ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ကိုယ္တိုင္ ၆ လ ႀကိဳတင္တြက္ခ်က္ခန႔္မွန္းလိုက္တဲ့ ျမန္မာ့စီးပြားေရး

News

အလုပ္လုပ္သူတိုင္း ဝင္ေငြရမယ္လို႔ စစ္ေခါင္းေဆာင္ေျပာ၊ ၆ လအတြင္း စီးပြားေရးက႑ ဖြံ့ၿဖိဳးတိုးတက္လာမယ္လို႔ သူ႔ဘာသာ သုံးသပ္

ဧရာဝတီတိုင္းမ္၊ ၾသဂုတ္လ ၁ ရက္

စီးပြားေရးမွာ ဦးတည္ခ်က္ ၃ ရပ္ထားၿပီးအေကာင္ အထည္ေဖာ္ေဆာင္ရြက္ေနလို႔ လာမယ့္ ၆ လအတြင္း စီးပြားေရးက႑မွ

ဖြံ့ၿဖိဳးတိုးတက္မယ္လို႔ စစ္ေခါင္း ေဆာင္ မင္းေအာင္လွိုင္က တြက္ခ်က္ျပၿပီး သူ႔ဘာသာ သုံးသပ္ ေျပာဆိုသြားပါတယ္

ဒီကေန႔ ၾသဂုတ္လ ၁ ရက္ မနက္ အာဏာသိမ္း ၁၈ လျပည့္ စစ္ေခါင္းေဆာင္ရဲ့ မိန္႔ခြန္းရွည္ႀကီးမွာ အခုလို ထည့္သြင္းေျပာဆိုခဲ့တာပါ

၆ လအတြင္း အလုပ္အကိုင္ အခြင့္အလမ္းေတြ မ်ားစြာေပၚေပါက္လာမွာျဖစ္ၿပီး အလုပ္လုပ္ သူတိုင္း ဝင္ေငြရမယ္လို႔လည္း မင္းေအာင္လွိုင္က ေျပာဆိုသြားပါတယ္

၄င္းတို႔ စစ္ေကာင္စီ တာဝန္ယူခဲ့တဲ့ ကာလက ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ကေန ၿပီးခဲ့တဲ့ေမလအထိ ကုန္သြယ္မႈပိုေငြ အေမရိကန္ေဒၚလာ ၁.၁၄ ဘီလီလ်ံရွိခဲ့တယ္လို႔လည္း ေျပာဆိုပါတယ္

ဒါ့အျပင္ တိုင္းျပည္ရဲ့အားက ျပည္တြင္းမွာသာရွိၿပီး ျပည္ တြင္းအားနဲ႔ နိုင္ငံတိုးတက္ေအာင္ လုပ္ရမယ္လို႔လည္း သူက ထပ္မံေျပာဆိုသြားပါတယ္ Ayeyarwaddy Times

အလုပ်လုပ်သူတိုင်း ဝင်ငွေရမယ်လို့ စစ်ခေါင်းဆောင်ပြော၊ ၆ လအတွင်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ သူ့ဘာသာ သုံးသပ်

ဧရာဝတီတိုင်းမ်၊ သြဂုတ်လ ၁ ရက်

စီးပွားရေးမှာ ဦးတည်ချက် ၃ ရပ်ထားပြီးအကောင် အထည်ဖော်ဆောင်ရွက်နေလို့ လာမယ့် ၆ လအတွင်း စီးပွားရေးကဏ္ဍမှာ

ဖွံ့ဖြိုးတိုးတက်မယ်လို့ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က တွက်ချက်ပြပြီး သူ့ဘာသာ သုံးသပ် ပြောဆိုသွားပါတယ်

ဒီကနေ့ သြဂုတ်လ ၁ ရက် မနက် အာဏာသိမ်း ၁၈ လပြည့် စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းရှည်ကြီးမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ

၆ လအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ များစွာပေါ်ပေါက်လာမှာဖြစ်ပြီး အလုပ်လုပ် သူတိုင်း ဝင်ငွေရမယ်လို့လည်း မင်းအောင်လှိုင်က ပြောဆိုသွားပါတယ်

၄င်းတို့ စစ်ကောင်စီ တာဝန်ယူခဲ့တဲ့ ကာလက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကနေ ပြီးခဲ့တဲ့မေလအထိ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁.၁၄ ဘီလီလျံရှိခဲ့တယ်လို့လည်း ပြောဆိုပါတယ်

ဒါ့အပြင် တိုင်းပြည်ရဲ့အားက ပြည်တွင်းမှာသာရှိပြီး ပြည် တွင်းအားနဲ့ နိုင်ငံတိုးတက်အောင် လုပ်ရမယ်လို့လည်း သူက ထပ်မံပြောဆိုသွားပါတယ် Ayeyarwaddy Times

Leave a Reply

Your email address will not be published.