စက်ဘီးသူခိုးမိလို့ တောင်ဒဂုံရဲစခန်း အပ်လိုက်သောအခါ … See more
အော် တောင်ဒဂုံ ရဲစခန်းရယ် တရားဥပဒေကို ဘယ်လိုစိုးမိုးလဲတော့ မသိဘူး ဖြစ်ပုံကဒီလို




ညီမဝမ်းကွဲလေး ဆယ်တန်း ကျူရှင်ကို
စက်ဘီးလေးနဲ့ သွားချင်လို့ စက်ဘီးလေး ၃၀၀၀၀ တန်လေး ဝယ်ပေးပါတယ်။
စက်ဘီးက အတန်းချိန်ဆိုကျူရှင်ရှေ့မှာ ရပ်ထားနေကျ အသစ်လေးမို့ သူခိုးက မျက်စိကျပြီး ဝင်ခိုးပါလေရော
ကျူရှင်ဆိုတော့ လူလဲများတော့ သူခိုးကိုစက်ဘီးနဲ့အတူ လက်ရဖမ်းမိခဲ့ပါတယ်။ကိုယ့်ဘာသာ ဖမ်းတာနော်




အဲ့တော့ ကျူရှင်ဆရာရယ် ရပ်ကွက်က
တာဝန်ရှိသူတွေရယ်က သူခိုးကိုရဲစခန်းသွား အပ်ကြပါတယ်။ဘာမှ အားစိုက်စရာမလို ပြည်သူကလက်ထဲ လာထည့်တာ
အဲ့တော့ ရဲစခန်းက သက်သေအနေနဲ့
စက်ဘီးကို ခဏသိမ်းထားမယ်ဆိုတော့ OK ရတယ် သိမ်းထားဆိုပြီး ထားလိုက်တာ လနဲ့ချီသွားတယ်။
ဘာသတင်းမှမကြား သူခိုးတောင် ပြန်လွတ်ပြီထင်တယ် ရဲစခန်းကို ဖုန်းဆက်ပြီး စက်ဘီးလေးပြန်ယူလို့ ရပြီလား မေးတော့
ယူလို့တော့ ရတယ်ငွေ ၂၀၀၀၀ ပေးရမယ်ပြောလိုက် ခဏနေ ၃၀၀၀၀ ပေးရမယ်ပြောလိုက်နဲ့ ဘာအတွက်လဲ မေးတော့




သက်သေခ ဘာခ ညာခ စုစုပေါင်း ၅၀၀၀၀ တဲ့ ဒါနဲ့ကျူရှင်ဆရာကလဲ ညှိနှိုင်းပေးရှာပါတယ်။
စက်ဘီးဝယ်တာမှ ၃၀၀၀၀ ရဲစခန်းက
ပြန်ရွေးနေရတယ်ဆိုတော့ နောက်ဆုံးညှိမရတော့ ဆရာလဲစိတ်ဆိုးပြီး ညီမလေးကို ငွေ၅၀၀၀၀ လာပေးလေရဲ့
မယူရက်ပါဘူး နောက်ဆုံးတော့စက်ဘီးအရင်းဖိုး ဆရာပေးတဲ့ ၃၀၀၀၀ ယူလိုက်ရပါတယ်။
သင်ခန်းစာ သူခိုးမိရင် ကိုယ့်ပစ္စည်းသာအရပြန်ယူပါ ဘယ်စခန်းမှ ခေါ်မသွားပါနှင့် စိတ်နာတယ် ဟုတ်တယ်




PS မကျေနပ်လို့ကိုတင်တာ ငွေ ၃၀၀၀၀ နဲ့ ဘဝပျက်နေတာ မဟုတ်ပါ။
ဒီလိုအဖွဲ့အစည်းတွေ လက်ထက်မှာ
တရားဥပဒေ ဆိုတာဘယ်အရာကို ခေါ်တာလဲ လို့ မေးရပါလိမ့်မယ်။
သန်လျင်မြို့ သတင်းစုံ
Crd