စစ္ကိုင္းတိုင္းအတြက္ “မမမ်ားနဲ႔ပြဲကမယ္”ကမ္ပိန္းမွ သိန္း ၂၇၀၀၀ ေက်ာ္ စံခ်ိန္တင္ရရွိ

News

အညာေဒသသို႔ လက္နက္ႀကီးတပ္ဆင္မည့္ “မမမ်ားနဲ႔ပြဲကမယ္” ကမ္ပိန္း သိန္းေပါင္း ၂၇,၇၀၀ ျဖင့္ ေအာင္ျမင္
စစ္ကိုင္းတိုင္းအတြက္ “မမမ်ားနဲ႔ပြဲကမယ္”ကမ္ပိန္းမွ သိန္း ၂၇၀၀၀ ေက်ာ္ စံခ်ိန္တင္ရရွိ

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းက စစ္အာဏာရွင္တိုက္ထုတ္ေရး ေႏြဦးေတာ္လွန္ေရး တိုက္ပြဲေတြအတြက္ လိုအပ္ခ်က္ေတြကို ျဖည့္ေပးႏိုင္ဖို႔အတြက္ “မမမ်ားနဲ႔ပြဲကမယ္” ကမ္ပိန္းဟာ ၿပီးဆုံးသြားခဲ့ၿပီျဖစ္ကာ က်ပ္သိန္းေပါင္း ၂၇,၇၀၀ ထိ စံခ်ိန္တင္ရရွိခဲ့တယ္လို႔ ထုတ္ျပန္ပါတယ္။

ဒီကမ္ပိန္းကတဆင့္ ရက္ေပါင္း ၃၀ အတြင္း က်ပ္သိန္းေပါင္း ၁၅,၀၀၀ ထိ ရရွိႏိုင္ဖို႔ ေမွ်ာ္မွန္းထားခဲ့တာျဖစ္ၿပီး လတ္တေလာမွာေတာ့ လ်ာထားေမွ်ာ္မွန္းေငြထက္ ေက်ာ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

“ဇူလိုင္ ၂၆ ရက္ေန႔ ပေရာဂ်က္ၿပီးကတည္းက ေန႔တိုင္းလာေမးၾကတယ္။ ဘယ္ေလာက္ရသြားလဲတဲ့။ စစ္ကိုင္းအေပၚထားတဲ့ ျပည္သူေတြရဲ႕ေစတနာေၾကာင့္ စစ္ကိုင္းပြဲဟာ ရာခိုင္ႏႈန္း ၁၈၅ ျဖင့္ ေအာင္ျမင္ေက်ာ္ လြန္ခဲ့ပါတယ္။ မူလက ရည္မွန္းထားတာ သိန္း ၃၀၀၀၀ ပါ။ ျပည္သူေတြ ေငြပမ္း၊ လူပမ္းေနၾကတာေၾကာင့္ Phase [1] နဲ႔ Phase [2] ခြဲၿပီးရွာမယ္ ရည္႐ြယ္ခဲ့တာ။ ေစတနာမွန္ေသာ ကံအေၾကာင္းတရားေၾကာင့္ Phase [1] တစ္ခုနဲ႔တင္ သိန္းေပါင္း ၂၇၇၀၀ ထိရရွိခဲ့ပါၿပီ။ သိန္း ၃၀၀၀၀ ျပည့္ဖို႔ သိန္း ၂၂၀၀ ပဲလိုပါေတာ့တယ္။”

လတ္တေလာမွာေတာ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရးကာလဟာ ၁ ႏွစ္ခြဲေက်ာ္လာခဲ့ၿပီျဖစ္ကာ ဒီကာလအတြင္းမွာ ႏိုင္ငံအတြက္ အသက္ေပးခဲ့ၾကတဲ့ သူရဲေကာင္းရဲေဘာ္ေတြ၊ မတရားဖမ္းဆီး ႏွိပ္စက္ခံထားရတဲ့ ျပည္သူေတြနဲ႔ မီးရႈိ႕ဖ်က္ဆီးခံလိုက္ရတဲ့ အိမ္ေတြနဲ႔ ႐ြာေတြ အမ်ားႀကီး ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

ေႏြဦးေတာ္လွန္ေရး တိုက္ပြဲမ်ားစြာဟာ ႏိုင္ငံအႏွံ႔ေဒသအသီးသီးမွာ ျဖစ္ပြားေနၿပီး ဒီေဒသေတြထဲက စစ္ကိုင္းတိုင္းေဒသဟာ စစ္ေကာင္စီရဲ႕ အင္အားအလြန္အကြၽံသုံးကာ ဖ်က္ဆီးတိုက္ခိုက္မႈေတြကို ခံစားေနရၿပီး ေန႔စဥ္နဲ႔အမွ် ဒီဖ်က္ဆီးမႈေတြေၾကာင့္ စစ္ေဘးေရွာင္ ျပည္သူေတြနဲ႔ ထိခိုက္ပ်က္စီး မႈေတြက မ်ားျပားလာေနတာပါ။

ဒါေၾကာင့္မို႔ ဒီေဒသအတြက္ “မမမ်ားနဲ႔ပြဲကမယ္” ကမ္ပိန္းကို ၿပီးခဲ့တဲ့ ဇြန္ ၂၆ မွာ စတင္လိုက္ၿပီး လာမယ့္ ဇူလိုင္ ၂၅ ရက္အထိ ရက္ ၃၀ ကာလအတြင္းမွာ Phase 1 အေနနဲ႔ သိန္း ၁၅၀၀၀ ရရွိႏိုင္ဖို႔ ေမွ်ာ္မွန္းထားခဲ့တာ ျဖစ္ပါတယ္။

“မမမ်ားနဲ႔ပြဲကမယ္” အေနနဲ႔ သိပ္မၾကာခင္ကလည္း တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ကရင္နီေဒသတိုက္ပြဲၾကားက လိုအပ္ခ်က္ေတြကို ျဖည့္ေပးႏိုင္ဖို႔အတြက္ ၂၁ ရက္တာ ကမ္ပိန္းမွာ က်ပ္သိန္း ၅,၈၀၀ ေက်ာ္ထိ ရွာေဖြ ေပးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ဇူလိုင္ ၂၄ ရက္ကလည္း ျပည္သူ႔ဘက္ေတာ္သား အႏုပညာရွင္ေတြျဖစ္ၾကတဲ့ မင္းေမာ္ကြန္း၊ ျမႏွင္းရည္လြင္စတဲ့ အႏုပညာရွင္ေတြပါဝင္တဲ့ ျပည္သူ႔ေအာင္ပြဲ – ေတာ္လွန္ေရး စကားဝိုင္းကို ျပဳလုပ္ခဲ့ၿပီး ေတာ္လွန္ေရးပေရာဂ်က္မစ္ရွင္တိုင္းကို တာဝန္ေက်တဲ့ ျပည္သူအေယာက္စီတိုင္းနဲ႔ သူတို႔ခ်စ္တဲ့ အႏုပညာရွင္၊ Social influencer ေတြနဲ႔ ျပည္သူေတြၾကား “ခြန္အားေပး၊ ခြန္အားယူရင္း” ေမးခ်င္တဲ့ ေမးခြန္းေလးေတြ၊ အျပန္အလွန္ ေမးျမန္းေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

စစ္ကိုင္းပေရာဂ်က္အတြက္ ဒီကမ္ပိန္းမွာလည္း စင္ကာပူ၊ ျမန္မာ၊ မေလးရွား၊ အေမရိကန္၊ ေတာင္ကိုရီးယား၊ ယူေအအီး၊ ဂ်ာမနီ၊ ဩစေၾတးလ်၊ ထိုင္း၊ ဂ်ပန္၊ နယူးဇီလန္၊ ျပင္သစ္၊ ကေနဒါ၊ ဆြစ္ဇာလန္၊ ယူေက၊ ထိုင္ဝမ္ စတဲ့ ႏိုင္ငံအသီးသီးက ရန္ပုံေငြရွာေဖြေရး အဖြဲ႕ေတြအသီးသီးနဲ႔ ဆက္သြယ္လႉဒါန္းႏိုင္ဖို႔ ႏႈိးေဆာ္ထားခဲ့တာျဖစ္ၿပီး ရရွိလာတဲ့ ရန္ပုံေငြေတြကိုေတာ့ NUG အစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာနက ေနတဆင့္ ေပးပို႔ကူညီသြားမယ္လို႔ ေျပာထားပါတယ္။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္စစ္အုပ္စုက မတရားအာဏာသိမ္းယူထားတဲ့ ကာလေတြအတြင္း ႏိုင္ငံေရးမတည္ၿငိမ္မႈေတြနဲ႔အတူ စစ္ေကာင္စီတပ္ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြ၊ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြလည္း တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြ အႏွံ႔ ျပင္းထန္ေနပါတယ္။DVB

Unicode
အညာဒေသသို့ လက်နက်ကြီးတပ်ဆင်မည့် “မမများနဲ့ပွဲကမယ်” ကမ်ပိန်း သိန်းပေါင်း ၂၇,၇၀၀ ဖြင့် အောင်မြင်
စစ်ကိုင်းတိုင်းအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းမှ သိန်း ၂၇၀၀၀ ကျော် စံချိန်တင်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်အာဏာရှင်တိုက်ထုတ်ရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ကျပ်သိန်းပေါင်း ၂၇,၇၀၀ ထိ စံချိန်တင်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကမ်ပိန်းကတဆင့် ရက်ပေါင်း ၃၀ အတွင်း ကျပ်သိန်းပေါင်း ၁၅,၀၀၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ လျာထားမျှော်မှန်းငွေထက် ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

“ဇူလိုင် ၂၆ ရက်နေ့ ပရောဂျက်ပြီးကတည်းက နေ့တိုင်းလာမေးကြတယ်။ ဘယ်လောက်ရသွားလဲတဲ့။ စစ်ကိုင်းအပေါ်ထားတဲ့ ပြည်သူတွေရဲ့စေတနာကြောင့် စစ်ကိုင်းပွဲဟာ ရာခိုင်နှုန်း ၁၈၅ ဖြင့် အောင်မြင်ကျော် လွန်ခဲ့ပါတယ်။ မူလက ရည်မှန်းထားတာ သိန်း ၃၀၀၀၀ ပါ။ ပြည်သူတွေ ငွေပမ်း၊ လူပမ်းနေကြတာကြောင့် Phase [1] နဲ့ Phase [2] ခွဲပြီးရှာမယ် ရည်ရွယ်ခဲ့တာ။ စေတနာမှန်သော ကံအကြောင်းတရားကြောင့် Phase [1] တစ်ခုနဲ့တင် သိန်းပေါင်း ၂၇၇၀၀ ထိရရှိခဲ့ပါပြီ။ သိန်း ၃၀၀၀၀ ပြည့်ဖို့ သိန်း ၂၂၀၀ ပဲလိုပါတော့တယ်။”

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက စစ်ကိုင်းတိုင်းဒေသဟာ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီး မှုတွေက များပြားလာနေတာပါ။

ဒါကြောင့်မို့ ဒီဒေသအတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းကို ပြီးခဲ့တဲ့ ဇွန် ၂၆ မှာ စတင်လိုက်ပြီး လာမယ့် ဇူလိုင် ၂၅ ရက်အထိ ရက် ၃၀ ကာလအတွင်းမှာ Phase 1 အနေနဲ့ သိန်း ၁၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

“မမများနဲ့ပွဲကမယ်” အနေနဲ့ သိပ်မကြာခင်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ၂၁ ရက်တာ ကမ်ပိန်းမှာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရှာဖွေ ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကလည်း ပြည်သူ့ဘက်တော်သား အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ မြနှင်းရည်လွင်စတဲ့ အနုပညာရှင်တွေပါဝင်တဲ့ ပြည်သူ့အောင်ပွဲ – တော်လှန်ရေး စကားဝိုင်းကို ပြုလုပ်ခဲ့ပြီး တော်လှန်ရေးပရောဂျက်မစ်ရှင်တိုင်းကို တာဝန်ကျေတဲ့ ပြည်သူအယောက်စီတိုင်းနဲ့ သူတို့ချစ်တဲ့ အနုပညာရှင်၊ Social influencer တွေနဲ့ ပြည်သူတွေကြား “ခွန်အားပေး၊ ခွန်အားယူရင်း” မေးချင်တဲ့ မေးခွန်းလေးတွေ၊ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကိုင်းပရောဂျက်အတွက် ဒီကမ်ပိန်းမှာလည်း စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတြေးလျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ် စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေအသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နေတဆင့် ပေးပို့ကူညီသွားမယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေပါတယ်။DVB

Leave a Reply

Your email address will not be published.