ဇူလိုင် ၃၀ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မှ နိုင်ငံတကာအသိုင်းအဝန်းသို့ ……….
ကျွန်မတို့နဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပေးကြသော ကမ္ဘာတဝှမ်းရှိ မြန်မာ့ မိတ်ဆွေများရှင့်-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား နိုင်ငံခြားရေး ၀န်ကြီးအနေနဲ့ ပြည်သူများရဲ့ဆန္ဒနဲ့ ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ယနေ့ မိန့်ခွန်း ပြောကြား မှာ ဖြစ်ပါတယ်။




ဩဂုတ်လ ၁ ရက်နေ့ဟာ ပြည်သူ့တော်လှန်ရေး (၁၈) လမြောက်နေ့ဖြစ်ပါတယ်။ သာယာလှပတဲ့ နိုင်ငံတော် ကြီး ကို ဖျက်ဆီးပစ်ဖို့ကြိုးစားနေတဲ့ တရားမ၀င်စစ်အာဏာရှင်တွေကို ကျွန်မတို့ဟာ ဆယ့်ရှစ်လကြာ အတူတကွ ခုခံတော်လှန်မှု၊ စည်းလုံးညီညွတ်မှုတို့နဲ့ဆန့်ကျင်ခဲ့ကြပါတယ်။
အမှောင်ဆုံးနေ့ရက်တွေထဲမှာ ကျွန်မတို့ဟာရှိနေဆဲပဲဖြစ်ပါတယ်။ စစ်ပွဲ၊ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှု၊ စီးပွားရေး ပျက်သုဉ်းမှု… ဒါတွေဟာမင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တွေရဲ့ ပြယုဂ်တွေပဲဖြစ်ပါတယ်။ ခုလည်း ရက်စက်ကြမ်းကြုတ်မှုတွေအဟုန်ပြင်းပြင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကွပ်မျက်ခဲ့ကြခြင်းအတွက် ကျွန်မတို့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။




မိတ်ဆွေတို့ရဲ့ စိုးရိမ်ပူပန်မှုဖော်ပြခြင်းနဲ့ ရှုံ့ချခြင်း ၊ တောင်းဆိုချက်တစ်ခုစီတိုင်းဟာ အခြေအနေတွေကို ထိန်းညှိ ပေးနိုင်ဖို့ နဲ့အကြမ်း ဖက်မှုတွေလျော့ချစေနိုင်ဖို့ စိတ်ရင်းမှန်ရည်ရွယ်ချက်နဲ့ အဆင်ပြေစေဖို့ ရည်ရွယ် ထုတ်ပြန် တောင်းဆိုခဲ့ကြ ပေမယ့် အောင်မြင်မှုမရခြင်းနဲ့ပဲ ဝမ်းနည်းဖွယ် အဆုံးသတ်ခဲ့ရပါတယ်ဆိုတာနဲ့ပဲ ပြီးခဲ့ကြမှာဖြစ် ပေမယ့် – ကျွန်မတို့အတွက်ကတော့ အသက်တွေဆုံးရှုံးရတာဖြစ်လို့ ဖော်မပြနိုင် လောက် အောင် ထိခိုက် နာကျင် ရပါတယ်။
ကျွန်မတို့အတွက်ကတော့ ကျေးရွာတွေ ရွာလုံးကျွတ် မီးရှိူ့ ဖျက်စီးခံရ တယ်ဆိုတာ ဟာ ဆင်းရဲ မွဲတေလွန်းလှတဲ့၊ မိသားစုအတွက် စဉ်ဆက်မပြတ် ရုန်းကန်နေရတဲ့ သာမန်ပြည်သူ ထောင်သောင်း နှင့် ရာထောင် ချီတို့ ရဲ့ ဘဝအခြေခံအခြေအနေအများစုကို ဖျက်ဆီး ခံရခြင်း ပါပဲ။




မိတ်ဆွေတို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ စေ့စပ်ဆွေးနွေးဖို့ အထပ်ထပ် တောင်းဆိုနေတုန်းမှာပဲ မင်းအောင်လှိုင် က သူ့ရပ်တည်ချက် ကို အခိုင်အမာဆုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆို နေ ကြတုန်းမှာပဲ မင်းအောင်လှိုင်ကသူ့ကို နေအိမ်အကျယ်ချုပ်ကနေ အကျဉ်းထောင် ကို ရွှေ့လိုက် ပါ တယ်။
သိသိသာသာဖြစ်စေ၊ တိုးတိုးတိတ်သံတမန်ရေးနည်းလမ်းတွေနဲ့ဖြစ်စေ သေဒဏ်ကိုစီရင်ခြင်းမလုပ်ဖို့ မင်းအောင်လှိုင် ကို ဖျောင့်ဖျတားဆီးခဲ့ကြပေမယ့် နိုင်ငံရေးအကျဉ်းသား လေးဦးကိုသတ်ပစ်ခဲ့ကြပြီး၊ စစ်အာဏာ ရှင်ပြောခွင့်ရသူကသူတို့ဟာ “ဥပဒေ အရ”ဆောင်ရွက်ခဲ့တာဖြစ်ပြီး နောက်ထပ်လည်း ဒီထက် ပိုပြီး အကြိမ်ကြိမ် ကြိုးပေးအပြစ်ဒဏ် ချမှတ်ရမှာဖြစ်တယ်လို့တောင် ပြောခဲ့ပါတယ်။




ကျမတို့တွေဟာ မင်းအောင်လှိုင်ကို တခါတည်း အပြိးအပြတ်တားဆီးပစ်ရမှာ ဖြစ်ပါတယ်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို အကြောင်းမဲ့တရားမ၀င် ကွပ်မျက်ခြင်းဟာ ကဲ့ရဲ့ ပြစ်တင်ရှုတ်ချစရာဖြစ်ပါတယ်။
မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တွေဟာ နိုင်ငံတကာ စံနှုန်းတွေ၊ လူ့အခွင့်အရေးနှုန်းစံတွေနဲ့ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းခြင်းလိုခြင်းမရှိကြောင်းနဲ့ လုံးဝဂရုမစိုက်ကြောင်း ပြသခဲ့ကြ ပါတယ်။ မြန်မာပြည် သူတွေ အတွက်တော့ ပိုမိုဆိုးဆိုး၀ါး၀ါးနဲ့ကို လုံးဝမထီမဲ့မြင်ပြုခြင်းဖြစ်ပါတယ်။




မင်းအောင်လှိုင်ဟာ ရေရှည်တည်တံ့တဲ့ နိုင်ငံရေးအဖြေကို ရှာဖွေဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အကြိမ်ကြိမ်အသုံးချပြီး သစ္စာဖောက်ခဲ့ပါတယ်။ ယခု ကွပ်မျက်မှုဟာ လက်ရှိအာဆီယံဥက္ကဋ္ဌနဲ့ အာဆီယံ သံတမန် တို့ကို ပေးထားတဲ့ ကတိကဝတ်တွေကို စစ်အာဏာရှင်တွေက လျစ်လျူရှုထားခြင်းကို ထပ်မံ ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဆင်အခြင်မဲ့လက်လွတ်စပယ် လေကြောင်းဗုံးကျဲမှုတွေ၊ လူသတ်မှုတွေ၊ မတရား ဖမ်းဆီး ချုပ်နှောင်မှုတွေနဲ့ ပြည်သူလူထုရဲ့ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးခြင်းတွေအတွက် မြန်မာ လူ့အဖွဲ့ အစည်း ရဲ့ နေရာတိုင်းက ပြည်သူတွေဟာယခုအခါမှာ ဘယ်လိုမှသည်းမခံနိုင်တော့ပါဘူး။
လူ့အသက်သေဆုံးမှုတွေဘယ်လောက်ထိပေးဆပ်ကြရပြီးမှသာ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အာဏာရှင် တွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ကြမှာပါလဲ? ယူကရိန်းအတွက် လက်နက်တွေ၊ အာဖဂန်မှာ ကူညီပေးခဲ့တဲ့ အရေးပေါ်လေကြောင်းကရိက္ခာပို့ပေးခြင်းမျိုးတွေ…ဆောင်ရွက် ကြပေမယ့် မြန်မာ ပြည်သူ တွေ အတွက် တော့အသံတွေတိတ်ဆိတ်နေခဲ့ကြပါတယ်။




မြန်မာပြည်သူတွေကို မိတ်ဆွေတို့က ဘယ်လို သဘောထား နေကြပါသလဲ ? ကျွန်မတို့ဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အခြား သူတွေ ထက် ပိုခံစား ကြရမှာလား?
တရားဝင်မှုဆိုင်ရာ၊ ကိုယ်စားပြုခွင့် အထောက်အထားများ ဆိုင်ရာကိစ္စ ၊ ရှုတ်ချ ကြောင်း ကြေငြာချက် တွေ၊ လူသားချင်းစာနာမှုအကူအညီ၀င်ရောက်ရေးခေါင်းစဥ်တွေကို ဟိုနေရာ ဒီနေရာ တွေ မှာ အတောမသတ် နိုင် အောင်အချေအတင်ဆွေးနွေးလို့ပဲနေကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ ပြည်သူ တွေ အတွက်၊ လုံခြုံစွာနေထိုင်ခွင့် ပြန်လည်ရရှိနိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ဘာမှ အထောက်အကူ မဖြစ်စေခဲ့ပါဘူး။




ကျွန်မတို့ရဲ့နောင်တော်လေးယောက်ဟာ သူတို့ယုံကြည်ခဲ့တဲ့ လွတ်လပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အတွက် အာဇာနည်တွေအဖြစ် ကျဆုံးခဲ့ကြရပါပြီ။ နိုင်ငံရေး အကျဉ်းသား ၄၁ ဦးကို သေဒဏ် ပေးတော့ မယ့် အကြောင်း ကြေညာနေကြပါပြီ။ နောက်ဘယ်သူဖြစ်မလဲ။
၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ခံရသူတွေဟာ ကျန်းမာရေး၊ ပညာရေး၊ လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်မှု၊ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကို အကာ အကွယ် ပေးဖို့ စတာ တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သူတွေပဲဖြစ်ပါတယ်။




တွေ့ဆုံမှုတွေကိုလျှို့ဝှက်ထားဖို့၊ စိတ်ရှည်ဖို့၊ မိတ်ဆွေတို့ရဲ့အာရုံစိုက်မှုအတွက်ကျေးဇူးတင်ပေးဖို့ ကျွန်မကို တောင်းဆိုသမျှကို ကျွန်မတချိန်လုံးလေးစားခဲ့ပါတယ်။ ကျွန်မတို့ကို “ကူညီပါ! မိတ်ဆွေတို့ရဲ့အကူ အညီ လိုအပ်နေတဲ့ ကျွန်မတို့ပြည်သူတွေကို ကူညီကြပါ” လို့ စူးစူး၀ါး၀ါး မနားတမ်းအော်ဟစ်ပစ်လိုက်ချင် ပါတယ်။
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ နိဒါန်းမှာ “ကုလသမဂ္ဂသည် လူသားတို့အား မရေမတွက်နိုင်သော ဝမ်းနည်း ပူဆွေးမှုကို ဖြစ်စေသည့်စစ်ဘေးဒဏ်မှ နောင်မျိုးဆက်များကို ကယ်တင်ရန် သန္နိဌာန်ချထားပြီး အခြေခံ လူ့အခွင့်အရေး၊ လူသားတစ်ဦး၏ဂုဏ်သိက္ခာနှင့် တန်ဖိုးရှိမှုကို ယုံကြည်ကြောင်း ထပ်လောင်း အတည်ပြုရန်၊ နိုင်ငံတကာသဘောတူစာချုပ်များနှင့် နိုင်ငံတကာဥပဒေများ၏ အရင်းမြစ်များမှ ထွက်ပေါ် လာသော တရားမျှတမှုနှင့် လေးစားလိုက်နာရမည့် အခြေအနေများကို ထူထောင်စောင့်ရှောက်ရန်၊ ပိုမိုလွတ်လပ် ကောင်းမွန်သော လူမူဘဝအဆင့်အတန်းများကို မြှင့်တင်ရန်။”ဖော်ပြထားပါတယ်။ ဒီ ပဋိညာဉ်ကို အကောင် အထည် ဖော်ဖို့ အချိန်တန်ပြီဖြစ်ပါတယ်။




ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုကျွန်မ အခိုင်အမာ တောင်းဆို လို ပါတယ်။ကျွန်မတို့ရဲ့ ဒီမိုကရေစီရေးကြိုးပမ်းခဲ့သူ နောင်တော်များအား ကွပ်မျက်ခြင်းအား ရှုတ်ချကြောင်း ကြေငြာချက်များ ကို တန်ဖိုးထားပေမယ့်လည်း လက်တွေ့လုပ်ဆောင်မှုမရှိရင်တော့ အဲဒီကြေငြာချက် တွေဟာ အမိုက်စား စကားလုံးတွေ သက်သက်ပဲဖြစ်ကြပါလိမ့်မယ်။ ထိရောက်တဲ့ ပြတ်ပြတ်သားသားနဲ့ စည်းစည်း လုံးလုံး စုပေါင်း လုပ်ဆောင်မှု ချက်ချင်းလိုအပ်ပါတယ်။
၁။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့အကြမ်းဖက်စစ်တပ်ရဲ့ ၀င်ငွေလမ်းကြောင်းတွေကို ထိထိရောက်ရောက် တတ်နိုင် သမျှ ဖြတ်တောက်ပစ်ပေးပါ။




၂။ စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာကိုယ်စားပြုမှုအားလုံးကို ဆိုင်းငံ့ထားပြီး မည်သည့် နိုင်ငံတကာ ပလက် ဖောင်း များတွင်မဆို စစ်အစိုးရ၏ ကိုယ်စားလှယ်ကို မ၀င်ရောက်နိုင် စေဖို့တားဆီးပေးကြပါ၊
၃။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ဟာ စည်းလုံးညီညွတ်စွာ လက်တွဲတိုက်ပွဲ၀င် နေကြတဲ့ လူမျိုးစု၊ ဒီမိုကရေစီ အင်အားစုတွေဆီကို တပ်ဖွဲ့ဝင်များနှင့် လက်နက်များပေးပို့ခြင်းဖြင့် အကာအကွယ် ပေးရန်တာဝန်ရှိမှု (R2P)ကို လျင်မြန်စွာ ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။




၄။ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံအစိုးရအဖြစ် ချက်ချင်းအသိအမှတ်ပြုပြီး ယနေ့ကမ္ဘာ ပေါ်ရှိ အခြားသော ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအားလုံးနဲ့ တူညီတဲ့ အခွင့်အရေး နဲ့ အဆင့်အတန်းဂုဏ်ကိုပေးအပ်ဖို့တရား၀င်ရပိုင်ခွင့်အရတောင်းဆိုပါတယ်။
ကျွန်မတို့ မှာ နိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် မျှော်မှန်းချက်ရှိပါတယ်။ ကျွန်မတို့မှာ တရားဝင်မှုရှိတယ်။ ကျွန်မတို့မှာ တာဝန်သိစိတ်ရှိတယ်။ ကျွန်မတို့ နိုင်ငံက ပြည်သူတွေရဲ့ ထောက်ခံမှု ရှိတယ်။ ကျွန်မတို့ဟာ အသက်၊ အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအတွက်၊ နားလည်မှု၊ တာဝန်ခံမှုအတွက် အမြဲအလေးထား ခဲ့ပါတယ်။ ကျွန်မတို့ အစဥ်အမြဲအလေးထားပါတယ်!




စစ်အုပ်စုကို တိုးတိုးတိတ်တိတ် ထိတွေ့ဆက်ဆံပြီး တရားဝင်အောင် လုပ်ပေးနေကြတာမျိုး ဒါမှမဟုတ် ထိရောက် မှု မရှိတဲ့ ၀မ်းနည်းကြောင်း ကြေညာချက်တွေသာ ထုတ်ပြန်နေမယ့်အစား ကျွန်မတို့နဲ့ စပြီး စကားပြော ကြပါ။ ဒီလိုလုပ်နေကြတာတွေကကျွန်မတို့ကို ကူညီရာမရောက်ပဲ သေခြင်းနဲ့ ပျက်စီးဆုံးရှံး ရခြင်းတွေဆီကိုသာ နေ့စဥ်တွန်းပို့နေသလိုသာဖြစ်ပါတယ်။
ကျွန်မတို့ပြည်သူတွေဟာ ရွှေ့ပြောင်း ဒုက္ခသည် (IDP) စခန်းတွေမှာ သေဆုံးကြ၊ ကိုယ့်ကိုကိုယ်ကို ကာကွယ်ဖို့ ကြိုးစားရင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှာ ကျဆုံးနေကြရတဲ့အချိန်မှာ စစ်အာဏာရှင်တွေ အုပ်စိုးမှုက လွတ်မြောက်ရေး ကျွန်မတို့ရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံရေးနှင့် သံတမန် နည်းလမ်း အားလုံးကို အသုံးပြုပေးကြပါလို့ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်မိတ်ဆွေများအား တောင်းဆို လိုက် ပါတယ်။




အပြီးသတ်ပြောရရင် မြန်မာပြည်သူပြည်သားတွေ အောင်ပွဲရမှာဖြစ်တယ်ဆိုတာကိုအပြည့်အ၀ အာမခံ ပါတယ်။ ငြိမ်းချမ်းမှုနဲ့တရားမျှတမှုတို့ စိုးမိုးပါလိမ့်မည်။ ပြီးတော့ ကျွန်မတို့ မြန်မာနိုင်ငံကို ဒီမိုကရေစီရဲ့ ရှေ့ပြေး ခေါင်းဆောင် နိုင်ငံတွေ ကြားထဲမှာ နေရာပြန်ယူနိုင်စေမှာဖြစ်တယ်။။ ကျွန်မတို့ရဲ့ တော်လှန်ရေး အပေါ် မမှိတ်မသုန် ယုံကြည်မှုဟာ ကျွန်မတို့ရဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေ၊ အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနဲ့ ကမ္ဘာကြီးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တို့အတွက် ကျွန်မတို့ရဲ့ ခိုင်မာတဲ့ အဓိက ကတိကဝတ် ပဲဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Crd