၃ နှစ် ၃ လ ၃ ရက် မိုင်းကြက်ဂူထဲမှာ တရားကျင်ကြံ အားထုတ်ပြီး ထွက်လာသည့် မိုင်းဖုန်းဆရာတော်ကြီးကို ယနေ့ဖူးတွေ့ရတဲ့ မြင်ကွင်း

News





Unicode

၃ နှစ် ၃ လ ၃ ရက် မိုင်းဖုန်းမြို့နယ်ရှိ မိုင်းကြက်ဂူထဲမှာ တရားကျင်ကြံ အားထုတ်ပြီး ထွက်လာသည့် မိုင်းဖုန်းဆရာတော်ကြီး

ရှမ်းပြည်နယ်၊မိုင်းဆတ်မြို့နယ်၊မိုင်းကျက်ဂူအတွင်း၌ ၃ နှစ်၊ ၃ လ၊ ၃ ရက် တိတိဂူတွင်းအဓိဌာန်ဝင်နေသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ဇူလိုင် ၃၁ ရက်(ယနေ့)တွင် အဓိဌာန်ပြည့်၍ ဂူအတွင်းမှထွက်လာမည်ဖြစ်သည်။

ဂူအတွင်းမှထွက်တော်မူလာမည့် မိုင်းဖုန်းဆရာတော်ကြီးအားဖူးမြှော်ရန် အနယ်နယ်အရပ်ရပ်မှလာရောက်သူများလည်း မိုင်းကျက်အောက်ဂူ၌ စောင့်ဆိုင်းလျက်ရှိကာ မိုင်းဖုန်းဆရာတော်ကြီးအား မိုင်းကျက်အထက်ဂူမှတဆင့် ဆရာတော်၊သံဃာတော်များနှင့်တပည့်သာဝကများက ဝေါယာဉ်ဖြင့်ပင့်ဆောင်လာမည်ဖြစ်သည်။

မိုင်းဖုန်းဆရာတော်ကြီးသည် ဂူထွက်လာပြီးနောက် နမ့်ဟူးရေထွက်၌ ဆံတော်ချမည်ဖြစ်ပြီး မိုင်းကက်အောက်ဂူ၌ ၅ ရက်သီတင်းသုံး၍ အပူဇော်ခံသွားမည်ဖြစ်သည်။

Crd

Leave a Reply

Your email address will not be published.