အမေစုကို သွယ်ဝိုက် လုပ်ကြံ နေပြီလား
စစ်ရာဇဝတ်ကောင်တွေကို ကြည့်ရတာ အမေစုကို ပေါ်တင် လုပ်ကြံဖို့ လုံးဝ မဖြစ်နိုင်သေးတဲ့အတွက်




အသက်ဘေး ကျရောက်အောင် သွယ်ဝိုက် အမှည့်ခြွေခြွေနေတဲ့ သဘောမှာ ရှိနေတယ်။
အသက် ၇၇ အရွယ် အဖွားအို တစ်ယောက်ကို နေပြည်တော်လို ရာသီဥတုအလွန် ပြင်းထန်ပြီး
အပြောင်းအလဲ မြန်တဲ့ နေရာမျိုးမှာ နေ့ဆိုရင် အပူဒဏ် ညဆို အအေးဒဏ်ကို တိုက်ရိုက် ခံရအောင်
မျက်နှာကျက် မပါ အဲကွန်းမပါပဲ သွပ်မိုး နိမ့်နိမ့် အိမ်နဲ့ တမင် ထားတယ်။




ပြီးတော့ ခြင်ယင် ပိုးမွှား တိုက်ရိုက် ထိအောင် ပြတင်းပေါက် ၆ ပေါက်မှာ ၃ ပေါက်ကို လိုက်ကာ မပေးထားဘူး။
ရုပ်ပိုင်း ဆိုင်ရာအပြင် စိတ်ပိုင်း ဆိုင်ရာကိုလည်း အပြင်းအထန် ဒုက္ခ ပေးထားတယ်။
ယခင် အကျယ်ချုပ်တွေမှာ အတူတူ နေနေကျ လူတွေနဲ့ ခွဲလိုက်ပြီး တစ်ယောက်ထဲ ထားတယ်။
အမေစုနဲ့ ရင်းနှီးပြီး အမေစုကို အင်မတန် လေးစားတဲ့




ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ရက်ရက် စက်စက် ကွပ်မျက်ပြ လိုက်တယ်။
အခုလို ရနိုင်သလောက် နည်းလမ်းတွေနဲ့ အမှည့်ချွေ နေတဲ့အပြင် အမေစုကို ပေးတဲ့ အစားအစာ
သောက်ရေ သုံးရေတွေမှာ ဥပါဒ် ဖြစ်စေတဲ့ ဓါတု ပစ္စည်းတွေပါ
နည်းနည်းချင်း ထည့်မပေးဘူးလို့ မပြောနိုင်ဘူး။




အဲ့လောက်ကြီးတော့ စစ်တပ်က မလုပ်ရဲပါဘူးကွာ ဆိုတဲ့ အတွေးတွေကိုတော့ ခုချိန်မှာ ရပ်တန်းက ရပ်သင့်နေပြီ
မလုပ်ရဲတာ ဘာမှ မရှိဘူးလို့ ကြွေးကျော်ထားတဲ့အတိုင်း စစ်သူပုန်တွေဟာ မလုပ်လောက်ဘူး
ထင်တဲ့ ကိစ္စတွေကိုချည်း ရှေ့မှာ တန်းစီ လုပ်ပြသွားခဲ့တယ်။
ပြီးတော့ နာရေးအိမ်ကို လူလွှတ်အကြမ်းဖက်တဲ့အထိလည်း ကမ်းကုန်အောင် ယုတ်မာ ပြပြီးပြီ




တွေးကြည့်ရင် ယုတ်မာ ရက်စက်စရာ ဘာမှ သိပ် မကျန်တော့ဘူး။
စစ်သူပုန် ရာဇဝတ်ကောင်တွေကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ အကြွေး ပြန်ဆပ်မှာ မှန်ပေမယ့်
အကြွေးမဆပ်နိုင်မီ စပ်ကြားမှာ ကိုယ့်ဘက်က ကြီးမားတဲ့ ပေးဆပ်မှုတွေ ထပ်မံ ပေးဆပ် နေရအုံးမှာကို တော့ စိတ်ပူမိတာ အမှန်ပဲ။
credit