ဦးကျော်မိုးထွန်း ပြည်သူများပါဝင်ရန်တောင်းဆိုပြီ….

News

ဦးကျော်မိုးထွန်း ပြည်သူများပါဝင်ရန်တောင်းဆိုပြီ….

လူငယ့်ခေတ်

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဦးကျော်မိုးထွန်းကို မြန်မာနိုင် ငံကိုယ်စားပြုခွင့် ထပ်မံရရှိစေရန် ပြည်သူများ ပူးပေါင်းပါ၀င် တောင်းဆိုကြရေး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက နှိုးဆော်ခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံသည် ၂၀၂၁ ခုနှစ်တွင် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုခွင့် ပြုခဲ့သည့် အတွက် ပြည်သူများ၏ အသံများနှင့် ဖြစ်ရပ်များကို နိုင်ငံတကာတွင် ဆွေးနွေးနိုင်ခဲ့သည့်အပြင် နိုင်ငံကိုယ်စားပြု အနေဖြင့် ကမ္ဘာအရေး၌ ပါဝင်လှုပ်ရှားခွင့်ရပြီး နွေဦးတော်လှန်ရေးတွင်လည်း အထောက်အကူများစွာပြုခဲ့သည်။

အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီသည် ဦးကျော်မိုးထွန်းကို နိုင်ငံကိုယ်စားပြုခွင့် ထပ်မံရရှိစေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းတစ်ခုကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါ ကမ်ပိန်းတွင် အသုံးပြုရန်အတွက် ကြွေးကြော်သံ၊ ဆောင်ပုဒ်နှင့် Facebook profile picture frame ဒီဇိုင်းတို့ကို ပြည်သူများက အကြံပြုပေးဖို့ရန် ဖိတ်ခေါ်ထားသည်။

ဦးကျော်မိုးထွန်းသည် အရပ်သားအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးဖြစ်ပြီး စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူစဉ် ပြည်သူလူထုဘက်မှ ရပ်တည်ခဲ့သူဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံသည် ၂၀၂၁ ခုနှစ်တွင် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုခွင့်ပေးလိုက်သည့် အတွက် အာသိမ်းယူထားသည့် စစ်ကောင်စီသည် ကုလသမဂ္ဂ၌ ကိုယ်စားပြု၍ ၀င်ရောက်ပြောဆိုဆွေးနွေးခွင့် မရှိတော့ပေ။

မြန်မာနိုင်ငံသားများ၏ သဘောထားနှင့်တိုက်ဆိုင်စွာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့သည့် ဦးကျော်မိုးထွန်း သည် ၂၀၂၁ ခုနှစ်တွင် ပြည်ပ၌ အသက်အန္တရာယ်ကိုပင် ရန်ပြုခံခဲ့ရဖူးသည်။

Crd

Unicode

ဦးကျော်မိုးထွန်း ပြည်သူများပါဝင်ရန်တောင်းဆိုပြီ….

လူငယ့္ေခတ္

၂၀၂၂ ခုႏွစ္ စက္တင္ဘာလတြင္ က်င္းပမည့္ ကုလသမဂၢအေထြေထြညီလာခံတြင္ ဦးေက်ာ္မိုးထြန္းကို ျမန္မာနိုင္ ငံကိုယ္စားျပဳခြင့္ ထပ္မံရရွိေစရန္ ျပည္သူမ်ား ပူးေပါင္းပါ၀င္ ေတာင္းဆိုၾကေရး အမ်ိဳးသားညီညြတ္ေရး အတိုင္ပင္ခံေကာင္စီက ႏွိုးေဆာ္ခဲ့သည္။

ကုလသမဂၢအေထြေထြညီလာခံသည္ ၂၀၂၁ ခုႏွစ္တြင္ ဦးေက်ာ္မိုးထြန္းကို ျမန္မာနိုင္ငံကိုယ္စားျပဳခြင့္ ျပဳခဲ့သည့္ အတြက္ ျပည္သူမ်ား၏ အသံမ်ားႏွင့္ ျဖစ္ရပ္မ်ားကို နိုင္ငံတကာတြင္ ေဆြးေႏြးနိုင္ခဲ့သည့္အျပင္ နိုင္ငံကိုယ္စားျပဳ အေနျဖင့္ ကမၻာအေရး၌ ပါဝင္လႈပ္ရွားခြင့္ရၿပီး ေႏြဦးေတာ္လွန္ေရးတြင္လည္း အေထာက္အကူမ်ားစြာျပဳခဲ့သည္။

အမ်ိဳးသားညီညႊတ္ေရး အတိုင္ပင္ခံေကာင္စီသည္ ဦးေက်ာ္မိုးထြန္းကို နိုင္ငံကိုယ္စားျပဳခြင့္ ထပ္မံရရွိေစရန္အတြက္ ကမၻာလုံးဆိုင္ရာ ကမ္ပိန္းတစ္ခုကို လုပ္ေဆာင္မည္ျဖစ္ေၾကာင္း၊ အဆိုပါ ကမ္ပိန္းတြင္ အသုံးျပဳရန္အတြက္ ေႂကြးေၾကာ္သံ၊ ေဆာင္ပုဒ္ႏွင့္ Facebook profile picture frame ဒီဇိုင္းတို႔ကို ျပည္သူမ်ားက အႀကံျပဳေပးဖို႔ရန္ ဖိတ္ေခၚထားသည္။

ဦးေက်ာ္မိုးထြန္းသည္ အရပ္သားအစိုးရ လက္ထက္တြင္ ျမန္မာနိုင္ငံဆိုင္ရာ ကုလသမဂၢသံအမတ္ႀကီးျဖစ္ၿပီး စစ္တပ္က နိုင္ငံေတာ္အာဏာကို သိမ္းယူစဥ္ ျပည္သူလူထုဘက္မွ ရပ္တည္ခဲ့သူျဖစ္သည္။

ကုလသမဂၢအေထြေထြညီလာခံသည္ ၂၀၂၁ ခုႏွစ္တြင္ ဦးေက်ာ္မိုးထြန္းကို ျမန္မာနိုင္ငံကိုယ္စားျပဳခြင့္ေပးလိုက္သည့္ အတြက္ အာသိမ္းယူထားသည့္ စစ္ေကာင္စီသည္ ကုလသမဂၢ၌ ကိုယ္စားျပဳ၍ ၀င္ေရာက္ေျပာဆိုေဆြးေႏြးခြင့္ မရွိေတာ့ေပ။

ျမန္မာနိုင္ငံသားမ်ား၏ သေဘာထားႏွင့္တိုက္ဆိုင္စြာ စစ္အာဏာရွင္ကို ဆန႔္က်င္ေတာ္လွန္ခဲ့သည့္ ဦးေက်ာ္မိုးထြန္း သည္ ၂၀၂၁ ခုႏွစ္တြင္ ျပည္ပ၌ အသက္အႏၲရာယ္ကိုပင္ ရန္ျပဳခံခဲ့ရဖူးသည္။

CRD

Leave a Reply

Your email address will not be published.