ကျားပေါက် နဲ့ပတ်သက်လာရင် အသေးအဖွဲလေးကအစ အရမ်းကိုချစ်မြတ်နိုးကြောင်းကိုပြောပြလာတဲ့ မအေးသောင်း ညီမ ဆွိဝတ်ရည်သောင်း

News

ကျားပေါက် နဲ့ပတ်သက်လာရင် အသေးအဖွဲလေးကအစ အရမ်းကိုချစ်မြတ်နိုးကြောင်းကိုပြောပြလာတဲ့ မအေးသောင်း ညီမ ဆွိဝတ်ရည်သောင်း

အဆိုတော် ဆွိဝတ်ရည်သောင်းနဲ့ အဆိုတော် ကျားပေါက်တို့ရဲ့ အချစ်ရေးဟာတော့ ပရိသတ်တွေကြားမှာ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတစ်ခုပါပဲ။

တူညီတဲ့ ဂီတနယ်ပယ်ထဲမှာ ကျင်လည်ရင်း ချစ်ကြိုက်သွားခဲ့တဲ့ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ဟာ သူတို့ရဲ့အချစ်ရေးကိုလူသိရှင်ကြားအသိပေးခဲ့ပြီးပြီဖြစ်ပါတယ်။

ဆွိဝတ်ရည်သောင်းကတော့ ကျားပေါက်ဟာလူပျိုတစ်ယောက်မဟုတ်ပေမယ့် ကျားပေါက်ရဲ့အချစ်နဲ့မေတ္တာတစ်ခုတည်းကိုကြည့်ပြီး ကျားပေါက်နဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးတဲ့အကြောင်းတွေ ဖွင့်ဟပြောဖို့ ဝန်မလေးတတ်တဲ့ ဆွိဝတ်ရည်သောင်းဟာ ဒီကနေ့မှာလည်း ကျားပေါက်နဲ့ပတ်သက်ပြီး

သူမမြတ်နိုးတန်ဖိုးထားရတဲ့အရာလေးကို ပြသလာပါတယ်။ ဆွိဝတ်ရည်သောင်းက ကျားပေါက်ရဲ့လက်ကို ဓာတ်ပုံရိုက်ပြီး

“ပန်းချီဆေးတွေပေနေတဲ့ လက်သွယ်သွယ်လေးတွေကအစ ချစ်ရပါတယ်” ဆိုပြီး သူမရဲ့ Story မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

ကျားပေါက်ကတော့ မိန်းမနဲ့တရားဝင်ကွာရှင်းပြီးသားဖြစ်ပေမယ့် သမီးနှစ်ယောက်ရှိသေးတာကိုတစ်နိုင်ငံလုံးအသိပဲဖြစ်ပါတယ်။

ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ရဲ့ အချစ်လမ်းခရီး အခုလိုပဲ ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd

Unicode










Crd

Leave a Reply

Your email address will not be published.