ဒဏ်ရာရ ကလေးနှင့် မိခင် ကို ပွေ့ချီကယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ LPDF ခေါင်းဆောင်လည်း ကျည်ထိမှန် ကျဆုံး

News

ခင်ဦးမှာ ဒဏ်ရာရထားတဲ့ ကလေးကို စစ်အုပ်စုက မြောင်းထဲကန်ချခဲ့လို သွေးထွက်လွန်ပြီး အသက်ဆုံးရှုံး၊ကလေးကို ကယ်ထုတ်တဲ့ LPDF ခေါင်းဆောင်တစ်ဦးလည်း ကျဆုံး၊

MFP၊ ဇူလိုင် – ၂၇

စစ်ကိုင်းတိုင်း ခင်ဦးမြိုနယ် မကျီးအုပ်ရွာမှာ စစ်အုပ်စု စီးနင်းဝင်မွှေ သောင်းကျန်းချိန် သေနတ်ကျည် ထိမှန် ဒဏ်ရာရထားတဲ့ အသက်(၁၃)နှစ်အရွယ် ကလေးတစ်ဦးကို စစ်အုပ်စုက ဆေးကုသွားခွင့် မပေးဘဲ လယ်ကွက်ကြားက ရေမြောင်းထဲ ကန်ချထားခဲ့ရာက ကလေးမှာ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံး ခဲ့ရတယ်လို ခင်ဦးနယ် ဒေသကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF)က ပြောပါတယ်။

ဇူလိုင်(၂၆)ရက် မနေ့က မနက်(၆)နာရီက အကြမ်းဖက် စစ်အုပ်စုဟာ ခင်ဦးမြို့နယ် မကျီးအုပ်ရွာထဲ စီးနင်းဝင်မွှေ ဓားပြတိုက်ခဲ့ပြီး မြင်သမျှလူ ရမ်းကား ပစ်ခတ်ရာမှာ ရွာထဲကနေ ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့ သားအဖအနက် အသက်(၁၃)နှစ်အရွယ် မောင်ခန့်ခန့်ငြိမ်းမှာ ကျည်ထိမှန် ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီနောက် ရွာထဲ ပြန်ဝင်ပြီး ဆေးကုနိုင်ဖို့ ကားနဲ့ ပြန်အထွက်မှာ အကြမ်းဖက် စစ်အုပ်စုနှင့် ထိပ်တိုက်တွေ့ပြီး စစ်အုပ်စုက ပစ်ခတ်ပြီး ကားကို လုယက်ကာ ဒဏ်ရာရ ကလေးငယ်ကိုလည်း မြောင်းထဲ ကန်ချတာကြောင့် မောင်ခန့်ခန့်ငြိမ်း အသက်ဆုံးရှုံးခဲ့ရတာလို့ KURDAF ရဲဘော်တစ်ဦးက MFP ကို ရှင်းပြပါတယ်။

ဆေးကုသွားဖို့အတွက် မြင်းဒေါင်း-သာဝတ္ထိ-မုံလှ ကွန်ကရစ်လမ်းအတိုင်း မောင်းနှင်လာချိန် စစ်အုပ်စုနှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံရကာ ကားပေါ်ပါသူအချို ဆင်ပြေးလွတ်မြောက် သွားပေမယ့် ဒဏ်ရာရ ကလေးနှင့် မိခင်အပါအဝင် LPDF ခေါင်း ဆောင်တစ်ဦးတို့ မလွတ်မြောက်ဘဲ ဒဏ်ရာရ ကလေးကို ပွေ့ချီကယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ LPDF ခေါင်းဆောင်လည်း ကျည်ထိမှန် သေဆုံးခဲ့တာလို့ KURDAF ရဲဘော်က ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ကားကို လုယက်သွားပြီး အသက်မသေသေးတဲ့ မောင်ခန့်ခန့်ငြိမ်းကို မူးဘောင်နှင့် လယ်ကွက်ကြားက ရေမြောင်းထဲ ကန်ချသွားတာလို့ အဲ့ဒီ ရဲဘော်က ဆိုပါတယ်။

“ကလေးပို့တဲ့ ကားကို စစ်ခွေးတွေက ခွေးအလောင်းတွေ တင်ပြီး ယူသွားပါတယ်။ ဒီနေ့အထိ သွားမယူနိုင်သေးပါဘူး ။ ကားကတော့ ရစရာ မရှိအောင် ကျည်ထိသွားပါတယ်။ မြင်းဒေါင်းလမ်းဘေးမှာ ထားခဲ့ပါတယ်။ သော့အပို မရှိသေးလို သွားမယူနိုင်သေးပါဘူး”လို သူက MFP ကို ပြောပါတယ်။

မြင်းဒေါင်း-သာဝတ္ထိ-မုံလှ မူးဘောင်အနီး စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ အပြန်အလှန်ပစ်ခတ်ရာမှာ စကစ သုံးယောက် သေပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို KURDAF က ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ဇူလိုင်(၁၈)ရက်ကတည်းက ခင်ဦး၊ ရေဦး၊ ကန့်ဘလူ စတဲ့ နယ်တွေထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာ ဖြစ်ပါတယ်။
ဒီကနေ့ ဇူလိုင် (၂၇)ရက် မနက်ပိုင်းမှာလည်း ခင်ဦးနယ် အင်းပတ်ရွာထဲ အကြမ်းဖက် စစ်အုပ်စု ဝင်မွှေလုယက် ဓားပြတိုက်ပြီး ဒေသခံပြည်သူတွေကို ပစ်မှတ်ထားကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် နေအိမ်တွေကို မီးရှိဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါကြောင့် ယခင်အကြိမ် မီးရှိခံရတာတွေ အပါအဝင် အင်းပတ်ရွာထဲ စစ်အုပ်စု မီးရှို့လို့ နေအိမ် အလုံး (၃၀၀)ကျော် ဆုံးရှုံးပြာကျခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်မှန် ဒဏ်ရာရထားချိန် ဆေးကုသွားခွင့် မပေးဘဲ မြောင်းထဲ ကန်ချထားခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ရတဲံ ခင်ဦးမြို့နယ် မကျီးအုပ်ရွာက အသက်(၁၃)နှစ်အရွယ် မောင်ခန့်ခန့်ငြိမ်း/Photo – CJ

Crd

Unicode

ခင္ဦးမွာ ဒဏ္ရာရထားတဲ့ ကေလးကို စစ္အုပ္စုက ေျမာင္းထဲကန္ခ်ခဲ့လို ေသြးထြက္လြန္ၿပီး အသက္ဆုံးရႈံး၊ကေလးကို ကယ္ထုတ္တဲ့ LPDF ေခါင္းေဆာင္တစ္ဦးလည္း က်ဆုံး၊

MFP၊ ဇူလိုင္ – ၂၇

စစ္ကိုင္းတိုင္း ခင္ဦးၿမိဳနယ္ မက်ီးအုပ္ရြာမွာ စစ္အုပ္စု စီးနင္းဝင္ေမႊ ေသာင္းက်န္းခ်ိန္ ေသနတ္က်ည္ ထိမွန္ ဒဏ္ရာရထားတဲ့ အသက္(၁၃)ႏွစ္အရြယ္ ကေလးတစ္ဦးကို စစ္အုပ္စုက ေဆးကုသြားခြင့္ မေပးဘဲ လယ္ကြက္ၾကားက ေရေျမာင္းထဲ ကန္ခ်ထားခဲ့ရာက ကေလးမွာ ေသြးထြက္လြန္ၿပီး အသက္ဆုံးရႈံး ခဲ့ရတယ္လို ခင္ဦးနယ္ ေဒသကာကြယ္ေရး မဟာမိတ္အင္အားစု (KURDAF)က ေျပာပါတယ္။

ဇူလိုင္(၂၆)ရက္ မေန႔က မနက္(၆)နာရီက အၾကမ္းဖက္ စစ္အုပ္စုဟာ ခင္ဦးၿမိဳ႕နယ္ မက်ီးအုပ္ရြာထဲ စီးနင္းဝင္ေမႊ ဓားျပတိုက္ခဲ့ၿပီး ျမင္သမၽွလူ ရမ္းကား ပစ္ခတ္ရာမွာ ရြာထဲကေန ဆိုင္ကယ္နဲ႔ ထြက္ေျပးဖို႔ ႀကိဳးစားတဲ့ သားအဖအနက္ အသက္(၁၃)ႏွစ္အရြယ္ ေမာင္ခန႔္ခန႔္ၿငိမ္းမွာ က်ည္ထိမွန္ ခဲ့တာလို႔ ဆိုပါတယ္။

အဲ့ဒီေနာက္ ရြာထဲ ျပန္ဝင္ၿပီး ေဆးကုနိုင္ဖို႔ ကားနဲ႔ ျပန္အထြက္မွာ အၾကမ္းဖက္ စစ္အုပ္စုႏွင့္ ထိပ္တိုက္ေတြ႕ၿပီး စစ္အုပ္စုက ပစ္ခတ္ၿပီး ကားကို လုယက္ကာ ဒဏ္ရာရ ကေလးငယ္ကိုလည္း ေျမာင္းထဲ ကန္ခ်တာေၾကာင့္ ေမာင္ခန႔္ခန႔္ၿငိမ္း အသက္ဆုံးရႈံးခဲ့ရတာလို႔ KURDAF ရဲေဘာ္တစ္ဦးက MFP ကို ရွင္းျပပါတယ္။

ေဆးကုသြားဖို႔အတြက္ ျမင္းေဒါင္း-သာဝတၳိ-မုံလွ ကြန္ကရစ္လမ္းအတိုင္း ေမာင္းႏွင္လာခ်ိန္ စစ္အုပ္စုႏွင့္ ထိပ္တိုက္ေတြ႕ၿပီး ပစ္ခတ္ခံရကာ ကားေပၚပါသူအခ်ိဳ ဆင္ေျပးလြတ္ေျမာက္ သြားေပမယ့္ ဒဏ္ရာရ ကေလးႏွင့္ မိခင္အပါအဝင္ LPDF ေခါင္း ေဆာင္တစ္ဦးတို႔ မလြတ္ေျမာက္ဘဲ ဒဏ္ရာရ ကေလးကို ေပြ႕ခ်ီကယ္ထုတ္ဖို႔ ႀကိဳးစားခဲ့တဲ့ LPDF ေခါင္းေဆာင္လည္း က်ည္ထိမွန္ ေသဆုံးခဲ့တာလို႔ KURDAF ရဲေဘာ္က ေျပာပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုဟာ ကားကို လုယက္သြားၿပီး အသက္မေသေသးတဲ့ ေမာင္ခန႔္ခန႔္ၿငိမ္းကို မူးေဘာင္ႏွင့္ လယ္ကြက္ၾကားက ေရေျမာင္းထဲ ကန္ခ်သြားတာလို႔ အဲ့ဒီ ရဲေဘာ္က ဆိုပါတယ္။

“ကေလးပို႔တဲ့ ကားကို စစ္ေခြးေတြက ေခြးအေလာင္းေတြ တင္ၿပီး ယူသြားပါတယ္။ ဒီေန႔အထိ သြားမယူနိုင္ေသးပါဘူး ။ ကားကေတာ့ ရစရာ မရွိေအာင္ က်ည္ထိသြားပါတယ္။ ျမင္းေဒါင္းလမ္းေဘးမွာ ထားခဲ့ပါတယ္။ ေသာ့အပို မရွိေသးလို သြားမယူနိုင္ေသးပါဘူး”လို သူက MFP ကို ေျပာပါတယ္။

ျမင္းေဒါင္း-သာဝတၳိ-မုံလွ မူးေဘာင္အနီး စစ္အုပ္စုႏွင့္ ေဒသကာကြယ္ေရး တပ္ေတြ အျပန္အလွန္ပစ္ခတ္ရာမွာ စကစ သုံးေယာက္ ေသၿပီး ဒဏ္ရာရသူေတြလည္း ရွိခဲ့တယ္လို KURDAF က ဆိုပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုဟာ ဇူလိုင္(၁၈)ရက္ကတည္းက ခင္ဦး၊ ေရဦး၊ ကန႔္ဘလူ စတဲ့ နယ္ေတြထဲ ရြာစဥ္ပတ္ေမႊ ေသာင္းက်န္းေနတာ ျဖစ္ပါတယ္။
ဒီကေန႔ ဇူလိုင္ (၂၇)ရက္ မနက္ပိုင္းမွာလည္း ခင္ဦးနယ္ အင္းပတ္ရြာထဲ အၾကမ္းဖက္ စစ္အုပ္စု ဝင္ေမႊလုယက္ ဓားျပတိုက္ၿပီး ေဒသခံျပည္သူေတြကို ပစ္မွတ္ထားကာ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အျပင္ ေနအိမ္ေတြကို မီးရွိဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ ဒါေၾကာင့္ ယခင္အႀကိမ္ မီးရွိခံရတာေတြ အပါအဝင္ အင္းပတ္ရြာထဲ စစ္အုပ္စု မီးရွို႔လို႔ ေနအိမ္ အလုံး (၃၀၀)ေက်ာ္ ဆုံးရႈံးျပာက်ခဲ့ၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။

ေသနတ္မွန္ ဒဏ္ရာရထားခ်ိန္ ေဆးကုသြားခြင့္ မေပးဘဲ ေျမာင္းထဲ ကန္ခ်ထားခဲ့တာေၾကာင့္ အသက္ဆုံးရႈံးခဲ့ရတဲံ ခင္ဦးၿမိဳ႕နယ္ မက်ီးအုပ္ရြာက အသက္(၁၃)ႏွစ္အရြယ္ ေမာင္ခန႔္ခန႔္ၿငိမ္း/Photo – CJ

Crd

Leave a Reply

Your email address will not be published.