မြန်မာကွက်မျက်မှုများကြောင့် ရင်ကွဲရကြောင်း အောင်လအန်ဆန်ပြော
နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို အာဏာသိမ်းစစ်တပ်က ကွက်မျက်ခဲ့သဖြင့် ရင်ကွဲရကြောင်း အောင်လအန်ဆန်က အင်စတာဂရမ်တွင် ပြောသည်။




သူနှင့်ဇနီးသည် မျိုးဆက်သစ်ရတော့မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအတွက် ဆုတောင်းပေးနေကြောင်း သူကပြောသည်။
“မီးဖွားကာနီးတဲ့ဇနီးသည်ကိုဂရုစိုက်ရင်း လေ့ကျင့်ရေးတွေကိုလည်း အာရုံစိုက်နေပါတယ်။ ဒါပေမဲ့ မကြာသေးခင်က မြန်မာနိုင်ငံမှာဘာတွေဖြစ်နေသလဲဆိုတာကို
ဆက်တိုက်စောင့်ကြည့်နေရင်း နိုင်ငံရေးအကျဉ်းသားတွေ ကွက်မျက်ခံရတာ သိရပါတယ်။ ကျွန်တော်ရင်ကွဲရပါတယ်။ စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲဖော်ပြစရာစကားလုံးမရှိပါဘူး။
မြန်မာနိုင်ငံအတွက် ဆက်ဆုတောင်းနေပြီး မကြာခင် ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။ မိတ်ဆွေများခင်ဗျား ဘေးကင်းကြပါစေ။ ကျွန်တော်အားလုံးအတွက် ဆုတောင်းပေးနေပါတယ်” ဟု အောင်လအန်ဆန်ကပြောသည်။




အောင်လအန်ဆန်ကို မြန်မာနိုင်ငံတွင်မွေးဖွားပြီး ရန်ကုန်တွင်ကြီးပြင်းခဲ့သော်လည်း ပညာဆက်သင်ရန် အမေရိကန်ကို ထွက်ခွာခဲ့သည်။
ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပြိုင်ပွဲ(Mix Martial Arts)များတွင် အလွန့်အလွန်အောင်မြင်မှုရခဲ့ပြီး ONE Championship နှင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံနှင့် လိုက်ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် သူလေ့ကျင့်သည့်အားကစားရုံအပြင်တွင် ဗုံးပေါက်ပြီး ဒဏ်ရရခဲ့သည့် ONE Championship တိုက်ခိုက်ရေးသမား ကိုဖိုးသော်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့သည်။




အဆိုပါဗုံးကို အာဏာသိမ်းစစ်တပ်က ထောင်ခဲ့ကြောင်း လူအများအပြားက ယုံကြည်ကြသည်။
Source – Asian MMA
Photo – Asian MMA
Credit