မနေ့က YBSတစ်စီးလုံး အနုကြမ်းစီးခံရတဲ့ အဖြစ်ကိုပြောပြလာတဲ့ ကာယကံရှင်တစ်ဦး..

News

မနေ့က YBSတစ်စီးလုံး အနုကြမ်းစီးခံရတဲ့ အဖြစ်ကိုပြောပြလာတဲ့ ကာယကံရှင်တစ်ဦး..(လူ၁၅ ဦးလောက်တပြိုင်နက် ကားပေါ်တက်လာပါတယ်)

YBS 42 ကားတစ်စီး အနုကြ-မ်းစီးခံရ ယာဉ်ပေါ်ပါသူ ခရီးသည်ဆယ်ဦးခန့်၏ ရွှေငွေလက်ဝတ်ရတနာများ အကုန်ပါသွားကြောင်းသိရပါတယ်။

ရန်ကုန်၊ဇူ ၃၀

ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရွှေပြည်သာမှ ဒဂုံဧရာအဝေးပြေးသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း 42(6p/6057)သည် မြောက်ဥက္ကလာပ အိန္ဒြာမှတ်တိုင်အနီးတွင် အနုကြ-မ်းစီးခံလိုက်ရကြောင်း သိရသည်။

”နေ့လည် ၂နာရီလောက်က ဖြစ်တာပါဗျ ကျွန်တော်တို့ မဥက္ကလာပ ရောက်တော့ လူ၁၅ ဦးလောက်တပြိုင်နက် ကားပေါ်တက်လာပါတယ်။

ကားစီးလာတဲ့ခရီးသည် ဦးရေက ဆယ်ယောက်တောင်မပြည့်ပါဘူးဗျ။

အဲ့မှာ အဲ့လူတွေ ၁၅ ယောက်လောက်တက်လာပြီး ကားသမားကို ဓားနဲ့ထောက်ထားတယ် ပြီးတော့ ကားပေါ်ပါလာတဲ့ ခရီးသည်တွေဆီက ရွှေတွေငွေတွေ အကုန် လုယူပါတယ်။

ကျွန်တော်က ဖုန်းကိုဘောင်းဘီထဲထည့်ထားတာ ဖုန်းမပါလာလို့ဆိုပြီး ကျွန်တော့်ကိုဝိုင်းထိုးကြပါတယ်။

၄၂ ယာဉ်လိုင်းကအရမ်းဆိုးနေပြီဗျာ CCTV မရှိ ဘာမရှိနဲ့ ယာဉ်မောင်းတွေနဲ့ လူမိုက်တွေနဲ့ ပေါင်းပြီး လုပ်စားနေကြတာလား မသိပါဘူးဗျာ ” ဟု ကာယကံရှင်ပြည်သူတစ်ဦးမှ သတင်းပေးပို့ထားပါတယ်။

၄၂ ယာဉ်လိုင်းသည် ရွှေပြည်သာသား အများပိုင် ကုမ္ပဏီ မှ ပိုင်ဆိုင်ကြောင်း သိရပြီး သာဓုကန်စက်မှုဇုန်မှ မ/ဥက္ကလာ၊သာကေတ၊ အောင်မင်္ဂလာအဝေးပြေးသို့ ပြေးဆွဲနေသည့်ယာဉ်လိုင်းဖြစ်ကြောင်းသိရသည်။

Crd

Leave a Reply

Your email address will not be published.