လုပ်လာရင်တော့ ကုလလုံခြုံရေးကောင်စီကနေ နောက်ဆုံးအဆင့် စစ်ရေးအရ အရေးယူတာအထိ လုပ်နိုင်ပါတယ်။

မြန်မာနိုင်ငံထဲကို R2P ဝင်ဖို့နဲ့ ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်က စစ်အာဏာရှင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဆီကို စစ်သားအင်အား၊ လက်နက်အင်အားတွေ ချက်ချင်းထောက်ပံ့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၃ဝ ရက်နေ့က နိုင်ငံတကာကို ပြောတဲ့မိန့်ခွန်းမှာ ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး၊ ဆန္ဒပြသူတွေကို အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ချိန်ကစလို့ ဒီ R2P ကို မြန်မာပြည်သူတွေ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အခု အာဏာသိမ်းရက်ပေါင်း တစ်နှစ်ခွဲကျော်လာတဲ့အချိန်၊ မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ရှိနေချိန်၊ ကုလသမဂ္ဂအထွေထွေ ညီလာခံကျင်းပဖို့ နီးကပ်လာချိန်မှာ R2P အကောင်အထည်ဖော်ပေးဖို့ NUG နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေဘက်က တောင်းဆိုသံတွေ ပြန်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

source-RFA

Crd

Unicode

R2P ဆက္လက္ေတာင္းဆိုသြားမယ္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းေျပာ

R2P အေကာင္အထည္ေပၚေရး နိုင္ငံတကာကို ဆက္လက္ေတာင္းဆိုသြားမယ္လို႔ ျမန္မာနိုင္ငံဆိုင္ရာ ကုလသမဂၢအျမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက ေျပာလိုက္ပါတယ္။ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္ေရွ႕က ျမန္မာေတြ ဆႏၵျပပြဲမွာ ဦးေက်ာ္မိုးထြန္းက ေျပာခဲ့တာျဖစ္ပါတယ္။

“က်ေနာ္ေတာင္းဆိုလို႔ရတဲ့ ပုံစံမ်ိဳးစုံနဲ႔ ေတာင္းဆိုေနမယ့္ မတရားစစ္တပ္က ျပည္သူေတြကို လူမဆန္စြာ အၾကမ္းဖက္သတ္ျဖတ္ေနတာေတြကို ရပ္တန႔္ဖို႔ အခုထိေတာ့ ျဖစ္မလာေသးဘူး။ ျဖစ္လာဖို႔အတြက္ တခ်ိဳ႕နိုင္ငံေတြလည္း သူ႔နည္းသူ႔ဟန္နဲ႔ ကူညီေနတာေတြရွိတယ္။ ဒါေပမဲ့ မလုံေလာက္ေသးဘူး။

R2P လည္း ဆက္ေတာင္းဆိုမယ္။ တခ်ိဳ႕ေတြက မျဖစ္နိုင္ဘူးလို႔ ေျပာဆိုေနၾကေပမယ့္ ျပည္သူျပည္သားတစ္ေယာက္အေနနဲ႔ ျပည္သူျပည္သားေတြအေနနဲ႔ လိုအပ္တယ္ဆိုၿပီး ဆက္ေတာင္းဆိုသြားမယ္။ ဒီအသံပိုက်ယ္ေအာင္ ဆက္ၿပီး ေတာင္းဆိုသြားဖို႔လိုတယ္” လို႔ ဦးေက်ာ္မိုးထြန္းက ေျပာပါတယ္။

နိုင္ငံတစ္နိုင္ငံမွာ လူအစုလိုက္အျပဳံလိုက္ သတ္ျဖတ္မႈ၊ စစ္ရာဇဝတ္မႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြနဲ႔ ပတ္သက္ၿပီး၊ နိုင္ငံကိုကာကြယ္ေပးရမယ့္သူေတြက မကာကြယ္နိုင္ဘူးဆိုရင္ ဒါမွမဟုတ္ တာဝန္ရွိသူေတြ ကိုယ္တိုင္က ခ်ိဳးေဖာက္ေနရင္ Responsibility to Protect (R2P) ဆိုတာကို အေကာင္အထည္ေဖာ္ က်င့္သုံးရမွာ ျဖစ္ပါတယ္။

R2P ရဲ့ လုပ္ငန္းစဥ္ေတြထဲမွာ သံတမန္နည္းအရ ညႇိႏွိုင္းတာ၊ လက္နက္တင္ပို႔ေရာင္းခ်မႈ ပိတ္ပင္တာ၊ စီးပြားေရးပိတ္ဆို႔တာမ်ိဳးေတြ လုပ္နိုင္တဲ့ နည္းအမ်ိဳးမ်ိဳးရွိပါတယ္။ ကုလသမဂၢပဋိညာဥ္ေတြကို ေဖာက္ဖ်က္ၿပီး၊ ၿငိမ္းခ်မ္းေရး ပ်က္ျပားေအာင္ လုပ္လာရင္ေတာ့ ကုလလုံျခဳံေရးေကာင္စီကေန ေနာက္ဆုံးအဆင့္ စစ္ေရးအရ အေရးယူတာအထိ လုပ္နိုင္ပါတယ္။

ျမန္မာနိုင္ငံထဲကို R2P ဝင္ဖို႔နဲ႔ ကုလလုံျခဳံေရးေကာင္စီအေနနဲ႔ ျမန္မာျပည္က စစ္အာဏာရွင္လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕ေတြဆီကို စစ္သားအင္အား၊ လက္နက္အင္အားေတြ ခ်က္ခ်င္းေထာက္ပံ့ေပးဖို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ရဲ့ နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကလည္း ၿပီးခဲ့တဲ့ ဇူလိုင္လ ၃ဝ ရက္ေန႔က နိုင္ငံတကာကို ေျပာတဲ့မိန႔္ခြန္းမွာ ထည့္သြင္းေတာင္းဆိုခဲ့ပါတယ္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီး၊ ဆႏၵျပသူေတြကို အၾကမ္းဖက္ပစ္ခတ္ သတ္ျဖတ္ခ်ိန္ကစလို႔ ဒီ R2P ကို ျမန္မာျပည္သူေတြ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

အခု အာဏာသိမ္းရက္ေပါင္း တစ္ႏွစ္ခြဲေက်ာ္လာတဲ့အခ်ိန္၊ ျမန္မာ့အေရး လုံျခဳံေရးေကာင္စီမွာ ေဆြးေႏြးဖို႔ရွိေနခ်ိန္၊ ကုလသမဂၢအေထြေထြ ညီလာခံက်င္းပဖို႔ နီးကပ္လာခ်ိန္မွာ R2P အေကာင္အထည္ေဖာ္ေပးဖို႔ NUG နဲ႔ စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားသူေတြဘက္က ေတာင္းဆိုသံေတြ ျပန္ထြက္ေပၚလာတာ ျဖစ္ပါတယ္။

source-RFA

Crd

Leave a Reply

Your email address will not be published.