အရေးပေါ်မြွေဆိပ်ပြေဆေး လိုအပ်နေဟု အရာတော် PDF အကူအညီတောင်း

News

အရေးပေါ်မြွေဆိပ်ပြေဆေး လိုအပ်နေဟု အရာတော် PDF အကူအညီတောင်း

အရာတော်၊ ဇူလိုင် ၃၀

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း အရာတော်ြမို့နယ်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များအတွက် အသင့်ဆောင်ထားရန် အရေးပေါ် မြွေဆိပ်ပြေ ထိုးဆေး အလုံး ၃၀ လိုအပ်နေကြောင်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ပြောသည်။

အညာဒေတွင် ပျောက်ကျားလှုပ်ရှားနေရသည့် ရဲဘော်များအတွက် အရေးပေါ်မြွေဆိပ်ဖြေဆေးများ အသင့်ဆောင်ထားရန် လိုအပ်နေခြင်းကြောင့် အကူအညီ တောင်းခံခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ရဲဘော်တွေက ညဖက်ကြီး ကင်းစောင့်ရတယ်။ ဒီကောင်တွေက ညဖက်တွေဝင်လာတတ်တယ်။ ရဲဘော်တွေ ကင်းစောင့်နေချိန် မြွေအန္တရာယ်က အမြဲတွေ့ရတယ်။ ရဲဘော်တွေအတွက်ဘဲ မဟုတ်ဘူး။ ဆေးကတော့ ပြည်သူလူထု ဖြစ်ရင်လည်း ကူညီပေးဖို့ ရည်ရွယ်တယ်။ စပြီး အကူအညီတောင်းခံတာကတော့ အလုံး ၃၀ ပေါ့။ အရေအတွက် နဲ့ အလှူခံတာပါ။ ” ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ က လူငယ့်ခေတ် သို့ပြောသည်။

ပြီးခဲ့သည့် ဇွန်လကလည်း ရဲဘော်တစ်ဦး မြွေကိုက်ခံရပြီး အရေးပေါ်မြွေဆိပ်ဖြေဆေးအကူညီဖြင့် ဆေးတပ်ဖွဲ့၏ ကုသပေးမှု ကြောင့် အသက်သေဆုံးမှုမရှိခဲ့ကြောင်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကသိရသည်။

လက်ရှိအချိန်ထိ မြွေကိုက်ခံရခြင်းကြောင့် ရဲဘော်ကျဆုံးမှု မရှိသေးကြောင်း၊ အညာဒေသတွင် သဲမြွေပွေး၊ မြက်လျှော၊ မြွေစိမ်းခေါင်းပြားများ ပေါများသလို တောထူထပ်သည့်နေရာတွင် မြွေဟောက်၊ ငန်းမြွေများပါတွေ့ရကြောင်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိရသည်။

ထိုကြောင့် မြွေဆိပ်ဖြေဆေး ထိုးဆေး ၁လုံး ကျပ်၃၅၀၀၀ နှုန်းဖြင့် စုစုပေါင်း အလုံး ၃၀ စာ ထောက်ပံကူညီပေးကြရန်လည်း ၎င်းတို့က အကူအညီ တောင်းခံထားသည်။

Crd

Unicode

အေရးေပၚေႁမြဆိပ္ေျပေဆး လိုအပ္ေနဟု အရာေတာ္ PDF အကူအညီေတာင္း

အရာေတာ္၊ ဇူလိုင္ ၃၀

လူငယ့္ေခတ္

စစ္ကိုင္းတိုင္း အရာေတာ္ၿမို႔နယ္တြင္ ျပည္သူ႔ကာကြယ္ေရးရဲေဘာ္မ်ားအတြက္ အသင့္ေဆာင္ထားရန္ အေရးေပၚ ေႁမြဆိပ္ေၿပ ထိုးေဆး အလုံး ၃၀ လိုအပ္ေနေၾကာင္း အရာေတာ္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ မွ ေျပာသည္။

အညာေဒတြင္ ေပ်ာက္က်ားလႈပ္ရွားေနရသည့္ ရဲေဘာ္မ်ားအတြက္ အေရးေပၚေႁမြဆိပ္ေျဖေဆးမ်ား အသင့္ေဆာင္ထားရန္ လိုအပ္ေနျခင္းေၾကာင့္ အကူအညီ ေတာင္းခံျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

“ရဲေဘာ္ေတြက ညဖက္ႀကီး ကင္းေစာင့္ရတယ္။ ဒီေကာင္ေတြက ညဖက္ေတြဝင္လာတတ္တယ္။ ရဲေဘာ္ေတြ ကင္းေစာင့္ေနခ်ိန္ ေႁမြအႏၲရာယ္က အျမဲေတြ႕ရတယ္။ ရဲေဘာ္ေတြအတြက္ဘဲ မဟုတ္ဘူး။ ေဆးကေတာ့ ျပည္သူလူထု ျဖစ္ရင္လည္း ကူညီေပးဖို႔ ရည္ရြယ္တယ္။ စၿပီး အကူအညီေတာင္းခံတာကေတာ့ အလုံး ၃၀ ေပါ့။ အေရအတြက္ နဲ႔ အလႉခံတာပါ။ ” ဟု အရာေတာ္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ျပန္ၾကားေရးတာဝန္ခံ က လူငယ့္ေခတ္ သို႔ေျပာသည္။

ၿပီးခဲ့သည့္ ဇြန္လကလည္း ရဲေဘာ္တစ္ဦး ေႁမြကိုက္ခံရၿပီး အေရးေပၚေႁမြဆိပ္ေျဖေဆးအကူညီျဖင့္ ေဆးတပ္ဖြဲ႕၏ ကုသေပးမႈ ေၾကာင့္ အသက္ေသဆုံးမႈမရွိခဲ့ေၾကာင္း အရာေတာ္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ကသိရသည္။

လက္ရွိအခ်ိန္ထိ ေႁမြကိုက္ခံရျခင္းေၾကာင့္ ရဲေဘာ္က်ဆုံးမႈ မရွိေသးေၾကာင္း၊ အညာေဒသတြင္ သဲေႁမြေပြး၊ ျမက္ေလၽွာ၊ ေႁမြစိမ္းေခါင္းျပားမ်ား ေပါမ်ားသလို ေတာထူထပ္သည့္ေနရာတြင္ ေႁမြေဟာက္၊ ငန္းေႁမြမ်ားပါေတြ႕ရေၾကာင္း အရာေတာ္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မွ သိရသည္။

ထိုေၾကာင့္ ေႁမြဆိပ္ေျဖေဆး ထိုးေဆး ၁လုံး က်ပ္၃၅၀၀၀ ႏႈန္းျဖင့္ စုစုေပါင္း အလုံး ၃၀ စာ ေထာက္ပံကူညီေပးၾကရန္လည္း ၎တို႔က အကူအညီ ေတာင္းခံထားသည္။

Crd

Leave a Reply

Your email address will not be published.