လုံခြုံရေးတင်းကြပ်တဲ့ကြားက ရန်ကုန်လူငယ်တွေ လူထုသစ္စာအဓိဋ္ဌာန်ပြု

News

လုံခြုံရေးတင်းကြပ်တဲ့ကြားက ရန်ကုန်လူငယ်တွေ လူထုသစ္စာအဓိဋ္ဌာန်ပြု

ရန်ကုန်မြို့မှာ ဒီကနေ့ဇူလိုင် ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးတင်းကျပ်မှုတွေကြားကနေ တကသကျောင်းသားဟောင်းများအင်အားစုက ကျောင်းသားလူငယ်တွေက အများပြည်သူလိုက်ပါစီးနင်းကြတဲ့ YBS ယာဥ်လိုင်းတွေမှာ “လူထုသစ္စာအဓိဌာန်ပြုပွဲ’’ အတွက်နှိုးဆော်မှုတွေလုပ်ခဲ့ကြတာတွေ့ရပါတယ်။

စစ်အာဏာသိမ်းတာကိုဆန့်ကျင်ရင်း ကျဆုံးသွားသူတွေကို ဦးညွတ်အလေးပြုကြောင်းနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးကို အောင်မြင်တဲ့အထိပါဝင်ကြဖို့ ကြွေးကြော်သံတွေကိုလည်း လူထုကြားမှာလုပ်ခဲ့တာပါ။

ဒီလှုပ်ရှားမှုတွေမလုပ်ခင် လူထုကို တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရင်တောင်းပန်တယ်ဆိုပြီး တောင်းပန်ဝန်ချတာကိုလည်း တော်လှန်‌ရေးအင်အားစုကလူငယ်တွေကလုပ်ခဲ့ကြတာတွေ့ရပါတယ်။

#ဘီဘီစီမြန်မာပိုင်း

ဓါတ်ပုံ- AAMIJ

Crd

Unicode

လုံျခဳံေရးတင္းၾကပ္တဲ့ၾကားက ရန္ကုန္လူငယ္ေတြ လူထုသစၥာအဓိ႒ာန္ျပဳ

ရန္ကုန္ၿမိဳ႕မွာ ဒီကေန႔ဇူလိုင္ ၃၁ ရက္ေန႔က စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြရဲ့ စစ္ေဆးတင္းက်ပ္မႈေတြၾကားကေန တကသေက်ာင္းသားေဟာင္းမ်ားအင္အားစုက ေက်ာင္းသားလူငယ္ေတြက အမ်ားျပည္သူလိုက္ပါစီးနင္းၾကတဲ့ YBS ယာဥ္လိုင္းေတြမွာ “လူထုသစၥာအဓိဌာန္ျပဳပြဲ’’ အတြက္ႏွိုးေဆာ္မႈေတြလုပ္ခဲ့ၾကတာေတြ႕ရပါတယ္။

စစ္အာဏာသိမ္းတာကိုဆန႔္က်င္ရင္း က်ဆုံးသြားသူေတြကို ဦးညြတ္အေလးျပဳေၾကာင္းနဲ႔ စစ္အာဏာသိမ္းဆန႔္က်င္ေရးကို ေအာင္ျမင္တဲ့အထိပါဝင္ၾကဖို႔ ေႂကြးေၾကာ္သံေတြကိုလည္း လူထုၾကားမွာလုပ္ခဲ့တာပါ။

ဒီလႈပ္ရွားမႈေတြမလုပ္ခင္ လူထုကို ေတာ္လွန္ေရးအင္အားစုေတြရဲ့ စစ္အာဏာသိမ္းဆန႔္က်င္ေရးလႈပ္ရွားမူေတြေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ရင္ေတာင္းပန္တယ္ဆိုၿပီး ေတာင္းပန္ဝန္ခ်တာကိုလည္း ေတာ္လွန္‌ေရးအင္အားစုကလူငယ္ေတြကလုပ္ခဲ့ၾကတာေတြ႕ရပါတယ္။

#ဘီဘီစီျမန္မာပိုင္း

ဓါတ္ပုံ- AAMIJ

Crd

Leave a Reply

Your email address will not be published.