ဒဂုံတက္ကသိုလ်ကျောင်းသူ သေဒဏ်အမိန့် ထောင်ဒဏ်တစ်သက်ကိုလျှော့
သေဒဏ်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာန ဒုတိယနှစ်ကျောင်းသူ မဆောင်းလေပြေ (ခေါ်) ဇူးဇူးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် လျှော့ပေါ့လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။




စစ်ခုံရုံးက ချမှတ်ခံထားရတဲ့ သေဒဏ်အမိန့်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်းက အယူခံဝင်ခဲ့ပြီးနောက် သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်ကို လျှော့ချလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့လက အယူခံဝင်တာပါ။ အောင်မြင်တဲ့အတွက် သေဒဏ်ကနေ တစ်သက်တစ်ကျွန်းကို ပြောင်းသွားတယ်ပေါ့ဗျာ။ သေဒဏ်ကျခံရလို့ သတ်ပစ်လိုက်လို့ မတွေ့ရတာထက်စာရင် တစ်သက်တစ်ကျွန်းဆိုလည်း မိသားစုနဲ့အတူရှိမနေပေမယ့် အသက်ရှင်နေသေးတာကိုပဲ ဝမ်းသာမိပါတယ်။ မသေရင် တော်ပါပြီလေလို့ပဲ စိတ်ကိုပြင်ဆင်ထားရတယ်”
အသက် ၁၉ နှစ်အရွယ် မဆောင်းလေပြေ (ခေါ်) ဇူးဇူးဟာ လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်နေပြီး မိသားစုနဲ့လည်း အဆက်အသွယ်ရနေတယ်လို့ သူက ဆိုပါတယ်။




ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလက အထက်တန်းပြ ကျောင်းဆရာမ ဒေါ်လှလှသန်း သေဆုံးမှုနဲ့ပတ်သက်လို့ မဆောင်းလေပြေ အပါအဝင် လူငယ်သုံးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၀၂ (၁) (ခ) နဲ့ ဖမ်းဆီးတရားစွဲဆိုပြီး ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာ စစ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့ကထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားသူတွေထဲက အမျိုးသမီးကိုးဦး အပါအဝင် စုစုပေါင်း ၇၆ ဦးဟာ အကျဉ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံထားရပါတယ်။




သေဒဏ်ချမှတ်ခံထားရသူတွေထဲက NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ကြိုးပေးကွပ်မျက် ခံထားရတာကြောင့် ကျန်ရှိနေတဲ့ သေဒဏ်ကျမိသားစုဝင်တွေအနေနဲ့ ပူဆွေးသောကရောက်နေကြရတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသူ သေဒဏ်အမိန့် ထောင်ဒဏ်တစ်သက်ကိုလျှော့
RFA
Crd
Unicode
ဒဂုံတကၠသိုလ္ေက်ာင္းသူ ေသဒဏ္အမိန႔္ ေထာင္ဒဏ္တစ္သက္ကိုေလၽွာ့
ေသဒဏ္ခ်မွတ္ခံထားရတဲ့ ဒဂုံတကၠသိုလ္၊ ဓာတုေဗဒဌာန ဒုတိယႏွစ္ေက်ာင္းသူ မေဆာင္းေလေၿပ (ေခၚ) ဇူးဇူးကို ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္းအျဖစ္ ေလၽွာ့ေပါ့လိုက္တယ္လို႔ မိသားစုနဲ႔ နီးစပ္သူေတြက RFA ကို ဒီေန႔ ေျပာပါတယ္။




စစ္ခုံ႐ုံးက ခ်မွတ္ခံထားရတဲ့ ေသဒဏ္အမိန႔္ကို ၿပီးခဲ့တဲ့ ဇြန္လအတြင္းက အယူခံဝင္ခဲ့ၿပီးေနာက္ ေသဒဏ္ကေန ေထာင္ဒဏ္တစ္သက္ကို ေလၽွာ့ခ်လိုက္တာလို႔ လုံျခဳံေရးအရ အမည္မေဖာ္လိုတဲ့ မိသားစုနဲ႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္။
“ၿပီးခဲ့တဲ့လက အယူခံဝင္တာပါ။ ေအာင္ျမင္တဲ့အတြက္ ေသဒဏ္ကေန တစ္သက္တစ္ကၽြန္းကို ေျပာင္းသြားတယ္ေပါ့ဗ်ာ။ ေသဒဏ္က်ခံရလို႔ သတ္ပစ္လိုက္လို႔ မေတြ႕ရတာထက္စာရင္ တစ္သက္တစ္ကၽြန္းဆိုလည္း မိသားစုနဲ႔အတူရွိမေနေပမယ့္ အသက္ရွင္ေနေသးတာကိုပဲ ဝမ္းသာမိပါတယ္။ မေသရင္ ေတာ္ပါၿပီေလလို႔ပဲ စိတ္ကိုျပင္ဆင္ထားရတယ္”
အသက္ ၁၉ ႏွစ္အရြယ္ မေဆာင္းေလေၿပ (ေခၚ) ဇူးဇူးဟာ လက္ရွိမွာေတာ့ က်န္းမာေရးေကာင္းမြန္ေနၿပီး မိသားစုနဲ႔လည္း အဆက္အသြယ္ရေနတယ္လို႔ သူက ဆိုပါတယ္။




ၿပီးခဲ့တဲ့ ၂၀၂၁ နိုဝင္ဘာလက အထက္တန္းၿပ ေက်ာင္းဆရာမ ေဒၚလွလွသန္း ေသဆုံးမႈနဲ႔ပတ္သက္လို႔ မေဆာင္းေလေၿပ အပါအဝင္ လူငယ္သုံးဦးကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ – ၃၀၂ (၁) (ခ) နဲ႔ ဖမ္းဆီးတရားစြဲဆိုၿပီး ၿပီးခဲ့တဲ့ မတ္လ ၁၇ ရက္ေန႔မွာ စစ္တရား႐ုံးက ေသဒဏ္ခ်မွတ္ခဲ့တာပါ။
နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ့ မေန႔ကထုတ္ျပန္ခ်က္အရ စစ္အာဏာသိမ္းၿပီးေနာက္ ေသဒဏ္ခ်မွတ္ခံထားသူေတြထဲက အမ်ိဳးသမီးကိုးဦး အပါအဝင္ စုစုေပါင္း ၇၆ ဦးဟာ အက်ဥ္းေထာင္အသီးသီးမွာ ထိန္းသိမ္းခံထားရပါတယ္။




ေသဒဏ္ခ်မွတ္ခံထားရသူေတြထဲက NLD လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္၊ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ၊ ကိုလွမ်ိဳးေအာင္၊ ကိုေအာင္သူရေဇာ္တို႔ ႀကိဳးေပးကြပ္မ်က္ ခံထားရတာေၾကာင့္ က်န္ရွိေနတဲ့ ေသဒဏ္က်မိသားစုဝင္ေတြအေနနဲ႔ ပူေဆြးေသာကေရာက္ေနၾကရတယ္လို႔လည္း မိသားစုဝင္ေတြက ေျပာပါတယ္။
ဒဂုံတကၠသိုလ္ေက်ာင္းသူ ေသဒဏ္အမိန႔္ ေထာင္ဒဏ္တစ္သက္ကိုေလၽွာ့
RFA
Crd