မႏၲေလး ေျမာက္ျပင္ဘက္မွ ေနအိမ္တစ္လုံးကို စစ္အုပ္စု ဝင္စီး၊ UG လူငယ္တခ်ိဳ႕ အဖမ္းခံရ
မႏၲေလး၊ ဩဂုတ္ ၁၊ လူငယ့္ေခတ္




မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေျမာက္ျပင္ ၈၆ လမ္းႏွင့္ ၈ လမ္းဝန္းက်င္ရွိ ေနအိမ္တစ္လုံးကို ယေန႔ (ဩဂုတ္လ ၁ ရက္) နံနက္ပိုင္းက စစ္အုပ္စုမွ ဝင္ေရာက္စီးနင္းခဲ့ၿပီး မႏၲေလး ၿမိဳ႕ျပေျပာက္က်ား (UG) အဖြဲ႕ တခ်ိဳ႕ မွ ရဲေဘာ္မ်ား ဖမ္းဆီးခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္
အဆိုပါ ေနအိမ္တြင္ေနထိုင္သည့္ လူငယ္ (၁၀) ဦးဝန္းက်င္ခန္႔ကို ဖမ္းဆီးေခၚေဆာင္သြားၾကၿပီး အဖမ္းခံရသူမ်ား ထဲတြင္ Myanmar Return Ranger Force-MRRF အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ေအာင္ေျမလည္းပါဝင္သည္ဟု သိရ သည္




ထို႔ေၾကာင့္ လက္ရွိအခ်ိန္အထိ ဖမ္းဆီးခံရသူ (၁၀) ဦးတြင္ ဗိုလ္ေအာင္ေျမပါဝင္ေၾကာင္းသာ သိရၿပီး အျခားမည္သူ မ်ား ပါဝင္သည္ကို လူငယ့္ေခတ္အေနျဖင့္ စုံစမ္းေနဆဲသာျဖစ္သည္
စစ္အုပ္စုက အဆိုပါေနရာကိုေစာင့္ၾကည့္ေနသည္မွာ ႏွစ္ပတ္ခန႔္ရွိေနၿပီး လြန္ခဲ့သည့္တစ္ပတ္ခန႔္ကလည္း လမ္း ေဘးတြင္ ဂိမ္းေဆာ့ေနသည့္ လူငယ္တစ္ဦးကို ၎တို႔အား ဓာတ္ပုံခိုးရိုက္သည္ဟု ဆိုကာ ရိုက္ႏွက္ဖမ္းဆီးသြား ေၾကာင္း ၿမိဳ႕ခံျပည္သူတခ်ိဳ႕က ေျပာသည္




ၿပီးခဲ့သည့္ ဇူလိုင္လ (၂၂) ရက္ကလည္း မစ္ရွင္လုပ္ေနခ်ိန္ MRRF အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ေအာင္ေျမ၏ ဖုန္း က်န္ ရစ္ခဲ့ၿပီး စစ္အုပ္စုဘက္ ရရွိသြားကာ ၎၏ လူမႈကြန္ရက္စာမ်က္ႏွာႏွင့္ေပ့ခ်္တို႔ကို စစ္အုပ္စုမွ ထိန္းခ်ဳပ္ထား သည္ဟုလည္း ေတာ္လွန္ေရးအဖြဲ႕မ်ားက ထုတ္ျပန္ခဲ့ၾကေသးသည္ Lungekhit
Crd
Unicode
မန္တလေး မြောက်ပြင်ဘက်မှ နေအိမ်တစ်လုံးကို စစ်အုပ်စု ဝင်စီး၊ UG လူငယ်တချို့ အဖမ်းခံရ
မန္တလေး၊ ဩဂုတ် ၁၊ လူငယ့်ခေတ်




မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင် ၈၆ လမ်းနှင့် ၈ လမ်းဝန်းကျင်ရှိ နေအိမ်တစ်လုံးကို ယနေ့ (ဩဂုတ်လ ၁ ရက်) နံနက်ပိုင်းက စစ်အုပ်စုမှ ဝင်ရောက်စီးနင်းခဲ့ပြီး မန္တလေး မြို့ပြပြောက်ကျား (UG) အဖွဲ့ တချို့ မှ ရဲဘော်များ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်
အဆိုပါ နေအိမ်တွင်နေထိုင်သည့် လူငယ် (၁၀) ဦးဝန်းကျင်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြပြီး အဖမ်းခံရသူများ ထဲတွင် Myanmar Return Ranger Force-MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေလည်းပါဝင်သည်ဟု သိရ သည်




ထို့ကြောင့် လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ (၁၀) ဦးတွင် ဗိုလ်အောင်မြေပါဝင်ကြောင်းသာ သိရပြီး အခြားမည်သူ များ ပါဝင်သည်ကို လူငယ့်ခေတ်အနေဖြင့် စုံစမ်းနေဆဲသာဖြစ်သည်
စစ်အုပ်စုက အဆိုပါနေရာကိုစောင့်ကြည့်နေသည်မှာ နှစ်ပတ်ခန့်ရှိနေပြီး လွန်ခဲ့သည့်တစ်ပတ်ခန့်ကလည်း လမ်း ဘေးတွင် ဂိမ်းဆော့နေသည့် လူငယ်တစ်ဦးကို ၎င်းတို့အား ဓာတ်ပုံခိုးရိုက်သည်ဟု ဆိုကာ ရိုက်နှက်ဖမ်းဆီးသွား ကြောင်း မြို့ခံပြည်သူတချို့က ပြောသည်




ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်ကလည်း မစ်ရှင်လုပ်နေချိန် MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေ၏ ဖုန်း ကျန် ရစ်ခဲ့ပြီး စစ်အုပ်စုဘက် ရရှိသွားကာ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာနှင့်ပေ့ချ်တို့ကို စစ်အုပ်စုမှ ထိန်းချုပ်ထား သည်ဟုလည်း တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့ကြသေးသည် Lungekhit
Crd