ဩစီမှာ ကျားနှင့်သမင် လယ်ပြင်မှာ တွေ့ကြပြီပေါ့၊ဘောင်ချာအဆုပ်ခံရတော့မယ်၊ သိပြီးကြပြီလား

News

ဖြစ်မနေ ဖြိုလှဲရမည့် ဒေါက်တိုင်များကို ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ©နွေဦးအသံ ( The Voice Of Spring ) |
◼BMW မှ စီးချင်သူ
ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ လူငယ်​ဆရာဝန်တဦးက အပြင်ဆေးခန်းဖွင့်ပြီး ပိုက်ဆံရှာနေတဲ့ကိစ္စက စိတ်ဝင်စားစရာ မရှိပါဘူး။
မြန်မာနိုင်ငံက လာပြီး မြန်မာစကားနဲ့လည်း ပြောဆိုကုသလို့ရတဲ့ဆရာဝန်တဦး ဆိုရင် ပုံမှန်အားဖြင့် ဩစတေးလျနိုင်ငံက မြန်မာပြည်ဖွားတွေအနေနဲ့ အားပေးကြမှာ သေချာပါတယ်။

ဒါပေမဲ့ ဒီလူငယ် ဆရာဝန်လေးကတော့ ထူးခြားပါတယ်။
ဩစတေးလျနိုင်ငံကို ရောက်တယ်ဆိုရင်ပဲ မော်ဒယ်မြင့် BMW ကားသစ်တစီးကို ချက်ချင်း ကောက်ခါငင်ခါ ဝယ်စီးနိုင်သူပါ။
ပြည်ပနိုင်ငံကြီးတခုမှာ အလုပ်လာလုပ်ပြီး အနာဂတ်အတွက် ကြိုးစားရုန်းကန်တာမှ ဟုတ်ပါ့မလား။
ဒါက ရွယ်တူဘ၀တူလူငယ်ဆရာဝန်တွေအကြား စဉ်းစားစရာပါပဲ။
သူ့နာမည်က မင်းရဲမြတ်ဘုန်းခိုင် ပါ။ တကယ်တော့ သူက ဘယ်သူပါလဲ။

◼ကျေးဇူးမသိတတ်သည့် မိခင်
သူ့ကို လူသိပ်မသိကြပေမဲ့ သူ့ရဲ့ မိခင်ကိုတော့ ပြည်သူများက သိကြပါလိမ့်မယ်။
လက်ရှိ အကြမ်းဖက် စကစရဲ့ တရားရေးဝန်ကြီး လို့ ဆိုနိုင်တဲ့ ရှေ့နေချုပ်ရာထူးကို လက်ခံခဲ့သူ သီတာဦး ပဲ ဖြစ်ပါတယ်။
ရာထူးအားဖြင့် မြန်မာနိုင်ငံရဲ့ ဥပဒေအရာရှိအားလုံးရဲ့ အထက်မှာ သီတာဦးက ရှိနေတာပါ။
တကယ်တော့ သီတာဦး က ပြည်သူ့အစိုးရ ဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ တောက်ပြောင်လာခဲ့တာ ဆိုရင် ငြင်းမရပါဘူး။
အတွင်းဝန်ရာထူးကို တိုးမြှင့်ပေးခြင်းခံရတဲ့အပြင် ICJ အမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့အဖွဲ့မှာ သူ ပါဝင်ခဲ့ရာကစပြီး အများပြည်သူရှေ့မှာ လူသိများခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက​ ရှေ့နေတွေကို နိုင်ငံတကာက ဥပေဒတွေနဲ့ ရင်းနှီး ကျွမ်းဝင်လာအောင် လုပ်ပေးဖို့ကိုလည်း တာဝန်ပေးခြင်း ခံခဲ့ရသူပါ။

စစ်အာဏာသိမ်းအပြီးမှာတော့ ပြည်သူကို ပထမဦးဆုံး ကျေးဇူးကန်းပြီး သစ္စာဖောက်သူ ဖြစ်လာပါတော့တယ်။
◼မရှက်မကြောက် ယူဝံ့သူ
မင်းအောင်လှိုင် က စစ်အာဏာသိမ်းအပြီး ဗိုလ်ချုပ်ထွန်းထွန်းဦး ကို ရှေ့နေချုပ်ရာထူးဆက်ပေးခဲ့ပါတယ်။
ထူးခြားတာက ဗိုလ်ချုပ်ထွန်းထွန်းဦးဟာ စစ်တပ်ကလာပေမဲ့ မင်းအောင်လှိုင်ဆီမှာ ဆက်လက်အမှုထမ်းဖို့ ငြင်းဆန်ခဲ့ပါတယ်။
အဲဒီအခါ သီတာဦး ကို မင်းအောင်လှိုင်က လက်ရှိ အတွင်းဝန်ရာထူးရဲ့ နှစ်ဆင့်မြင့်တဲ့ ရှေ့နေချုပ်ရာထူးကို ချီးမြှင့်လိုက်ပါတယ်။
ဒါကို လက်ခံလိုက်တဲ့ သီတာဦး ကိုလည်း တရားရေးဌာနက တအံ့တဩ ဖြစ်ခဲ့ကြတာပါ။
◼သီတာဦး ရဲ့ တာဝန်တွေကဘာလဲ
လက်ရှိ အထိန်းသိမ်းခံထားရတဲ့ သမ္မတကြီး အပါအဝင် အတိုင်ပင်ခံပုဂ္ဂိုလ်က စလို့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ဘယ်ဥပဒေ၊ ဘယ်ပုဒ်မ တပ်၍ ဘယ်လိုပြစ်ဒဏ်စီရင် အစရှိတာတွေကို စီမံရသူပါ။

စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်ကူးယဉ်ဖန်တီးပြီး တည်ဆောက်ထားသမျှ ဥပဒေနဲ့ ဆန့်ကျင်တာတွေကို ဗြောင်ကျကျ ဥပဒေပုဒ်မတွေ စီစဉ်နေရာချတဲ့အဓိကတာဝန်ကို ယူထားရသူပါပဲ။
နေပြည်တော်မှာ ဝန်ကြီး အဆင့် အဆောင်အယောင်၊ လစာအပြင် အခြားဝင်ငွေလမ်းကြောင်းတွေ အခိုင်အခန့် သီတာဦးက ပိုင်ဆိုင်ထားပါတယ်။
တဖက်မှာ စစ်အာဏာရှင်ပေးတဲ့ အဆင့်မြင့် ရာထူးကို ယူပြီး ဒေါက်တိုင်အဖြစ် စိတ်တိုင်းကျ အသုံးတော်ခံနေပေမဲ့ သူ့သားသမီးကိုတော့ စစ်အာဏာရှင်စနစ်ရဲ့ အဝေးဆုံးကို ပို့ထားနိုင်သူပါ။
◼အရှောင်အတိမ်း သားမောင်ယိမ်း

သီတာဦး ရဲ့ သားက ဩစတေးဩနိုင်ငံရောက်အပြီး အရင် Queensland Mackay Hospital မှာ အလုပ်ဝင်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းအပြီးနောက်ပိုင်းမှာ စကစ ဝန်ကြီး ရဲ့ သားမှန်း သိရှိသွားကြပြီး လုပ်ဖော်ကိုင်ဖက်တွေက စကားပြောဆို ဆက်ဆံတာတွေ မလုပ်ကြတော့ပါဘူး။
ဒါကြောင့် အဲဒီဆေးရုံကနေ အလုပ် ထွက်လိုက်ပါတယ်။
အခုတော့ ပြင်ပဆေးခန်းမှာ အလုပ်လုပ်နေပါပြီ။
ဆရာဝန်တယောက်က ဘယ်နိုင်ငံရောက်ရောက် ဆေးကုသတဲ့အလုပ်နဲ့ အသက်မွေးတာ ပြဿနာ မရှိပါဘူး။
မြန်မာပြည်မှာကတော့ ကျန်းမာရေးလောကရဲ့ ဒဏ်ရာက ပြင်းထန်ပါတယ်။
ဆေးကျောင်းသားလူငယ်တွေအပါအဝင် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်စကစတပ်က ခေါင်းတည့်တည့်ချိန်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတာပါ။

ဒါကို လည်စင်းခံခဲ့ရတဲ့သမိုင်းက သွေးမခြောက်သေးပါဘူး။
လက်ရှိမှာလည်း ရွာစဉ်တိုက် မီးရှို့ပြီး စကစ ဟာ အစုအပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူးလွန်လျက်ရှိပါတယ်။
တချိန်တည်းမှာ စကစဒေါက်တိုင် ရှေ့နေချုပ် သီတာဦး ရဲ့ သားဖြစ်သူက ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ ဩစတေးလျမှာ လုံခြုံငြိမ်းချမ်းစွာ ပြင်ပဆရာဝန်တဦးအဖြစ် စီးပွားရှာ ရပ်တည်လျက်ရှိပါတယ်။
ဒါကို ပုံမှန်လို့ ထင်မြင်ယူဆပါသလား။
ဒီသတင်းကို သိလိုက်ရတဲ့အခါ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမှာရှိတဲ့ မြန်မာပြည်ဖွားတွေအပြင် မြန်မာနိုင်ငံသားတွေရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိနိုင်မလဲ။
ဒါက စိတ်ဝင်စားဖို့ ကောင်းပါတယ်။

| သူလက်ရှိ အလုပ်လုပ်နေတဲ့ ပြင်ပဆေးခန်းတွေရဲ့ Website စာမျက်နှာကို Comment မှာဖော်ပြပေးထားပါတယ်၊ အခြားလိုအပ်တဲ့သတင်းအချက်အလက်တွေ ကူညီဖြည့်စွက်နိုင်ပါတယ် |
©အောင်နွေထက်
ZAWGYI
မျဖစ္မေန ၿဖိဳလွဲရမည့္ ေဒါက္တိုင္မ်ားကို ေဖာ္ထုတ္သြားမွာ ျဖစ္ပါတယ္။ ©ေႏြဦးအသံ ( The Voice Of Spring ) |
◼BMW မွ စီးခ်င္သူ
ဩစေတးလ်နိုင္ငံ၊ ဆစ္ဒနီၿမိဳ႕မွာ လူငယ္​ဆရာဝန္တဦးက အျပင္ေဆးခန္းဖြင့္ၿပီး ပိုက္ဆံရွာေနတဲ့ကိစၥက စိတ္ဝင္စားစရာ မရွိပါဘူး။
ျမန္မာနိုင္ငံက လာၿပီး ျမန္မာစကားနဲ႔လည္း ေျပာဆိုကုသလို႔ရတဲ့ဆရာဝန္တဦး ဆိုရင္ ပုံမွန္အားျဖင့္ ဩစေတးလ်နိုင္ငံက ျမန္မာျပည္ဖြားေတြအေနနဲ႔ အားေပးၾကမွာ ေသခ်ာပါတယ္။
ဒါေပမဲ့ ဒီလူငယ္ ဆရာဝန္ေလးကေတာ့ ထူးျခားပါတယ္။
ဩစေတးလ်နိုင္ငံကို ေရာက္တယ္ဆိုရင္ပဲ ေမာ္ဒယ္ျမင့္ BMW ကားသစ္တစီးကို ခ်က္ခ်င္း ေကာက္ခါငင္ခါ ဝယ္စီးနိုင္သူပါ။
ျပည္ပနိုင္ငံႀကီးတခုမွာ အလုပ္လာလုပ္ၿပီး အနာဂတ္အတြက္ ႀကိဳးစား႐ုန္းကန္တာမွ ဟုတ္ပါ့မလား။
ဒါက ရြယ္တူဘ၀တူလူငယ္ဆရာဝန္ေတြအၾကား စဥ္းစားစရာပါပဲ။

သူ႔နာမည္က မင္းရဲျမတ္ဘုန္းခိုင္ ပါ။ တကယ္ေတာ့ သူက ဘယ္သူပါလဲ။
◼ေက်းဇူးမသိတတ္သည့္ မိခင္
သူ႔ကို လူသိပ္မသိၾကေပမဲ့ သူ႔ရဲ့ မိခင္ကိုေတာ့ ျပည္သူမ်ားက သိၾကပါလိမ့္မယ္။
လက္ရွိ အၾကမ္းဖက္ စကစရဲ့ တရားေရးဝန္ႀကီး လို႔ ဆိုနိုင္တဲ့ ေရွ႕ေနခ်ဳပ္ရာထူးကို လက္ခံခဲ့သူ သီတာဦး ပဲ ျဖစ္ပါတယ္။
ရာထူးအားျဖင့္ ျမန္မာနိုင္ငံရဲ့ ဥပေဒအရာရွိအားလုံးရဲ့ အထက္မွာ သီတာဦးက ရွိေနတာပါ။
တကယ္ေတာ့ သီတာဦး က ျပည္သူ႔အစိုးရ ျဖစ္တဲ့ NLD အစိုးရလက္ထက္မွာ ေတာက္ေျပာင္လာခဲ့တာ ဆိုရင္ ျငင္းမရပါဘူး။
အတြင္းဝန္ရာထူးကို တိုးျမႇင့္ေပးျခင္းခံရတဲ့အျပင္ ICJ အမႈကို နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ဦးေဆာင္တဲ့အဖြဲ႕မွာ သူ ပါဝင္ခဲ့ရာကစၿပီး အမ်ားျပည္သူေရွ႕မွာ လူသိမ်ားခဲ့တာပါ။
ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာနိုင္ငံက​ ေရွ႕ေနေတြကို နိုင္ငံတကာက ဥေပဒေတြနဲ႔ ရင္းႏွီး ကၽြမ္းဝင္လာေအာင္ လုပ္ေပးဖို႔ကိုလည္း တာဝန္ေပးျခင္း ခံခဲ့ရသူပါ။

စစ္အာဏာသိမ္းအၿပီးမွာေတာ့ ျပည္သူကို ပထမဦးဆုံး ေက်းဇူးကန္းၿပီး သစၥာေဖာက္သူ ျဖစ္လာပါေတာ့တယ္။
◼မရွက္မေၾကာက္ ယူဝံ့သူ
မင္းေအာင္လွိုင္ က စစ္အာဏာသိမ္းအၿပီး ဗိုလ္ခ်ဳပ္ထြန္းထြန္းဦး ကို ေရွ႕ေနခ်ဳပ္ရာထူးဆက္ေပးခဲ့ပါတယ္။
ထူးျခားတာက ဗိုလ္ခ်ဳပ္ထြန္းထြန္းဦးဟာ စစ္တပ္ကလာေပမဲ့ မင္းေအာင္လွိုင္ဆီမွာ ဆက္လက္အမႈထမ္းဖို႔ ျငင္းဆန္ခဲ့ပါတယ္။
အဲဒီအခါ သီတာဦး ကို မင္းေအာင္လွိုင္က လက္ရွိ အတြင္းဝန္ရာထူးရဲ့ ႏွစ္ဆင့္ျမင့္တဲ့ ေရွ႕ေနခ်ဳပ္ရာထူးကို ခ်ီးျမႇင့္လိုက္ပါတယ္။
ဒါကို လက္ခံလိုက္တဲ့ သီတာဦး ကိုလည္း တရားေရးဌာနက တအံ့တဩ ျဖစ္ခဲ့ၾကတာပါ။
◼သီတာဦး ရဲ့ တာဝန္ေတြကဘာလဲ
လက္ရွိ အထိန္းသိမ္းခံထားရတဲ့ သမၼတႀကီး အပါအဝင္ အတိုင္ပင္ခံပုဂၢိဳလ္က စလို႔ နိုင္ငံေရးအက်ဥ္းသားေတြ အားလုံးကို ဘယ္ဥပေဒ၊ ဘယ္ပုဒ္မ တပ္၍ ဘယ္လိုျပစ္ဒဏ္စီရင္ အစရွိတာေတြကို စီမံရသူပါ။
စစ္ဗိုလ္ခ်ဳပ္ေတြရဲ့ စိတ္ကူးယဥ္ဖန္တီးၿပီး တည္ေဆာက္ထားသမၽွ ဥပေဒနဲ႔ ဆန႔္က်င္တာေတြကို ေျဗာင္က်က် ဥပေဒပုဒ္မေတြ စီစဥ္ေနရာခ်တဲ့အဓိကတာဝန္ကို ယူထားရသူပါပဲ။
ေနျပည္ေတာ္မွာ ဝန္ႀကီး အဆင့္ အေဆာင္အေယာင္၊ လစာအျပင္ အျခားဝင္ေငြလမ္းေၾကာင္းေတြ အခိုင္အခန႔္ သီတာဦးက ပိုင္ဆိုင္ထားပါတယ္။

တဖက္မွာ စစ္အာဏာရွင္ေပးတဲ့ အဆင့္ျမင့္ ရာထူးကို ယူၿပီး ေဒါက္တိုင္အျဖစ္ စိတ္တိုင္းက် အသုံးေတာ္ခံေနေပမဲ့ သူ႔သားသမီးကိုေတာ့ စစ္အာဏာရွင္စနစ္ရဲ့ အေဝးဆုံးကို ပို႔ထားနိုင္သူပါ။
◼အေရွာင္အတိမ္း သားေမာင္ယိမ္း
သီတာဦး ရဲ့ သားက ဩစေတးဩနိုင္ငံေရာက္အၿပီး အရင္ Queensland Mackay Hospital မွာ အလုပ္ဝင္ခဲ့ပါတယ္။
ဒါေပမဲ့ စစ္အာဏာသိမ္းအၿပီးေနာက္ပိုင္းမွာ စကစ ဝန္ႀကီး ရဲ့ သားမွန္း သိရွိသြားၾကၿပီး လုပ္ေဖာ္ကိုင္ဖက္ေတြက စကားေျပာဆို ဆက္ဆံတာေတြ မလုပ္ၾကေတာ့ပါဘူး။
ဒါေၾကာင့္ အဲဒီေဆး႐ုံကေန အလုပ္ ထြက္လိုက္ပါတယ္။
အခုေတာ့ ျပင္ပေဆးခန္းမွာ အလုပ္လုပ္ေနပါၿပီ။
ဆရာဝန္တေယာက္က ဘယ္နိုင္ငံေရာက္ေရာက္ ေဆးကုသတဲ့အလုပ္နဲ႔ အသက္ေမြးတာ ျပႆနာ မရွိပါဘူး။
ျမန္မာျပည္မွာကေတာ့ က်န္းမာေရးေလာကရဲ့ ဒဏ္ရာက ျပင္းထန္ပါတယ္။
ေဆးေက်ာင္းသားလူငယ္ေတြအပါအဝင္ ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရးဝန္ထမ္းေတြကို အၾကမ္းဖက္စကစတပ္က ေခါင္းတည့္တည့္ခ်ိန္ၿပီး ေသနတ္နဲ႔ ပစ္ခတ္သတ္ျဖတ္ခဲ့ၾကတာပါ။

ဒါကို လည္စင္းခံခဲ့ရတဲ့သမိုင္းက ေသြးမေျခာက္ေသးပါဘူး။
လက္ရွိမွာလည္း ရြာစဥ္တိုက္ မီးရွို႔ၿပီး စကစ ဟာ အစုအျပဳံလိုက္သတ္ျဖတ္မႈေတြကို က်ဴးလြန္လ်က္ရွိပါတယ္။
တခ်ိန္တည္းမွာ စကစေဒါက္တိုင္ ေရွ႕ေနခ်ဳပ္ သီတာဦး ရဲ့ သားျဖစ္သူက ဒီမိုကေရစီ နိုင္ငံႀကီးျဖစ္တဲ့ ဩစေတးလ်မွာ လုံျခဳံၿငိမ္းခ်မ္းစြာ ျပင္ပဆရာဝန္တဦးအျဖစ္ စီးပြားရွာ ရပ္တည္လ်က္ရွိပါတယ္။
ဒါကို ပုံမွန္လို႔ ထင္ျမင္ယူဆပါသလား။
ဒီသတင္းကို သိလိုက္ရတဲ့အခါ ဩစေတးလ်နိုင္ငံ၊ ဆစ္ဒနီမွာရွိတဲ့ ျမန္မာျပည္ဖြားေတြအျပင္ ျမန္မာနိုင္ငံသားေတြရဲ့ တုန႔္ျပန္မႈက ဘယ္လိုရွိနိုင္မလဲ။
ဒါက စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။
| သူလက္ရွိ အလုပ္လုပ္ေနတဲ့ ျပင္ပေဆးခန္းေတြရဲ့ Website စာမ်က္ႏွာကို Comment မွာေဖာ္ျပေပးထားပါတယ္၊ အျခားလိုအပ္တဲ့သတင္းအခ်က္အလက္ေတြ ကူညီျဖည့္စြက္နိုင္ပါတယ္ |
©ေအာင္ေႏြထက္

Leave a Reply

Your email address will not be published.