အသားတွေ မဲ သွား တယ် စိတ်မကောင်း ဘူး လို့ တစ်ချို့ကပြောကြတယ်

News

အသားတွေ မဲ သွား တယ် စိတ်မကောင်း ဘူး လို့ တစ်ချို့ကပြောကြတယ်

ဂရုတစိုက် ရှိပေးကြတာ ကျေးဇူးတင်ပါတယ်။

မအလ အာဏာသိမ်း ပီးကထဲ က အလှအပ အကြောင်းလဲ ခေါင်းထဲမရှိ လို့မျက်နှာပြောင် နဲ့ နေတဲ့အချိန်တွေ ချည်းပါပဲ …

စကင်းကဲ ဆိုတာ ဝေလာဝေး မဲ ချင်သလောက်သာမဲ တော့ လို့ စိတ်ဒုံးဒုံးချ ထား လိုက်တော့တာ ၊

တခါတလေ တချိန် ကိုယ့်ပုံလေးတွေ ပြန်မြင်ရင် အော်ဒါ မိုးကြိုးပစ် ငါ့ပုံ ပါလား လို့ တွေးရတဲ့အထိ ရုပ်ကောစိတ်ပါ အကျဥ်းချထားခဲ့ရတယ် ။

တချို့တွေ တော် လှန်ရေး အတွက် အသက်တွေ စွန့်ခဲ့ကြရတယ် ထောင်ထဲမှာ ဘဝတွေ ပေးနေကြရတယ် ။

ကျမတို့ က သူတို့ထက်စာ ရင် ခုထက်ထိ အသက်မသေပဲ တော်လှန်ရေးအတွက် အပြင်ကနေ စိတ်လွတ်လက်လွတ် ကြိုးစားနေခွင့် ရ နေသေးတာပဲ ကံကောင်းလှပီမို့ ကျန်တာ ဘာမှ ကိုအရေးမပါဘူး ဆိုတဲ့အတွေးနဲ့ ခေါင်းထဲကအကုန် ရှင်းနိုင်သမျှ ရှင်းထုတ်ထား လိုက်တော့တာ။

အရင်ကဆို ပေါ်ပင်မှာပျော်ရွှင်ကောင်းနေဆဲ သူတွေ မြင်ရင် အော်သူတို့ဝါသနာပဲ လို့ဖြေလို့ရသေးတယ်

ခုနောက်ပိုင်း ထိရှမှု့တွေ ပြင်းထန် လွန်းတော့ စိတ်ခံ အခြေ အနေက အတော်မကောင်းတော့တာမို့တော်လှန်ရေး ထဲအသက်စွန့် သွားကြသူတွေ မှ အားမနာ ပေါ်ပင်မှာ လွန်လွန်ကျွံ ကျွံ ပျော်ရွှင် ပြနေသူတွေ မြင်ရင် အင်မတန် အသည်းနာမိပါရဲ့

တော်လှန်ရေး အောင်မြင်ဖို့ အတွက် ကျွန်စော်နံတာမခံလိုတဲ့ မနေသာသူဘဝတွေ ကသာ အသက်တွေ ဘဝတွေ ပေးဆပ်ရင်းကြိုးစားနေကြတာ တချို့တစ်ချို့ တွေကတော့ဖြင့် မအလ စနစ်အောက်မှာ အသားကျ ပျော်ရွှင်နေကြ လေရဲ့

အဲ့ လို လူအများစု ဆီက ပေါပေါသီသီ ကျ လာတတ်တဲ့ စကားအများစုက RIP ဆိုတာမျိုး

တော်လှန်ရေး ဘယ်တော့ပီးမလဲ ဆိုတာမျိုးဘာတွေထူး လဲဆိုတာမျိုး တွေ ပါပဲ ( မတတ်သာတဲ့အခြေ အနေမှာ အဆင်ပြေ သလိုဟန်ဆောင်နေ ကြရသူများ ကိုမဆိုလိုပါ )

တော်လှန်ရေးကြီးက လွယ်လွယ်မပီးသေးပါဘူးအများကြီး ကြိုးစားကြရအုန်းမှာပါ

တတိုင်းပြည်လုံး စစ်ဖိနပ်အောက်က နေလွတ်မြောက်ပီး တော်လှန်ရေး ကြီးအောင်မြင်ဖို့အတွက် ကြိုးစားနေရင်းက –

-တော်လှန်ရေးသမားများစွာ နေ့စဥ်နဲ့အမျှအသက်ပေးနေရဆဲ

-UG လူငယ် လူရွယ်လေးတွေ နေ့စဥ်နဲ့အမျှ အဖမ်းခံနေကြရဆဲ

-ကျေးရွာတွေ နေ့စဥ်နဲ့အမျှ မီးရှို ဖျက်ဆီးခံနေကြရဆဲ

-အပစ်မဲ့ ရွာသူရွာသား တွေ အသတ်ခံနေရဆဲ

မိသားစု အတော်များများ အိုးမဲ့ အိမ်မဲ့ စစ်ဘေးရှောင် နေကြရဆဲ

ဒါတွေ သိရက်နဲ့ တော်လှန်ရေးကို မျက်ကွယ်ပြုပီး ကိုယ့်အပူမှ အပူထင် နေကြသူတွေ

ပေါ်ပင်တကာမှာ ပျော်ရွှင်နေကြသူတွေ

အလှပုံတွေ အလွန်အကျွံ တင်နေကြသူတွေ

မြို့ပေါ်မှာ သာယာနေတဲ့ အကြွားပိုစ့်တွေတင်နေကြသူတွေ

လင်တရူး မယားတရူး ပိုစ့်တွေ –

အများသူငှာ မျက်စိအာရုံနောက်စေတဲ့ Tiptop တွေ

အဲ့တာတွေ ထဲ မှာပဲ သာယာနေကြပီး လူသားချင်းကိုယ်ချင်းစာနာစိတ်မထားဘဲ ကိုယ့်စိတ်အဆာပြေရေး ကိုသာ တွေးပီး တော်လှန်ရေးကာလ မှာအရူးထနေကြမယ်ဆိုရင် ခင်ဗျားတို့တွေဟာ မအလ ရဲ့ စစ်ဖိနပ်အောက်က ကျွန်စိတ်ပေါက်နေကြသူတွေ ပဲ လို့ အားမနာတမ်းပြောပါရစေ ။

ယနေ့မှ စ လို့

အဲ့ လို လူမျိုးတွေ နဲ့ မိတ်ဆွေ ဖြစ်ခြင်းက ရှောင်ကြဥ်သွားပါမယ် ။

S M M H

Crd

Leave a Reply

Your email address will not be published.