မိုင္းဖုန္းဆရာေတာ္ႀကီး ဂူထြက္ခ်ိန္၌လာေရာက္ဖူးေျမႇာ္မည့္သူမ်ား သတ္သတ္လြတ္စားၾကရန္ တိုက္တြန္း
ရွမ္းျပည္နယ္၊မိုင္းဆတ္ၿမိဳနယ္ရွိ မိုင္းက်က္ဂူအတြင္း၌ ၃ ႏွစ္ ၃ လ ၃ ရက္တိတိ ဂူတြင္းအဓိ ဌာန္က်င့္ႀကံခဲ့ရာမွဇူလိုင္
၃၁ ရက္တြင္ျပန္လည္ထြက္ခြာလာမည့္ မိုင္းဖုန္းဆရာေတာ္ႀကီးအား လာေရာက္ဖူးေျမႇာ္မည့္သူမ်ားအေနျဖင့္သတ္
သတ္လြတ္စားၾကရန္ ဆရာေတာ္ဦးဥာဏသီရိမွမိန္႔ၾကားထားေၾကာင္း သိရသည္။




ထို႔အတူ ဆရာေတာ္ဦးဥာဏသီရိမွ အရက္ေသစာေသာက္စားျခင္းမျပဳရန္လည္း မိန္႔ၾကားထား သည္ဟု
မိုင္းဖုန္းဆရာေတာ္ႀကီး၏ တပည့္သာဝ ကမ်ားထံမွ သိရသည္။
“ဟုတ္ပါတယ္ ဆရာေတာ္ႀကီးကိုလာေရာက္ဖူးေျမႇာ္ၾကတဲ့အခါ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ေအး
ေအးခ်မ္းခ်မ္းဖူးေျမႇာ္ႏိုင္ေအာင္ အခုလိုမိန္႔ၾကားထားတာပါ အရက္ေသာက္စားၿပီးမူးေနၾကရင္




တျခားလူေတြကိုအေႏွာင့္အယွက္ေပးသလိုျဖစ္ေနေတာ့ မေသာက္ေစခ်င္ဘူး ဒါ့ေၾကာင့္ပါ”ဟု မိုင္းဖုန္းဆရာေတာ္ႀကီး၏ တပည့္သာဝကတစ္ဦးကေျပာသည္။
ထို႔ျပင္ မိုင္းဖုန္းဆရာေတာ္ႀကီးအား လာေရာက္ဖူးေျမႇာ္မည့္သူမ်ား ေနထိုင္ေရးႏွင့္စားေသာက္ေရးအဆင္ေျပေစရန္
အလႉရွင္မ်ားမွလည္း လႉဒါန္းေကြၽးေမြးမႈမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“အေကြၽးအေမြးအတြက္ကေတာ့ အလႉရွင္ေတြကအကုန္စီစဥ္ၿပီးေနၾကၿပီ လာဖူးတဲ့လူေတြ တည္းဖို႔အတြက္လည္းအေဆာက္အဦးေတြအဆင္သင့္ျဖစ္ေနပါၿပီ
အခုဆိုရင္ ဆရာေတာ္ႀကီးကိုဖူးဖို႔ေရာက္ေနတဲ့လူေတြ အေတာ္မ်ားမ်ားေရာက္ေနၾကပါၿပီ ေနထိုင္ဖို႔အဆင္ေျပေအာင္




စီစဥ္ထားေပးေပမယ့္ ေစာင္၊ေခါင္းအုံးနဲ႔ျခင္ေထာင္ေတြေတာ့ယူလာၾကတာအေကာင္းဆုံးပါပဲ မိုးရာသီျဖစ္တဲ့အတြက္
ထီးနဲ႔မိုးကာေတြလည္းယူလာၾကပါလို႔ မွာခ်င္ပါတယ္”ဟု မိုင္းဖုန္းဆရာေတာ္ႀကီး၏ တပည့္သာဝကတစ္ဦးကေျပာသည္။
Unicode,
မိုင်းဖုန်းဆရာတော်ကြီး ဂူထွက်ချိန်၌လာရောက်ဖူးမြှော်မည့်သူများ သတ်သတ်လွတ်စားကြရန် တိုက်တွန်း
ရှမ်းပြည်နယ်၊မိုင်းဆတ်မြိုနယ်ရှိ မိုင်းကျက်ဂူအတွင်း၌ ၃ နှစ် ၃ လ ၃ ရက်တိတိ ဂူတွင်းအဓိ ဌာန်ကျင့်ကြံခဲ့ရာမှဇူလိုင်
၃၁ ရက်တွင်ပြန်လည်ထွက်ခွာလာမည့် မိုင်းဖုန်းဆရာတော်ကြီးအား လာရောက်ဖူးမြှော်မည့်သူများအနေဖြင့်သတ်




သတ်လွတ်စားကြရန် ဆရာတော်ဦးဉာဏသီရိမှမိန့်ကြားထားကြောင်း သိရသည်။
ထို့အတူ ဆရာတော်ဦးဉာဏသီရိမှ အရက်သေစာသောက်စားခြင်းမပြုရန်လည်း မိန့်ကြားထား သည်ဟု
မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝ ကများထံမှ သိရသည်။
“ဟုတ်ပါတယ် ဆရာတော်ကြီးကိုလာရောက်ဖူးမြှော်ကြတဲ့အခါ တိတ်တိတ်ဆိတ်ဆိတ်နဲ့အေး
အေးချမ်းချမ်းဖူးမြှော်နိုင်အောင် အခုလိုမိန့်ကြားထားတာပါ အရက်သောက်စားပြီးမူးနေကြရင်




တခြားလူတွေကိုအနှောင့်အယှက်ပေးသလိုဖြစ်နေတော့ မသောက်စေချင်ဘူး ဒါ့ကြောင့်ပါ”ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြောသည်။
ထို့ပြင် မိုင်းဖုန်းဆရာတော်ကြီးအား လာရောက်ဖူးမြှော်မည့်သူများ နေထိုင်ရေးနှင့်စားသောက်ရေးအဆင်ပြေစေရန်
အလှူရှင်များမှလည်း လှူဒါန်းကျွေးမွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အကျွေးအမွေးအတွက်ကတော့ အလှူရှင်တွေကအကုန်စီစဉ်ပြီးနေကြပြီ လာဖူးတဲ့လူတွေ တည်းဖို့အတွက်လည်းအဆောက်အဦးတွေအဆင်သင့်ဖြစ်နေပါပြီ




အခုဆိုရင် ဆရာတော်ကြီးကိုဖူးဖို့ရောက်နေတဲ့လူတွေ အတော်များများရောက်နေကြပါပြီ နေထိုင်ဖို့အဆင်ပြေအောင်
စီစဉ်ထားပေးပေမယ့် စောင်၊ခေါင်းအုံးနဲ့ခြင်ထောင်တွေတော့ယူလာကြတာအကောင်းဆုံးပါပဲ မိုးရာသီဖြစ်တဲ့အတွက်
ထီးနဲ့မိုးကာတွေလည်းယူလာကြပါလို့ မှာချင်ပါတယ်”ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြောသည်။
Crd