မင်းမော်ကွန်း နိုင်ငံခြားရောက်တာ အပြစ်ပြောတဲ့သူတွေကို ဒဲ့ပြန်ပြောလိုက်တဲ့ ပိုးဖြူသန့်
မင်းမော်ကွန်း နိုင်ငံခြားရောက်တာ အပြစ်ပြောစရာ ဘာလို့ ရှိရမှာလဲ.. တော်လှန်ရေးအတွက် သူလည်း အများကြီး ဆော်ဩပေးခဲ့/ ပေးနေတာပဲ မဟုတ်လား..




စစ်တပ်က အထူးတလည် လိုက်ဖမ်းမခံရတာတောင် အချိန်မရွေး ဒုက္ခရောက်နိုင်တဲ့ တိုင်းပြည်မို့ နာမည်မကြီးတဲ့ သာမန်လူတွေတောင် နိုင်ငံခြား ထွက်ကြတာပဲ..
အဲ့သလို ထွက်ချင်တာ၊ ထွက်ကြတာ သဘာဝမို့ ဘယ်သူထွက်ထွက် အပြစ်မပြောပါဘူး..
ပြီးတော့ တော်လှန်ရေးမှာ နှုတ်ခမ်းနီတောင့်တွေက သစ်ပင်တွေမှာ သီးနေလို့ အခမဲ့ ခူးယူ သုံးလို့ ရနေတာမျိုးမှ မဟုတ်တာ..
ထောက်ပို့တွေဟာ လိုတာပဲ.. နိုင်ငံခြား ရောက်လည်း တော်လှန်ရေးကိုမှ မျက်နှာမလွှဲရင်၊ ဆက်ကူမှာဆိုရင် ထွက်ကြပဲ..




လူတွေဟာ ကိုယ့် ရွေးချယ်မှုနဲ့ ကိုယ်ပဲ.. အသေခံတိုက်ရဲသူတွေ ရှိသလို ထောက်ပို့သမားတွေ၊ မီဒီယာတွေ၊
သတင်းပေးတွေ ကဏ္ဍအစုံစုံဟာ တော်လှန်ရေးမှာ လိုကြတာချည်း.. လူဟာ ကိုယ် ဘယ်နား အသုံးဝင်လဲ သိရမယ်.. လိပ်ပြာလုံဖို့လည်း လိုတယ်..
ပိုးဖြူသန့်
Crd
UNICODE








Crd