တော်လှန်ရေးဟာ ကောက်ရိုးမီးမဟုတ်ကြောင်း သက်သေပြဖို့ ပြည်သူတွေကို တောင်းဆိုလိုက်တဲ့ ပိုင်ဖြိုးသု
မင်းသမီးချော ပိုင်ဖြိုးသု ဟာ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ်မှာ မြန်မာပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။




ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရပြီးနောက် တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။
ဒီလိုတိမ်းရှောင်နေရင်းနဲ့ပဲ ရောက်တဲ့အရပ်ဒေသကနေ ကျရာတာဝန်တွေကို ကျေပွန်ကိုထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။
ဒါအပြင် သူမကိုယ်တိုင် ကြိုးစားဖန်တီးထားတဲ့ Crochet အိတ်လေးတွေကို မဲဖောက်ပြီး ရောင်းချပေးနေပါသေးတယ်။




အိတ်လေးတွေ ဖန်တီးနေစဥ်အတွင်း ပြည်သူတွေကိုလဲ Click ဖို့ အမြဲတမ်းနှိုးဆော်နေတာလဲ ဖြစ်ပါတယ်။
မင်းသမီး ပိုင်ဖြိုးသု ဟာ ကောက်ရိုးမီးမဟုတ်ကြောင်း သက်သေပြဖို့ ပရိသတ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။
” အပြိုင်ကြွားကြရအောင်….လူ၅သောင်းတုန်းကလည်းငါပါတယ်…. လူ၂သောင်းတုန်းကလည်း ငါပါတယ်….အခုလူ၁သောင်းပဲကျန်လည်းငါပါနေတုန်းပဲ…လို့




ကောက်ရိုးမီးမဟုတ်ဘူးနော် လို့ သက်သေပြကြရအောင်…..အတူစclickခဲ့ကြတဲ့လူအုပ်ကြီးရေ…ပြန်လာပါ…အားမလျှော့လိုက်ပါနဲ့ ချစ်တယ်နော်….
ပွားတာမဟုတ်ပါဘူး တောင်းဆိုတာပါ “လို့ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ ကျရာတာဝန်ကို ကြိုးစားထမ်းဆောင်နေတဲ့ မင်းသမီး ပိုင်ဖြိုးသု ကတော့ ဂုဏ်ယူလေးစားစရာကောင်းလှပါတယ်နော်။
Crd
Unicode












Crd