သတိပေးထားပေမယ့် မြစ်ငယ်-စစ်ကိုင်းလမ်းမှာ ပြည်သူတွေ သွားလာနေတာကြောင့် မစ်ရှင် ဖျက်သိမ်းရတယ်လို့ မြစ်ငယ် PDF ပြော
MFP ၊ ဇူလိုင် – ၂၈
မြစ်ငယ်-စစ်ကိုင်းလမ်းပေါ်ကို ပြည်သူတွေအနေနဲ့ မနေ့က မနက် (၇)နာရီကနေ ညနေ (၄)နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ သတိပေးစာထုတ်ထားပေမယ့် သွားလာနေသူတွေရှိတာကြောင့် မစ်ရှင်တွေ ဖျက်သိမ်းလိုက်ရတယ်လို့ မြစ်ငယ် MN PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။




“ သတိပေးထားသောလဲ မလိုက်နာသောပြည်သူများစွာ ရှိနေသောကြောင့် နောက်ဆုံးအကြိမ် ငဲ့ညှာသောအားဖြင့် Mission ကို ဖျက်သိမ်းလိုက်ရပါတယ်။ ယခုလို Mission ဖျက်သိမ်းလိုက်ရသောကြောင့် ကျွန်တော်အဖွဲ့ ရဲဘော်များ စိတ်ထိခိုက်ရပါတယ် “ လို့ ဆိုပါတယ်။
မြစ်ငယ် – စစ်ကိုင်းလမ်းပေါ် ဖြတ်သန်းတဲ့ စစ်အုပ်စုတွေကို မြင်တွေ့ရပေမယ့် ပြည်သူတွေရှိတာကြောင့် တိုက်ခိုက်တာတွေ မလုပ်နိုင်ဘဲ ညပိုင်းမှသာ လမ်းတစ်နေရာမှာ သတိပေးဖောက်ခွဲခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။




နောင်အခါမှာတော့ ကြိုတင်စာထုတ် သတိပေးတာမျိုး မလုပ်တော့ဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်မှာဖြစ်တဲ့အတွက် စစ်အုပ်စုနဲ့ ဝေးဝေးနေ၊ ဝေးဝေးရှောင်ကြဖို့ အထူးသတိပေးချင်တယ်လို့လည်း မြစ်ငယ် MN PDF က ထုတ်ပြန်ထားပါတယ်။
Crd
Unicode
သတိေပးထားေပမယ့္ ျမစ္ငယ္-စစ္ကိုင္းလမ္းမွာ ျပည္သူေတြ သြားလာေနတာေၾကာင့္ မစ္ရွင္ ဖ်က္သိမ္းရတယ္လို႔ ျမစ္ငယ္ PDF ေျပာ
MFP ၊ ဇူလိုင္ – ၂၈
ျမစ္ငယ္-စစ္ကိုင္းလမ္းေပၚကို ျပည္သူေတြအေနနဲ႔ မေန႔က မနက္ (၇)နာရီကေန ညေန (၄)နာရီအတြင္း ျဖတ္သန္းသြားလာျခင္း မျပဳၾကဖို႔ သတိေပးစာထုတ္ထားေပမယ့္ သြားလာေနသူေတြရွိတာေၾကာင့္ မစ္ရွင္ေတြ ဖ်က္သိမ္းလိုက္ရတယ္လို႔ ျမစ္ငယ္ MN PDF က ဒီေန႔ ထုတ္ျပန္ပါတယ္။




“ သတိေပးထားေသာလဲ မလိုက္နာေသာျပည္သူမ်ားစြာ ရွိေနေသာေၾကာင့္ ေနာက္ဆုံးအႀကိမ္ ငဲ့ညႇာေသာအားျဖင့္ Mission ကို ဖ်က္သိမ္းလိုက္ရပါတယ္။ ယခုလို Mission ဖ်က္သိမ္းလိုက္ရေသာေၾကာင့္ ကၽြန္ေတာ္အဖြဲ႕ ရဲေဘာ္မ်ား စိတ္ထိခိုက္ရပါတယ္ “ လို႔ ဆိုပါတယ္။
ျမစ္ငယ္ – စစ္ကိုင္းလမ္းေပၚ ျဖတ္သန္းတဲ့ စစ္အုပ္စုေတြကို ျမင္ေတြ႕ရေပမယ့္ ျပည္သူေတြရွိတာေၾကာင့္ တိုက္ခိုက္တာေတြ မလုပ္နိုင္ဘဲ ညပိုင္းမွသာ လမ္းတစ္ေနရာမွာ သတိေပးေဖာက္ခြဲခဲ့ရတယ္လို႔လည္း ေဖာ္ျပထားပါတယ္။




ေနာင္အခါမွာေတာ့ ႀကိဳတင္စာထုတ္ သတိေပးတာမ်ိဳး မလုပ္ေတာ့ဘဲ တိုက္ခိုက္မႈေတြ လုပ္ေဆာင္မွာျဖစ္တဲ့အတြက္ စစ္အုပ္စုနဲ႔ ေဝးေဝးေန၊ ေဝးေဝးေရွာင္ၾကဖို႔ အထူးသတိေပးခ်င္တယ္လို႔လည္း ျမစ္ငယ္ MN PDF က ထုတ္ျပန္ထားပါတယ္။
Crd