Jet Fighter ၈ စီးနဲ့ Air Tanker ၅ စီး ခြံရံပြီး ဆင်းသက်ခဲ့တာပါ။တိုက်ရိုက်ထုတ်လွှင့်ချက်ဖြစ်ပါတယ်။

News

Jet Fighter ၈ စီးနဲ့ Air Tanker ၅ စီး ခြံရံပြီး ဆင်းသက်ခဲ့တာပါ။တိုက်ရိုက်ထုတ်လွှင့်ချက်ဖြစ်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီလိုက်ပါလာတဲ့ လေယာဉ် ထိုင်ဝမ်ကို ဆိုက်ရောက်က ဆန်ရှန်းလေတပ်စခန်းကို ဆိုက်ရောက်လာတဲ့မြင်ကွင်း တိုက်ရိုက်ထုတ်လွှင့်ချက်ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ထိုင်ဝမ်ရေလက်ကြားပေါ်မှာ တရုတ်ဂျက်လေယာဉ် Su-35တွေ စတင်ပျံသန်းနေကြောင်း တရုတ်အစိုးရပိုင်မီဒီယာ CGTN နဲ့ CCTV တို့မှာ ထုတ်ပြန်ထားပါတယ်။
Nancy Pelosi ရဲ့ လေယာဉ် ထိုင်ဝမ်ကို အဆင်ပြေပြေဆင်းသက်နိုင်ခဲ့ပါပြီ။ Jet Fighter ၈ စီးနဲ့ Air Tanker ၅ စီး ခြံရံပြီး ဆင်းသက်ခဲ့တာပါ။

တရုတ်ကတော့ SU 35 လေယာဉ်တွေ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းနေတယ်လို့ ပြောထားပြီး နောက်ဆက်တွဲ မသိရသေးပါဘူး။ ရေလက်ကြားပေါ်က လေပိုင်နက်ကိုတော့ တရုတ်က ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

အမေရိကန်နှင့်တရုတ်နိုင်ငံအကြား စစ်ဖြစ်နိုင်သည်အထိ တင်းမာနေသော အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nacy Pelosi ၏ ထိုင်ဝမ်နိုင်ငံခရီးစဉ် အမှန်တကယ် လက်တွေ့ ဖြစ်လာခြင်းဖြစ်သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nacy Pelosiသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ ထိုင်ဝမ်နိုင်ငံထွက်ခွာခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရပိုင်မီဒီယာများက တရုတ်စစ်လေယာဉ်များ ထိုင်ဝမ်နိုင်ငံဘက်သို့ ဦးတည်ပျံသန်းသွားပြီဖြစ်ပြီး ရေလက်ကြားကို ဖြတ်ကျော်လျက်ရှိကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။

Crd

Unicode

Jet Fighter ၈ စီးနဲ့ Air Tanker ၅ စီး ခြံရံပြီး ဆင်းသက်ခဲ့တာပါ။တိုက်ရိုက်ထုတ်လွှင့်ချက်ဖြစ်ပါတယ်။







Crd

Leave a Reply

Your email address will not be published.