ထောင်ဆရာဝန်နဲ့ ပြသခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ…

News

နေပြည်တော်က အချုပ်ထောင်မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး အခြေအနေအရ

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထောင်ဆရာဝန်နဲ့ ပြသခဲ့ရတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အစားအသောက် ပျက်နေတာလည်း ဟုတ်တယ်။ အရည်ပဲ သောက်ရတယ်။ ဆံပင်တွေလည်း ကျွတ်နေတယ်။ ဟို တစ်ရက်ကတော့ လဲမလိုဖြစ်လို့ သူကတော့ သတိနဲ့ ထိန်းလိုက်နိုင်တဲ့အတွက် မလဲပါဘူး။

ဒါပေမဲ့ အစောင့်တွေက စိတ်ပူပြီး ဆရာဝန် ခေါ်ကြတယ်။ အခု ကျန်းမာရေးက ကောင်းပါတယ်။ စိတ်ကတော့ ခုထိ ခပ်မာမာပဲ”

ဒေါ်အောင်ဆန်းစုကြည် မူးလဲမလိုဖြစ်တဲ့နေ့ရက်နဲ့ ဆရာဝန်နဲ့ ခေါ်ပြခဲ့ရတဲ့ကိစ္စ အသေးစိတ်ကိုတော့ RFA က သီးခြားအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဝင်းထဲက ပြတင်းပေါက် ခြောက်ပေါက်သာပါတဲ့ အိမ်မှာ အပူဒဏ်ကို ခံနေရသလို

ပြတင်းပေါက်တွေကိုကာဖို့ ခန်းစီးခြောက်စ တောင်းတဲ့အခါမှာလည်း ထောင်အာဏာပိုင်တွေ ဘက်က သုံးစသာ ထုတ်ပေးခဲ့တယ်လို့ RFA ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့မှာ နေပြည်တော် အချုပ်ထောင်ထဲက သီးခြားအိမ်တစ်လုံးကို ပို့ဆောင်ခဲ့ပြီး သူ ရင်ဆိုင်နေရတဲ့အမှုတွေကိုလည်း အဲဒီ အချုပ်ထောင်က အထူးတရားရုံးမှာပဲ ဆက်လက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲကို ပြောင်းရွှေ့လိုက်တာဟာ ပြစ်မှုဆိုင်ရာ ဥပဒေတွေအရဖြစ်ပြီး

သီးခြား ကောင်းမွန်စွာ ထားရှိတယ်လို့ နေပြည်တော်က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။

လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက် တရားရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း (Prak Sokhonn) ကတော့ သူ့ရဲ့ နေပြည်တော်ခရီးစဉ်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုလျက်ရှိပြီး

အခုတစ်ခေါက် နောက်လမှာလာမယ့် ခရီးစဉ်မှာလည်း တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေပါတယ်။

Source – RFA Burmese

Zawgyi Version ဖြင့်ဖတ်ရန်

Crd

Leave a Reply

Your email address will not be published.