ဇေယျာသော် နောက်ဆုံးသီဆိုသွားခဲ့တဲ့ သီချင်းလေးကို ထုတ်လွှင့်လိုက်ပါပြီ…၀င်ကြည့်ပေးသွားကြပါအုံး
ဆဏ်း /People’s Spring
အကြမ်းဖက်စစ်ကောင်စီ၏ မတရားသေဒဏ်ပြစ်ဒဏ်စီရင်ခံခဲ့ရသည့် ဇေယျာသော် နောက်ဆုံးသီဆိုသွားသည့် သီချင်းကို We Click ယူကျူ့ ၌ တင်ထားပြီး

ယင်းသီချင်းမှရရှိလာသည့်ငွေများကို တော်လှန်ရေးအတွက်အသုံးပြုမည်ဟု ရန်ရန်ချန်းက အသိပေးထားသည်။
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြပေးထားပါတယ်။
“ဒီသီချင်းလေးဟာ ဇေယျာသော်နောက်ဆုံးဆိုသွားတဲ့သီချင်းလေးဖြစ်ပါတယ်။ အမှန်ကဒီသီချင်းလေးမှာ တစ်ခြားသူငယ်ချင်းတွေပါပါသေးတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့သုံးယောက်ပဲပါနိုင်ခဲ့ပါတယ်။ တိုင်းပြည်အခြေအနေကြောင့် ကျွန်တော်တို့မထုတ်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြပေမယ့်

ဒီအချိန်ဟာထုတ်ဖို့အသင့်ဆုံးလို့ ယူစရာရော ၊ ဒီသီချင်းလေးကို ဝိုင်းclick ရာကရတဲ့ငွေတွေကို တော်လှန်ရေးအတွက်အသုံးပြုချင်တာရောကြောင့် ထုတ်ဖြစ်ခဲ့ပါတယ် ” ဟု ရန်ရန်ချန်းက ရေးသားထားသည်။
သီချင်း၏အမည်မှာ ‘ငါတို့ဒဏ္ဍာရီ’ ဖြစ်ပြီး ဇေယျာသော် ၊ရန်ရန်ချန်း နှင့် R ဇာနည်တို့က သီဆိုထားသည်။
သီချင်းဖြန့်ချိသည့် ဇူလိုင် ၂၅ သည် Acid အဖွဲ့၏ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။
ယင်းသီချင်းကို We Click ယူကျူ့ချန်နယ်၌ ည ၉နာရီခွဲတွင်တင်ပေးမည်ဟု ကြေညာခဲ့သော်လည်း ယူကျူ့ဘက်က စီစစ်နေသောကြောင့်ဟုဆိုကာ အချိန်၁နာရီခန့်နောက်ကျ၍ တင်ခဲ့ရသည်။

ယင်းသီချင်း၏နောက်ဆုံးတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်သည့် အချိန်က ဇေယျာသော်၏ အင်တာဗျူးကိုလည်း ထည့်ပေးထားသည်။
ယင်းသီချင်းကိုနားထောင်၍ ပရိသတ်များက ဇေယျာသော်ကိုသတိရကြောင်း နှင့် ၎င်းတို့၏ စိတ်ထဲတွင် အမြဲရှိနေမည့် သူရဲကောင်းတစ်ဦးဖြစ်ကြောင်း မှတ်ချက်ပေးထားကြသည်။
ဗီဒီယိုဖိုင်တင်ထားသည့် နှစ်နာရီကျော် အချိန်အတွင်း ဝင်ရောက်ကြည့်ရှု့သူ ငါးသောင်းကျော်ရှိသည်။
Credit
အောက်ဆုံးတွင် ရုပ်သံကြည့်ရန်
Video Source – We Click
Zawgyi Version ဖြင့်ဖတ်ရန်

ဇေယျာသော် နောက်ဆုံးသီဆိုသွားခဲ့တဲ့ သီချင်းလေးကို ထုတ်လွှင့်ပါပြီ…ဝင်ကြည့်ပေးသွားကြပါအုံး

ရုပ်သံကြည့်ရန်
Credit